အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ရဲ့ ထွက်ပေါက်အဖြစ် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပဖို့ စီစဉ်နေသလို သူတို့လက်အောက်ခံ Non CDM ဝန်ထမ်းတွေ၊ ရဲတွေ၊ ပျူစောထီးတွေကို အသုံးချပြီး သန်းခေါင်စာရင်း ကောက်ယူမှုတွေကို လုပ်ဆောင်နေပါတယ်။

ဒါဟာ စစ်တပ်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တော်လှန်ရေး အင်အားစုတွေနဲ့ နိုင်ငံအနှံ့ တိုက်ပွဲဆင်နွှဲရာမှာ ရှုံးနိမ့်နေတာကြောင့် ထွက်ပေါက်ရှာနေတာ ဖြစ်တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) ကဆိုပါတယ်။

လောင်းလုံးမြို့နယ် ပကဖ အနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အသက်ရှုပေါက်ဖြစ်တဲ့ အတုအယောင် ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်ပြီး စစ်ကောင်စီ အာဏာတည်မြဲရေးအတွက် သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်ပတ်သက်နေသူတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ သတိပေး ကြေညာလိုက်ပါတယ်။

(ဓာတ်ပုံ LLPDF)
0 Shares:
You May Also Like
Read More

ကော့ကရိတ်မှာ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပြည်သူ ၁ ယောက် သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်က ကမိုင်ကုန်းကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို)က ထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဦးတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ၁၀ ယောက် ကျဆုံးကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များ ဖော်ပြနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်ပြီး ကာကွယ်ရေးတပ်တွေဘက်မှာ သေဆုံးသူတွေရှိထားကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် သတင်းချန်နယ်တွေမှာ ဖော်ပြကြပါတယ်။
Read More

နောင်ချိုမြို့နယ် သုံးဆယ်ရွာကို တစ်ရက်အတွင်း စစ်ကောင်စီ ဗုံး ၁၁လုံး ကြဲချ၊ အမျိုးသား ၃ဦး သေဆုံး

ပြီးခဲ့တဲ့ ဇွန်လ ၂၉ရက်နေ့တုန်းကလည်း ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချခဲ့တဲ့အတွက် ပြည်သူ ၆ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၄ လုံး၊ စာသင်ကျောင်း ၁ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၂ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
Read More

အရပ်သားအစိုးရ လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းတွေမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဝင်ရောက်နှမ်းဖြူးနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဧရာဝတီ PDF ရဲ့ အပတ်စဥ် ၆ စစ်သင်တန်းသား အသစ်တွေ ခေါ်ယူ၊ အမျိုးသမီး စစ်မေတွေကို အဓိက အလေးထားခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဧရာဝတီတိုင်းစစ်ဌာန၊ AYA PDF အမှတ် (၂၉) ဗျူဟာရဲ့ အပတ်စဉ် (၆) စစ်သင်တန်းအတွက် ရဲဘော်သစ် သင်တန်းသားတွေ ခေါ်ယူနေတယ်လို့ AYA PDF က ထုတ်ပြန်ထားပါတယ်။
Read More

အင်အားမလုံလောက်တဲ့ စစ်ကောင်စီက သက်ကြီးပိုင်းတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး စစ်သားအစားထိုး လုံခြုံရေးယူခိုင်းနေ

ဧရာဝတီတိုင်းထဲက ဇလွန်၊ ဟင်္သာတ၊ သာပေါင်း၊ ငသိုင်းချောင်းနဲ့ တိုင်းစစ်ဌာနချုပ်ရှိရာ ပုသိမ်မြို့တွေမှာ တပ်သားအင်အား မလုံလောက်တော့တဲ့ စစ်ကောင်စီက ပြည်သူ့လုံခြုံရေးအဖွဲ့ နာမည်နဲ့ အသက် ၃၅ နှစ်ကနေ အသက် ၆၀ ရှိတဲ့ လူကြီးပိုင်းတွေကို မြို့ပေါ်လုံခြုံရေးအတွက် စစ်သားအစားထိုးအနေနဲ့ တာဝန်ပေးအပ်နေတယ်လို့ သိရပါတယ်။