ရာသီဥတုဖောက်ပြန်မှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အလွန်ထိခိုက်စေခဲ့ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြီးခဲ့တဲ့အပတ်က တင်ပြခဲ့တဲ့ ASEAN Gender Outlook 2024 အစီရင်ခံစာအရ သိရပါတယ်။

၂၀၁၅ ခုနှစ် ကမ္ဘာမှာချမှတ်ထားတဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (SDGs) ၁၇ခုထဲကတစ်ခုဖြစ်တဲ့ကျားမတန်းတူညီမျှရေး၊အာဆီယံနိုင်ငံတွေမှာတိုးတက်မှုရှိစေရေးအတွက်ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကအဓိကခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်းအစီရင်ခံစာမှာဖော်ပြထားပါတယ်။

တိုးမြင့်လာတဲ့မိုးခေါင်မှုတွေ၊ပုံမှန်မဟုတ်တဲ့မိုးရွာသွန်းမှုနဲ့မြင့်တက်လာတဲ့အပူချိန်တွေဟာအရွယ်မရောက်ဘဲအိမ်ထောင်ပြုခြင်း၊ဆယ်ကျော်သက်များမီးဖွားခြင်း၊သန့်ရှင်းသောရေနဲ့အချက်အပြုတ်လောင်စာအကန့်အသတ်ဖြင့်သာရရှိခြင်းတို့နဲ့ဆက်စပ်နေတယ်လို့အစီရင်ခံစာမှာဆိုထားပါတယ်။

အဲဒီအချက်တွေဟာအမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေကိုအဓိကသက်ရောက်နေပြီးသူတို့ရဲ့လုပ်ခလစာမရတဲ့အလုပ်တာဝန်တွေအပေါ်ပိုပြီးဝန်ထုတ်ဝန်ပိုးဖြစ်စေပါတယ်။လက်ရှိအာဆီယံအတွင်းနိုင်ငံသုံးခုကသာသူတို့ရဲ့ရာသီဥတုဆိုင်ရာအစီအစဉ်တွေထဲလိင်ပိုင်းဆိုင်ရာထိခိုက်လွယ်မှုနဲ့ပတ်သက်တဲ့ချဉ်းကပ်မှုတွေကိုထည့်သွင်းထားတယ်လို့သိရပါတယ်။

(ဓာတ်ပုံ The Nation)

ဒေသတွင်း တရားဝင်ပေးအပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အပံ့ရဲ့ ၄၇% ဟာ ကျားမတန်းတူညီမျှရေးကို ဦးတည်ပေမယ့် SDGs အားလုံးမှာကျားမတန်းတူရေးဆိုင်ရာတိကျတဲ့အချက်အလက်တွေကိုစုဆောင်းဖို့၊ခွဲခြမ်းစိတ်ဖြာဖို့နဲ့အသုံးချဖို့အတွက်ရင်းနှီးမြုပ်နှံမှုတွေတိုးပြီးလုပ်ဆောင်သင့်တယ်လို့အစီရင်ခံစာထဲမှာမီးမောင်းထိုးပြောဆိုထားပါတယ်။

အဲဒီအချက်အလက်တွေထဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိန်းဂဏန်းတွေလိုမျိုး ပုံမှန်အားဖြင့် ကျားမအရေး ဆက်နွယ်မှုသိပ်မရှိတဲ့ ကဏ္ဍတွေ ပါဝင်ပါတယ်။ SDG Agenda ကိုအကောင်အထည်ဖော်ဖို့အချိန်၆နှစ်သာကျန်ရှီတော့တဲ့အနေအထားမှာရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုသေချာစေရေးနဲ့ဘယ်သူ့ကိုမှနောက်ချန်မထားစေရေးကျားမတန်းတူရေးမှာစဉ်ဆက်မပြတ်ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့မရှိမဖြစ်လိုအပ်တယ်လို့အစီရင်ခံစာကပြောပါတယ်။

အစီရင်ခံစာကလွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်ကာလအတွင်းအာဆီယံရဲ့ဆင်းရဲနွမ်းပါးမှုဟာဆယ်ဆခန့်လျော့ကျသွားပေမယ့်အမျိုးသမီးတွေကအထူးသဖြင့်ကလေးမွေးဖွားနိုင်တဲ့အသက်အရွယ်တွေမှာဆင်းရဲနွမ်းပါးမှုဒဏ်ကိုပိုပြီးထိခိုက်ခံနေရတယ်လို့ပြောပါသေးတယ်။

