၂ နှစ်ကြာ စစ်ရှောင်နေရတဲ့ ပြည်သူတွေဟာ မုန်တိုင်းရဲ နောက်ဆက်တွဲ ရေကြီးရေလျှံမှုကိုပါ တစ်ပါတည်းခံစားနေရပြီး ကျန်းမာရေးကုသဖို့ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသတွေမှာ ရှိနေတာကြောင့် လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးအချို့ကို ရန်ကုန်အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသများ–ရန်ကုန်) က လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖက်ဆစ်တပ်က ပျူတွေ မွေးမြူဖို့ လက်နက်တပ်ဆင်ပေးတာကို စစ်ကျွန်မခံလိုတဲ့အနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ရာက စစ်ဘေးရှောင်စခန်းတည်ဆောက်ကာ စစ်တပ်ရဲ့ အကြမ်းဖက်အုပ်ချုပ်မှုကို အိုးအိမ်စီးပွားစွန့်လွှတ် အံ့တုကာ တော်လှန်နေတယ်လို့ သိရပါတယ်။
စစ်ရှောင်စခန်းတည်ရှိရာနေရာမှာ ကျန်းမာရေးဆေးဝါးတွေနဲ့ ပညာရေးလိုအပ်ချက်တွေများစွာ ရှိနေတယ်လို့ တကသများ–ရန်ကုန်က ထုတ်ပြန်ထားပါတယ်။