ထိုင်းမြန်မာနယ်စပ်၊ ကရင်ပြည်နယ်ဒေသအချို့မှာ သောင်းရင်းမြစ်ရေ တိုးလာနေတာကြောင့် စစ်ဘေးရှောင်နေထိုင်သူအချို့နဲ့ ကျေးရွာအချို့က ဒေသခံတွေ ထပ်ပြီးပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
ကရင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးပြီး ထိုင်း-မြန်မာနယ်စပ်က သောင်းရင်းမြစ်အနီးမှာ စစ်ဘေးရှောင်နေရပြီး အခုတခါ မိုးရွာသွန်းမှုနဲ့အတူ သောင်းရင်းမြစ်ရေက တိုးလာတာကြောင့် နောက်ထပ်နေရာသစ်တွေကို ရှာဖွေ ပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။
“အောက်တိုဘာလ ၄ ရက် ညပိုင်းက မြဝတီမြို့အနိမ့်ပိုင်း ရပ်ကွက်တွေ ဖြစ်တဲ့ အမှတ် ၁ ရပ်ကွက်၊ အမှတ်၂ ရပ်ကွက်နဲ့ အမှတ် ၅ ရပ်ကွက်တွေအထိ ရေတက်လာလို့ အားလုံးပြောင်းရွှေ့ကြရတယ်၊ သောင်းရင်းမြစ်ကမ်းဘေးမှာရှိတဲ့ ယာယီစစ်ဘေးရှောင်စခန်းအချို့လည်း ပြောင်းရွှေနေကြရတယ်” လို့ စစ်ဘေးရှောင်အရေးကူညီနေတဲ့ မြဝတီမြို့ ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
” ပြီးခဲ့တဲ့လပိုင်းကမှ ရေကြီးရေလျှံမှုတွေ ဖြစ်လို့ အကုန်ရွှေ့ပြောင်းနေထိုင်ကြရတဲ့သူ အများစုပါ၊ မနေ့ကညပိုင်းမှာ သောင်းရင်းမြစ်ရေတက်လို့ ထပ်ပြောင်းရွှေ့နေရပြန်တာ”လို့ အဲ့ဒီမြဝတီဒေသခံက ဆက်ပြောပါတယ်
သောင်းရင်းမြစ်ရေက နောက်ထပ် ၁၂ နာရီအတွင်းမှာ ထပ်တိုးလာနိုင်တယ်လို့ သတိပေးမှုတွေ ရှိနေပြီး စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနကတော့ နောက်တစ်ရက်အတွင်းမှာ လက်ရှိရေတိုးလာတာထက် အမြင့် ၃ ပေအထိ ထပ်တက်လာနိုင်တယ်လို့ ထုတ်ပြန်ကြေငြာထားကြောင်း မြဝတီမြို့မှာ ရေကြီးနစ်မြုပ်တဲ့နေရာတွေကို သွားရောက်ကူညီပေးနေသူတွေဆီက သိရပါတယ်။
ပုံစာ – သောင်းရင်းမြစ်ရေ အခြေအနေ
0 Shares:
You May Also Like
Read More

ကလေးမြို့နယ် ကြံသာကျေးရွာတိုက်ပွဲအတွင်း ရဲဘော် အောင်ကိုမင်း (ခ) အိုဘားမား ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာတိုက်ပွဲအတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၁ဦး ကျဆုံးခဲ့ကြောင်း Ranger Kalay Defense Force တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် ပြည်သူများ ဒုက္ခဝေနေချိန် နိုင်ငံတစ်ဝန်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ​အင်အားပြင်း ၇.၇ ရစ်ချက်တာစကေး ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေချိန်မှာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

၄ နှစ်တာအတွင်း တော်လှန်ရေးအတွက် အရေးကြီးတဲ့ ရလဒ် ၃ ခုကို ဖော်ဆောင်နိုင်ခဲ့ပြီဟု NUG ကာကွယ်ရေး၀န်ကြီးက အသိပေး

တော်လှန်ရေး ၄ နှစ်တာအတွင်း အရေးကြီးတဲ့ ရလဒ် ၃ ခုကို ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ 
Read More

စစ်ကောင်စီ သေဒဏ်ချထားတဲ့ CDM ရေတပ်သား ကိုပြည့်စုံဦး အင်းစိန်ထောင်ထဲမှာပဲ ကွယ်လွန်

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှာ သေဒဏ်ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုပြည့်စုံဦးဟာ အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်သွားပြီဖြစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

ဖြူးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၂) ယောက် သေပြီး ၆ နှစ်အရွယ် ကလေးငယ် ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မျက်နီကွင်းကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF တပ်ရင်း (၃၅၀၂) တို့ ဒီဇင်ဘာလ (၂၆)ရက် မနေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
Read More

ချင်းဒေသ၏ ၈၀ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားနိုင်ပြီဟု PDF Zoland ထုတ်ပြန်

ဇိုမီးဖက်ဒရယ်ပြည်ထောင်စု/ ဇိုလန်း - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Zomi Federal Union/Zoland - People's Defence Force) အနေနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီနဲ့ ကာလရှည်ကြာတိုက်ပွဲတွေ ​ဖြစ်ပွားခဲ့ပြီးနောက် အခုအခါ ချင်းဒေသရဲ့ ၈၀% ကျော်ကို ထိန်းချုပ်ထားနိုင်နေပြီ ဖြစ်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။