စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်နိုင်ခဲ့တဲ့ ရဲဘော်တွေကို ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ ကရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့က ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းကို စစ်ကူသွားရောက်ပြီး ဘုတ လင်မြို့ကို ပြန်လာတဲ့ စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ကြောင်းလုံးချေမှုန်းနိုင်ခဲ့ပြီး လက်နက်ခဲ ယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့်တိုက်ပွဲက ပြန်လာတဲ့ အောင်ပွဲရ ရဲဘော်တွေကို ယင်းမာပင်ခရိုင် တပ်ရင်း၊ နောက်ချန်ရဲဘော် များက အလေးပြုကြိုဆိုခဲ့ပြီး တပ်ရင်းမှူးက ဂုဏ်ပြုဆုချီးမြှင့်ငွေ များ ပေးအပ်ခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခံထားရသည့် ကျေးရွာအား မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း မီးရရှိအောင် ဆောင်ရွက်ပေး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခံထားရတဲ့ ရွာ ၁ ရွာကို လျှပ်စစ်မီးပြန်လည်ရရှိနိုင်ရေး Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်းက ကြိုးစားလုပ်ဆောင်ခဲ့ပြီး ၆၀ ရာခိုင်နှုန်း မီးပေးနိုင်ခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

တန့်ဆည်မြို့နယ်အတွင်း စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အရှေ့ခြမ်းမှာ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးခဲ့တယ်လို့ ပ.က.ဖ တန့်ဆည်မြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဆုံးရှုံးခဲ့ရပေမယ့် စိတ်ဓာတ် ယိုင်နဲ့မသွားသည့် သူရဲကောင်းများ၏ သက်သေထူသော သံစဥ် (ရုပ်/သံ)

ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ဆုံးရှုံးထားရပေမယ့် စိတ်ဓာတ်တွေ ယိုင်နဲ့မသွားဘဲ စစ်အာဏာရှင် စနစ်ကို တတ်အားသမျှ တွန်းလှန်နေဆဲ ရဲဘော်တွေ သီဆိုထားတဲ့ သီချင်းကို တပ်ရင်း 513 - Reddragon PDF တပ်ရင်းက ဒီနေ့ မနက်ပိုင်းမှာ Facebook လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။
Read More

သရက်-မင်းလှလမ်းပိုင်းတွင် စစ်ယာဥ်တန်း ခြုံခိုတိုက်ခိုက်ခံရပြီး ၆ ဦး သေ၊ ၁၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ သရက်-မင်းလှလမ်းပိုင်းမှာ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကော်မရှင်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA ထံက သိရပါတယ်။
Read More

မုံရွာခရိုင် စိုးမိုးနယ်မြေအတွင်း MPDF – DEMO တပ်ခွဲမှာ ပြန်လည်စုဖွဲ့မှုနဲ့ မွမ်းမံ (ရက်ရှည်) သင်တန်းပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာခရိုင်အတွင်း အမှတ်(၁) တပ်ရင်း (Demo) တပ်ခွဲရဲ့ ပြန်လည်စုဖွဲ့မှုနဲ့ မွမ်းမံ (ရက်ရှည်)သင်တန်းကို မုံရွာခရိုင် စိုးမိုးနယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။