မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်သူတွေအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်လိုက်တယ်လို့ ရေးမြို့နယ် အခြေစိုက် ဒေါနစစ်ကြောင်း၂ ရေးပြောက်ကျားတပ်(YGF) က အသိပေးထုတ်ပြန်ပါတယ်။
စစ်ကောင်စီယန္တရားကို လည်ပတ်အောင်လုပ်ဆောင်နေသူ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် သန်းခေါင်စာရင်းကောက်ယူနေသူတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်တာကြောင့် ဝင်ရောက်ပူးပေါင်းဆောင်ရွက်ခြင်း မပြုဖို့ သတိပေးလိုက်တာပါ။
သန်းခေါင်စာရင်း လိုက်လံကောက်ယူမှုတွင် ပါဝင်ပတ်သက်ခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြရန် ပါဝင်ပတ်သက်သူ အားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်မယ်လို့ YGF ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရထံမှ မတရားအာဏာသိမ်းခြင်း၊ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သော ပြည်သူများအပေါ်လက်နက်အားကိုးကာ အကြမ်းဖက်နည်းမျိုးစုံဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်းများကိုဖျက်ဆီးခြင်းတို့ပြုလုပ်နေတဲ့ စစ်ကောင်စီကို လုံး၀မထောက်ခံဖို့လည်း အသိပေးတိုက်တွန်းထားပါတယ်။
မွန်ပြည်နယ်အတွင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ သန်းခေါင်စာရင်းကောက်ယူမှုတွေ ရှိနေပြီး တော်လှန်ရေးအင်အားစုများဘက်ကလည်း အဆိုပါကိစ္စရပ်တွေမှာ လုံး၀ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။
0 Shares:
You May Also Like
Read More

နိုဝင်ဘာလအတွင်း ရွှေကျင်မှာ စစ်ကောင်စီအခြေစိုက် နေရာ ၅ ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့

နို၀င်ဘာလအတွင်း ရွှေကျင်မြို့နယ်ထဲက စစ်ကောင်စီ အထိုင်ချတပ်စွဲရာ နေရာ ၅ခုကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ကြောင်း KNLA Nighthawks အဖွဲ့က မနေ့က နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်ကောင်စီကြောင့် ဇွန်လအတွင်း အရပ်သား ၃၆ ဦး သေဆုံးခဲ့မှု အတည်ပြုထားနိုင်၊ အတည်မပြုရသေးသည့် သေဆုံးသူ ၅၈ ဦးရှိ

မြန်မာနိုင်ငံတစ်ဝန်း ဇွန်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူစုစုပေါင်း ၃၆ ယောက် သေဆုံးခဲ့တာကို အတည်ပြုထားနိုင်ပြီး နောက်ထပ် သေဆုံးတဲ့ အရပ်သား ၅၈ ယောက်ကို အတည်ပြုဖို့ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

KPLA တပ်ရင်း(၉၄၂၀) ကျဆုံးရဲဘော်များကို ရည်စူးပြီး သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ) KPLA-တပ်ရင်း ၉၄၂၀ အနေနဲ့ ပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကို ရည်စူးပြီး သံဃာတော်တွေကို အရုဏ်ဆွမ်း၊ နေ့ဆွမ်းနဲ့ ဝတ္ထုကပ်လှူတာတွေကို ဘာသာရေးထုံးတမ်းစဥ်လာတွေနဲ့အညီ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

VPN ဝန်ဆောင်မှုပေးခြင်းကို ထောင် ၆လအထိ အရေးယူနိုင်မည့် ဆိုင်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း အသက်သွင်း

ခွင့်ပြုချက်မရှိဘဲ VPN ၀န်ဆောင်မှုပေးခြင်း အပါအဝင် အင်တာနက်အသုံးပြုရာမှာ ပိတ်ဆို့ကန့်သတ်အရေးယူနိုင်မယ့် ဆိုင်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီက မနေ့က ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင် အသက်သွင်း အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
Read More

တန့်ဆည်နှင့် ရေဦးလမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုအထိနာကာ ပြန်ဆုတ်သွား

"ကနဦး သူတို့က ရွှေဘိုလေ့ကျင်ရေးကနေ ကန့်ဘလူ ၆၀၀၆ကို ရောက်တယ်၊ အဲ့ကနေမှ ဇီးကုန်းနဲ့ ကာဘိုးအထိုင်ကိုရောက်ပြီး ကျနော်တို့ဘက်ကို ထိုးတယ်ပေါ့။ ရေဦးဘက်ကနေလည်း စစ်ကြောင်းထွက်တယ်။ အဲ့မှာတနယ်ဘက်ကို ရောက်လာချိန်မှာ ဒေသကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖတွေ၊ Local တွေစုပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ပါတယ်" လို့ အဆိုပါ တန့်ဆည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်က မောင်းကိုပြောပါတယ်။
Read More

မြင်းခြံမြို့အနီး အင်အားထောင်ချီ စစ်တပ်နှင့် ၁၁ ရက်တာ တိုက်ပွဲဖြစ်၊ အကြမ်းဖက်စစ်သား ၇၀ အထက် သေ၊ ၁၇၀ ကျော် ဒဏ်ရာရပြီး MBT တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့အနီးမှာ ၁၁ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က တပ်သား ၇၀ နဲ့အထက် သေဆုံးခဲ့သလို ၁၇၀ ကျော် ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။