ပဲခူးတိုင်း၊ ပြည်မြို့၊ ကုတင် ၅၀၀ ဆေးရုံမှာ လူနာစောင့်နေတဲ့ အမျိုးသား ၂ ယောက်ကို စစ်တပ်က စစ်မှုထမ်းဖို့အတွက် လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက် ညသန်းခေါင်ဝန်းကျင်အချိန်မှာ ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံ၊ ကူးစက်ရောဂါဆောင်မှာ ကုသမှုခံယူနေတဲ့ လူနာကို စောင့်ရှောက်ဖို့ ရှိနေတဲ့ လူနာစောင့် ၂ ယောက်ကို စစ်တပ်က လာရောက်ဖမ်းဆီးသွားတာပါ။
အဲ့ဒီအမျိုးသား ၂ ယောက်ဟာ ဆေးရုံဝန်းအတွင်းရှိ ကလေးဆောင်အနီးမှာ ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်ကို ဈေးသွားဝယ်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။
“လာဖမ်းတာက အမျိုးသား ၂ ဦးလုံးကို၊ ၁ ယောက်က အသက်ကျော်နေလို့ ပြန်လွတ်သွားတာ။ နောက် ၁ ယောက်ကျ ပါသွားတယ်။ နောက်ဆက်တွဲလည်း သတင်းက အခုထိမကြားသေးတဲ့ အခြေအနေပါ။” လို့ ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသားဟာ ပြည်မြို့နယ်၊ မှော်ဇာအုပ်စု၊ မှုတ်ရှည်ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားဖြစ်တယ်လို့ ကနဦး သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃ရက်နေ့ ညနေပိုင်းမှာလည်း ပြည်မြို့နယ် ၊ ဝက်ထီးကန်နယ်မြေ၊ နှောကန်အုပ်စု ကပ်မြှောင်နဲ့ သဲကောကြား (ဝက်ထီးကန် ကန်ပတ်လမ်း ပေါင်းတလည်​ပတ်အထွက်) ကတ္တရာလမ်းပေါ်မှာ ပင်နီပင်အုပ်စု ညောင်ပင်လှရွာက ဒုတိယနှစ်ကျောင်းသားတစ်ယောက်ကို စစ်ကောင်စီက ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီဘက်တော်သားတွေဟာ ပြည်မြို့နယ် မြို့နယ်ထွေအုပ်ရုံးမှာ အစည်းအဝေးလုပ်ပြီး မြို့နယ်အတွင်း ရပ်ကျေးတွေက ကျေးရွာအုပ်စု တစ်အုပ်စုကို လေးယောက်နှုန်း ပေါ်တာဆွဲဖို့နဲ့ သူတို့ကို ထောက်ပံ့ရန် အိမ်ထောင်စု တစ်စုကို ကျပ်ငွေ ၁ သောင်းခွဲကနေ ၃ သောင်းအတွင်း အတင်းအဓမ္မ လိုက်လံ ကောက်ခံ နေတယ်လို့လည်း သိရပါတယ်။
ပုံစာ – စစ်ကောင်စီ စီမံကွပ်ကဲနေတဲ့ ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံ
ဓာတ်ပုံ – စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန
0 Shares:
You May Also Like
Read More

စစ်တောင်းမြစ်အရှေ့ကမ်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းကြောင့် ၁လကျော်အတွင်း သေဆုံးသူ ၁၀ယောက်အထိရှိလာ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ခြမ်းက​ ကျေးရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတွေကြောင့် ၁ လ ကျော်အတွင်း အရပ်သား ၁၀ ယောက်သေဆုံးကာ ၂၉ ယောက် ထိခိုက်ခဲ့ပြီး နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

ရတနာပုံတပ်ဦးနှင့် ၉/တွဲလက်များ ထောက်ပို့အင်အားစုတို့ ပူးပေါင်းပြီး စစ်ဘေးရှောင်နှင့် ဒေသခံပြည်သူများကို အခမဲ့ဆေးဝါးကုသပေးခဲ့ (ဓာတ်ပုံသတင်း)

ရတနာပုံတပ်ဦးနဲ့ ၉/တွဲလက်များ ထောက်ပို့အင်အားစု တို့ ပူးပေါင်းပြီး အခမဲ့ကျမ်းမာရေးစောင့်ရှောက်မှုပေးခြင်း ဒုတိယအပတ်အဖြစ် စစ်ဘေးရှောင်နဲ့ ဒေသခံပြည်သူတွေကို နယ်မြေခံတိုက်နယ်ဆေးအဖွဲ့ရဲ့ ကူညီအားဖြည့်ပေးမှုနဲ့အတူ အခမဲ့ဆေးဝါးကုသမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ရတနာပုံတပ်ဦးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲပြန် အောင်ပွဲရ BLDF ရဲဘော်တွေကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) မှ တိုက်ပွဲပြန် အောင်ပွဲရ ရဲဘော်တွေကို အညာဒေသရှိ ပြည်သူလူထုက ကြိုဆိုခဲ့ပြီး နေ့လည်စာနဲ့ ဂုဏ်ပြု ကျွေးမွေးဧည့်ခံခဲ့တယ်လို့ BLDF က ထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူအခြေစိုက် စစ်ကော်မရှင်၏ ခမရ ၄၀၉ မှ စစ်မှုထမ်းစစ်သား ၂ ဦး လက်နက်ဖြင့် အလင်းဝင်လာ၊ ဆုငွေကျပ် သိန်း ၅၀ စီ ချီးမြှင့်…

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခမရ (၄၀၉) က စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင် လာခဲ့တယ်လို့ ဒူရကစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မူးမြို့နယ်တွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရ၊ နေအိမ် ၁ လုံး ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောပုရွာမှ ပျူစောထီးများ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကို သတ်ကာ နေအိမ် ၃ လုံး မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက ပျူစောထီးတွေဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကို ဖမ်းဆီး သတ်ဖြတ်ခဲ့သလို နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။