မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ တပ်သားသစ် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) ကို အောက်တိုဘာလ ၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီသင်တန်းဖွင့်ပွဲကို တပ်ဖွဲ့ရဲ့ ယောနက ခန်းမမှာ ကျင်းပခဲ့ပြီး တပ်ဖွဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ၊ အရာရှိအရာခံ အကြပ်စစ်သည်တွေနဲ့ သင်တန်းသားတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဖွင့်ပွဲမှာ တပ်ဖွဲ့ ဥက္ကဌ ရဲဘော်ယောလေးက “စစ်သင်တန်းဆိုတာ ကိုယ်၊ စိတ် နှစ်ခုလုံး ကျန်းမာသန်စွမ်းအောင် လေ့ကျင့်ပေးတာဖြစ်ပြီး စည်းကမ်းကောင်းမွန်တဲ့ ပြည်သူ့တော်လှန်ရေးတပ်သားတွေ ဖြစ်လာစေဖို့ လေ့ကျင့်ပျိုးထောင်ပေးတာဖြစ်တယ်”လို့ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး “စစ်ပညာဆိုတာ လူတိုင်တတ်ထားသင့်တယ်။ ဒါမှ အရေးအကြောင်းကြုံလာရင် အဆင်သင့်ဖြစ်မှာဖြစ်တယ်။”လို့ သင်တန်းမှူး ဖြစ်တဲ့ တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်လူလှက ပြောပါတယ်။
အဲ့ဒီနောက် တပ်ရင်းမှူး ရဲဘော်တာရာက သင်တန်းသားတွေကို တပ်ဖွဲ့ရဲ့ သင်တန်းနဲ့ လေ့ကျင့်ရေးဌာနဆီ အပ်နှံခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခြင်း၊ တပ်ဖွဲ့ သစ္စာဓိဌာန် (၅) ချက် ရွတ်ဆိုခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စိတ်ပူပန်နေသည့် ရခိုင်ယတြာ ခေါင်းလောင်းကိစ္စကို တုန့်ပြန်ယတြာပြုလုပ်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဝစီပိတ်ဆရာတော်ထံ သွားရောက်ဟု ဆို

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

ကရင်နီမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ရ

ကရင်နီပြည်နယ်မှာ ၃ လတာအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃ ယောက် သေဆုံးခဲ့ရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ် ဗုံးကြဲမှုကြောင့် ဒေသခံ ၆ ဦး သေဆုံး၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာ ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း ဖြစ်စဥ်တွေကို အဓိက ဖော်ပြပေးနေတဲ့ Infinity Group တာဝန်ရှိသူထံ သိရပါတယ်။
Read More

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းတံတားအဟောင်းကို အိန္ဒိယ ဘေးအန္တရာယ်ကင်းရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာ ကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့ လာရောက်စစ်ဆေး

အိန္ဒိယက ဘေးအန္တရာယ်ကင်းရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာ အထူးကျွမ်းကျင် အင်ဂျင်နီယာအဖွဲ့ဟာ အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ရတဲ့ စစ်ကိုင်းတံတားအဟောင်းကြီးကို စစ်ဆေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက အသိပေးထုတ်ပြန်ပါတယ်။
Read More

Breaking News : စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပစ်ချ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာ ​အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၁ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ထုတ်ပြန်ပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်၊ စိန်ပန်းကုန်းကျေးရွာရှိ အရပ်သား နေအိမ်များကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီး (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ စိန်ပန်းကုန်းကျေးရွာရှိ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကခရိုင် အမှတ် ၁၉ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။