ဒါ့အပြင် ဒေသတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီး ၃၈% ကသွေးအားနည်းရောဂါကိုခံစားနေကြရကြောင်း၊သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆုံးဖြတ်ချက်ချရာမှာအမျိုးသမီးတွေရဲ့အခန်းကဏ္ဍဟာအရေးကြီးကြောင်းအစီရင်ခံစာကအလေးပေးဖော်ပြထားပါတယ်။

အမျိုးသမီးတွေအနေနဲ့နိုင်ငံရေးမှာပါဝင်မှုတိုးလာပေမယ့်အဓိကအရေးပါတဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနတွေမှာကိုယ်စားပြုမှုနည်းပါးနေဆဲဖြစ်ပြီးဒါဟာရောဂါပြန့်ပွားမှုကိုဖြေရှင်းဖို့၊လယ်ယာကဏ္ဍအတွင်းခံနိုင်ရည်ကိုတည်ဆောက်ဖို့၊အခကြေးငွေမရတဲ့အမျိုးသမီးတွေရဲ့အလုပ်ဝန်တွေကိုလျှော့ချဖို့နဲ့ကျန်းမာတဲ့ဂေဟစနစ်ကိုရရှိစေရေးသေချာစေဖို့အတွက်အားလုံးအကျုံးဝင်တဲ့ဖြေရှင်းနည်းတွေလိုအပ်ကြောင်းအလေးပေးဖော်ပြနေတယ်လို့အစီရင်ခံစာမှာဆိုထားပါတယ်။

မူရင်း – Women hit hardest by climate change: ASEAN Outlook 2024

(ဓာတ်ပုံ The Nation)
0 Shares:
You May Also Like
Read More

ဖက်ဆစ်ဆန့်ကျင်ရေး အခမ်းအနားတွင် ဖက်ဆစ်အာဏာရှင် ခေါင်းဆောင်များ ဖက်လှဲတကင်း တွေ့ဆုံ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲနဲ့ ဒုတိယကမ္ဘာစစ် အောင်နိုင်တဲ့ နှစ် ၈၀ ပြည့် စစ်ရေးပြအခမ်းအနားမှာ ဖက်ဆစ်အာဏာရှင် မင်းအောင်လှိုင်က အာဏာရှင်ခေါင်းဆောင်တွေနဲ့ ဖက်လှဲတကင်း တွေ့ဆုံခဲ့တဲ့ပုံရိပ်တွေကို နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ 
Read More

စစ်အုပ်စုနှင့် လက်ဝေခံများ ကျားဖြန့် ရပ်ဝန်းများ ကျယ်ပြန့်အောင် လုပ်ဆောင်ကာ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလတွင် တင်ပြ

အာဏာသိမ်း အကြမ်းဖက်စစ်တပ်နဲ့ သူ့ရဲ့ လက်ဝေခံတွေဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ပိုမိုကျယ်ပြန်အောင် လုပ်ဆောင်နေပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
Read More

ထိုင်းနိုင်ငံအနေနဲ့ မြန်မာလူထုအပေါ် စာနာစိတ်ထား ကူညီပေးဖို့နဲ့ ယာယီနေထိုင်ခွင့်ပေးရေး NUCC တိုက်တွန်းတောင်းဆို

လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဆီက ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာပြည်သူလူထုအပေါ် ထိုင်းနိုင်ငံအနေနဲ့ စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးဖို့နဲ့ အထောက်အထားမဲ့ မြန်မာပြည်သူတွေကို ထိုင်းနိုင်ငံအတွင်း ယာယီ နေထိုင်ခွင့်ပေးတဲ့ အစီအစဉ်တွေကို ရေးဆွဲ အတည်ပြုပေးဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က စက်တင်ဘာလ ၂၃ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ကျားဖြန့်တွေကို သည်းမခံဘူး၊ ပါတဲ့လူအကုန် တရားစွဲမယ်လို့ ထိုင်းဝန်ကြီးချုပ် ကြေညာ

ထိုင်းဝန်ကြီးချုပ် အနုထင်ဟာ ကျားဖြန့်နှိမ်နင်းရေးကို အမျိုးသားအစီအစဉ်တတရပ်အနေနဲ့ ကြေညာလိုက်ပြီး ဒီလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အရာရှိတွေ၊ နိုင်ငံရေးသမားတွေအားလုံးကို တရားစွဲမယ်လို့ နိုဝင်ဘာလ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။
Read More

မြန်မာကို ကာလဝမ်းရောဂါဆေးတွေ ထိုင်း အကူအညီပေး

မြန်မာပြည်မှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ ကာကွယ်တိုက်ဖျက်ရေး အကူအညီဖြစ်စေဖို့ ကာလဝမ်းရောဂါဆေးတွေကို ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပေးထားကြောင်း Bangkok Post က ဒီဇင်ဘာ ၂၄ ရက်မှာ ဖော်ပြထားပါတယ်။