လာရှိုးက တရုတ်ဘာသာရေး ကွမ်ရင်ဘုရားကျောင်းကို စစ်ကောင်စီက တမင်ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်တယ်လို့ MNDAA က အောက်တိုဘာ ၄ရက်၊ ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာလ ၄ ရက်၊ မနက်အစောပိုင်းမှာ  စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဉ်တွေက လားရှိုးမြို့ ရပ်ကွက် ၅ မှာရှိတဲ့ တရုတ်ဘာသာရေးအဆောက်အအုံ ကွမ်ရင်ဘုရားကျောင်းကို တမင်ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA က ဆိုပါတယ်။

စစ်ကောင်စီက ဒီနေ့ မနက် ၂ နာရီ ၁၃ မိနစ်အချိန်ကစတင်ပြီး မနက် ၅ နာရီ ၂၀ မိနစ်အချိန်အထိ လားရှိုးမြို့ပေါ်ကို လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့ပြီး  ရပ်ကွက် ၈ ရှိ ၁၂၁ အနောက်တိုက်ကို ၂ ကြိမ်နဲ့ ရပ်ကွက် ၅ ရှိ သမိုင်းဝင် တရုတ် ဘုံကျောင်းကို ၂ ကြိမ် ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုအတွင်း တရုတ်ဘုံကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးပြီး ပြည်သူ ၁ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလကုန်အထိ MNDAA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ် အထူးဒေသ ၁ က စစ်ဆင်ရေး နယ်မြေမဟုတ်တဲ့ နေရာတွေမှာ အနည်းဆုံး လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့ပြီး အနည်းဆုံး အရပ်သား ၃၁ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၉၀ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ 果敢资讯网)

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ စွယ်တော်ကုန်း အမြောက်စခန်းကို K.N.L.A ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်မှု KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စွယ်တော်ကုန်း အမြောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မှုကို ကရင်အမျိုးသားအစည်အရုံး - KNU က ဒီနေ့မနက်ပိုင်းမှာ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

“တရားဝင် လူသတ်လိုင်စင်” ပေးသည့် စစ်တပ်ရွေးကောက်ပွဲ အားပေးအားမြောက်သူများကို အရေးယူမည်ဟု KNU တပ်မဟာ ၃ ထုတ်ပြန်

အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို အားပေးကူညီသူတွေဟာ စစ်တပ်ကို “တရားဝင် လူသတ်လိုင်စင်” ပေးသူတွေဖြစ်တယ်လို့ KNU ညောင်လေးပင်ခရိုင် တပ်မဟာ (၃) က ဒီနေ့ စက်တင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။ 
Read More

ဘုတလင် – ကူတော်စခန်းသိမ်းတိုက်ပွဲမှာ အသက်ပေးလှူခဲ့တဲ့ မုံရွာခရိုင်အမှတ် ၂၀ တပ်ရင်းက ရဲဘော်ဇော်မျိုးထွေးရဲ့ ၂ လပြည့် အထိမ်းအမှတ် အခမ်းအနား…

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က ကူတော်စခန်းသိမ်းတိုက်ပွဲမှာ အသက်ပေးလှူခဲ့တဲ့ မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်း - ရဲဘော်ဇော်မျိုးထွေးရဲ့ ၂ လပြည့် အထိမ်းအမှတ် အခမ်းအနားကို မနေ့က အကျဉ်းချုံး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

တန့်ဆည်နှင့် ရေဦးမြို့နယ်အစပ်ရှိ ကျေးရွာများအား စစ်အုပ်စု စစ်ကြောင်း၂ ခု ခွဲထိုးပြီး မီးရှို့ဖျက်ဆီး၊ လေကြောင်းတိုက်ခိုက်မှုများလည်းရှိနေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၁ ရက် ဒီနေ့မနက်အစောပိုင်းမှာ စစ်ကြောင်း​၂ ခု ခွဲထိုးရင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ နယ်ခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ပြည်သူများ ငလျင်ကပ်ဘေးအန္တရာယ် ကျရောက်နေချိန် နောင်ချိုကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မြန်မာနိုင်ငံမှာ ပြည်သူတွေ ငလျင်ကပ်ဘေးအန္တရာယ်ရဲ့ နောက်ဆက်တွဲတွေ ခံစားနေရချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁) လုံးပျက်စီးခဲ့

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက သကျက်ကျေးရွာအုပ်စုအတွင်း စက်တင်ဘာလ ၁၁ ရက်မှာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျွဲထိန်းကုန်းကျေးရွာအတွင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာနေ ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။