မန္တလေးတိုင်း၊ တံတားဦးမြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်တွေမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း သိရပါတယ်။
အောက်တိုဘာ ၃ရက်၊ မနေ့ကမနက်ပိုင်းမှာ တံတားဦးမြို့နယ်၊ ညောင်ပင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကုလားဆိုသူကို လက်နက်ကိုင်အဖွဲ့ ၁ခုက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ပြီး ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာတော့ ဦးကုလားကို ဝင်ရောက်ဖမ်းဆီးရင်း လက်လုပ်သေနတ်၁လက်ကိုပါ သိမ်းဆည်းကာ ဖမ်းဆီးခေါ်ဆောင်ရင်း ရွာအဝင်လမ်းမှာ အလောင်းကိုစွန့်ပစ်သွားခဲ့တယ်လို့ ဆိုပါတယ်။
​လက်ရှိမှာ မန္တလေးတိုင်းအတွင်းက တံတားဦး၊ ပုသိမ်ကြီး၊ စဉ့်ကိုင်၊ ပလိပ် စတဲ့ မြို့တွေမှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေအတွက် စစ်တပ်နဲ့ပေါင်းပြီး မကြာခဏဆိုသလို ပေါ်တာဆွဲနေတာကြောင့် အရပ်သားလူငယ်တွေ နေ့စဥ်နဲ့အမျှ ဖမ်းဆီးခံနေရတာဟာ ရာနဲ့ချီရှိနေပြီလို့လည်း သိရပါတယ်။
ငါန်းဇွန်မြို့နယ်မှာလည်း အောက်တိုဘာလ ၂ရက်နေ့ ညနေပိုင်းက သရက်ချိုပင် ကျေးရွာအုပ်စု၊ လက်ပံသာ ကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင် ညီအစ်ကို ၂ယောက်ကို သေနတ်သမားတွေက နေအိမ်ထဲ ဝင်ရောက်ပစ်ခတ်တာကြောင့် ညီဖြစ်သူမှာ နေရာတင်သေဆုံးခဲ့ပြီး အစ်ကိုဖြစ်သူကတော့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရတယ်လို့သိရပါတယ်။
0 Shares:
You May Also Like
Read More

ကချင်နှင့် ယောဒေသ စစ်မျက်နှာပြင်များတွင် ဂန့်ဂေါခရိုင်တပ်ရင်းများမှ အင်အား ၅၀၀ ကျော် ဖြန့်ကျက် တိုက်ပွဲဝင်နေ

ယောဒေသအတွင်းနဲ့ ကချင်စစ်မျက်နှာပြင်တွေမှာ ဂန့်ဂေါခရိုင်တပ်ရင်းတွေက အင်အား ၅၀၀ ကျော် ဖြန့်ကျက်ပြီး တာဝန်ထမ်းဆောင်နေတယ် လို့ဂန့်ဂေါခရိုင်စစ်ဌာနက ဇန်နဝါရီလ ၁ ရက် မနေ့က အသိပေးထုတ်ပြန်လာပါတယ်။
Read More

လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကောင်စီ လေတပ်ဗိုလ်ကြီးကို PLA ပစ်ခတ်ရှင်းလင်း

စစ်ကောင်စီရဲ့ လေတပ်ဗိုလ်ကြီးတစ်ယောက်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

မတ္တရာ၊ စဥ့်ကူးနှင့် သပိတ်ကျင်းတွင် တနေ့တခြား စစ်ရေး ပိုမိုပြင်းထန်လာသည့်အတွက် ပြည်သူများ သတိပြုရန် MDY PDF အသိပေး

မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေဟာ အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ဖို့ လျာထားတဲ့ မြို့နယ်စာရင်းထဲမှာ ပါဝင်နေတဲ့အတွက် စစ်ကော်မရှင်တပ်က အဆိုပါ မြို့နယ်တွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
Read More

TRI ဗျူဟာက တပ်သားသစ်များ ခေါ်ယူနေ၊ LGBTQ လိင်စိတ်ခံယူမှု ကွဲပြားသူများပါ တပ်သားသစ်အဖြစ် လျှောက်ထားနိုင်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ TRI ဗျူဟာ - အမှတ် (၁၂၂) တပ်ရင်းက တိုက်ပွဲဝင်မယ့် တပ်သားသစ်ရဲဘော်တွေကို ဖိတ်ခေါ် ထားပါတယ်။
Read More

ရေဘေးကူညီဖို့ လေလံတင် ရောင်းချတဲ့ မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်းရဲ့ ချန်ပီယံခါးပတ်ကို အမည်မဖော်လိုသူ ကျပ်သိန်း ၅၀၀ နဲ့ ဝယ်ယူ

မြန်မာပြည်တွင်းက ရေဘေးသင့် ဒေသတွေကို လှူဒါန်းဖို့ မြန်မာ့လက်ဝှေ့ အကျော်အမော် ထွန်းထွန်းမင်းဟာ သူ ၂၀၁၄ ခုနှစ်က ရရှိခဲ့တဲ့ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို လေလံတင်ရောင်းချခဲ့ပါတယ်။
Read More

ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး ဒဏ်ရာရ၊ နေအိမ် (၈) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။