အကြမ်းဖက်စစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲ အထမြောက်ဖို့ သန်ခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်ဆောင်ရွက်နေသူတွေကို တိုင်ကြားနိုင်တယ်လို့ ပုလောပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကနေ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက‌နေ မတရားအာဏာသိမ်းခဲ့တဲ့ ၄ နှစ်နီးပါး ကာလအတွင်းမှာ ပြည်သူလူထုကို မငဲ့ဘဲ သတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့ရုံသာမက သူတို့ စစ်အင်အားဖြည့်တင်းဖို့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာတွေကို လုပ်ဆောင်နေတာပါ။
အခုတခါမှာလည်း စစ်ကောင်စီက သူတို့ သက်ဆိုးရှည်စွာ အုပ်ချုပ်နိုင်အောင် ရွေးကောက်ပွဲ အထမြောက်ဖို့အတွက် သန်းခေါင်စာရင်းကောက်ယူမှုတွေကို မြို့နယ်တချို့တွေမှာ ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။
ဒါကြောင့် ပုလောပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ကနေပြီး “သန်းခေါင်စာရင်း ကောက်ယူမှုတွင် ပူးပေါင်းပါဝင်ထောက်ကူနေကြတဲ့ တဦးတယောက်စီတိုင်းအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ မှတ်တမ်းတင်ခြင်းနဲ့ ပြင်းထန်စွာအရေးယူတာကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူတွေ အနေနဲ့လည်း သန်းခေါင်စာရင်းကောက်ယူရာမှာ ပါဝင်သည့် ပုဂ္ဂိုလ်တွေကို သတင်းပေး တိုင်ကြားနိုင်တယ်”လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက အခုလို သန်းခေါင်စာရင်းကောက်ယူတာကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်ကနေ စတင်ပြီး ၁၅ ရက်အတွင်း မနက် ၇ နာရီက‌နေ ညနေ ၆ နာရီအတွင်း လိုက်လံကောက်ခံသွားမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ကလေးမြို့နယ်တောင်ပိုင်းတွင် အာဏာသိမ်းစစ်တပ်ကို တွန်းလှန်ရင်း အသက်ပေးခဲ့ရသည့် ABSDF ရဲဘော် ၃ ဦး

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ABSDF အမှတ် ၃ စစ်ကြောင်း၊ အမှတ် ၁၂ တပ်ရင်းက ရဲဘော် ၃ယောက်ဟာ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်ပေးလှူသွားကြောင်း ABSDF Column – 3 က ထုတ်ပြန်ပါတယ်။
Read More

အရာတော်မှာ နယ်မြေစိုးမိုးရေး ကင်းလှည့်သည့် စစ်အုပ်စု ခြုံခိုတိုက်ခံရ၊ ၅ ဦးသေပြီး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ နယ်မြေစိုးမိုးရေးအတွက် ကင်းလှည့်လာတဲ့ ပျူစောထီးနဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း အမှတ်-၁၉၊  ရောင်နီဦးတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကိုဖျက်သိမ်းပြီး ယောတပ်တော် (Yaw Army) နှင့် ပေါင်းစည်းကာ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲဝင်သွားမည်

ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ယောတပ်တော် (Yaw Army) နဲ့ပူးပေါင်းကာ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ယောတပ်တော် (Yaw Army) က မတ်လ ၃ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ချင်းညီနောင်ထိန်းချုပ်ထားသည့် ချင်းတောင်ပိုင်းရှိ မြို့နယ်များအား ယောဒေသမှတဆင့် စစ်အုပ်စု အင်အားအလုံးအရင်းသုံး ချဥ်းကပ်လာနေ

အကြမ်းဖက် စစ်ကော်မရှင်တပ်တွေဟာ မကွေးတိုင်း ယောဒေသကတဆင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ကြိုးစားလာနေတာကြောင့် မကွေးတိုင်းထဲကနေ ကန်ပက်လက်မြို့နယ်အတွင်း ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေကို ယာယီပိတ်ထားကြောင်း CDF - Kanpetlet တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း နိုင်ငံက အဆိုးဘက်ကနေ အကောင်းဘက်ကို ဦးတည်နေသည်ဟု အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက ဝါဒဖြန့်

စစ်တပ်ကတာဝန်ယူထားတဲ့  ၄နှစ်တာအတွင်း တိုင်းပြည်ဟာ အဆိုးဘက်ကနေအကောင်းဘက်ကိုပြောင်းလာတာကြောင့် ပြည်သူကအကဲခတ်နိုင်ပြီလို့ အာဏာသိမ်း စစ်တပ်က အငြိမ်းစားရယူထားတဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောပါတယ်။
Read More

စစ်ဆရာဝန်တွေပါ လိုအပ်ရင်တိုက်ပွဲတွေမှာ ဝင်တိုက်ပေးဖို့ မင်းအောင်လှိုင်က ဆိုပြန်

စစ်သားအင်အား အမြောက်အမြားလိုအပ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလိုအပ်လာရင် တိုက်ပွဲတွေအတွက် စစ်ဆရာဝန်တွေပါ ဝင်ရောက်တိုက်ခိုက်ပေးဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။