ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ခံမှုမှာ တက်ကြွစွာ ပါဝင်တဲ့ Kam Lian Thang ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ PDF-Zoland က ထုတ်ပြန်ထားပါတယ်။
PDF Zoland နဲ့ Chin Brotherhood တို့ရဲ့ ထုတ်ပြန်တားမြစ်ချက်‌တွေကို မလေးစား မလိုက်နာဘဲ အကြမ်းဖက်စစ်ကောင်စီရဲ့ အိမ်ထောင်စုစာရင်း ကောက်ခံခြင်းလုပ်ငန်းမှာ တက်ကြွပါဝင်လို့ U Kam Lian Thang (Tedim, Myoma) ကို ထိန်းသိမ်းထားလိုက်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ အိမ်ထောင်စုစာရင်း ကောက်ခံတဲ့လုပ်ငန်းမှာ နောက်ထပ်ပါဝင်လှုပ်ရှားသူ တွေရှိလာရင်လည်း အခုလို အရေးယူဆောင်ရွက်သွားမယ်လို့ PDF Zoland က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ပဲခူးခရိုင်တပ်ရင်း (၄) ၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၀)၊ ပဲခူးခရိုင်တပ်ရင်း (၄) ရဲ့ အပတ်စဉ်(၁/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မှော်ဘီလေတပ်စခန်း အရာရှိ လင်မယားချင်း စကားများပြီး မိန်းမကို သေနတ်နဲ့ပစ်သတ်ကာ ခိုးချောင်ခိုးဝှက် နာရေးလုပ်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံအနီးက သမာဓိ ၁ လမ်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်း ပိုင်းလော့ ဗိုလ်ကြီးအဆင့်ရှိသူဟာ လင်မယားချင်း စကားများရာကနေ ဇနီးဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ခဲ့သလို ဇနီးဖြစ်သူရဲ့ နာရေးကိုလည်း တိုးတိုးတိတ်တိတ် ခိုးလုပ်ခဲ့ကြောင်း မှော်ဘီလေတပ်စခန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

လယ်ဝေးတွင် ​အင်အား ၁၀၀ ကျော်ပါစစ်ကြောင်း နှင့် တော်လှန်ရေးတပ် တိုက်ပွဲ၂ ကြိမ် ဖြစ်ပြီး စစ်အုပ်စုဘက်က၂၀ ကျော် သေဆုံး

နေပြည်တော်၊ လယ်ဝေးမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အယောက်၂၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့ (Myaylatt Bamar Defense Force) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပေါင်းတလည် အထက်တန်းကျောင်းရှေ့ အကြမ်းဖက်ဂိတ်စခန်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့ရှိ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ အထက်တန်းကျောင်းရှေ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၂ယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း PPDF က သတင်းထုတ်ပြန်ပါတယ်။
Read More

ဖြူးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၂) ယောက် သေပြီး ၆ နှစ်အရွယ် ကလေးငယ် ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မျက်နီကွင်းကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF တပ်ရင်း (၃၅၀၂) တို့ ဒီဇင်ဘာလ (၂၆)ရက် မနေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
Read More

အမ်း နပခ ကျပြီ၊ ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ၂ ယောက်ကို ဖမ်းဆီးရမိတယ်လို့ AA အတည်ပြု

ရခိုင်ပြည်နယ်၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ရရှိပြီး ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ AA က တရားဝင် အတည်ပြုလိုက်ပါတယ်။