ဂမုန်းရေလှောင်တမံအနီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း သေဆုံးသွားတဲံ စစ်သား အလောင်း ၁၂ လောင်းကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိဘဲ လယ်ကွင်းထဲတွင် စွန့်ပစ်ထားခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံက သိရပါတယ်။ 

အောက်တိုဘာလ ၃ ရက်နေ့ မနေ့က မနက်ပိုင်းလောက်မှာ  အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံကို ဝိုင်းကျေးရွာ ရဲစခန်းက တက်လာတဲ့ အင်အား ၄၀ ကျော်ပါ  အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့အုတ်ဖိုကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးပြီး သေဆုံးသွားတဲ့ စစ်ကောင်စီ တပ်သား အလောင်းများကို လက်ရှိချိန်ထိ လာရောက်ကောက်ယူခြင်းမရှိသေးဘဲ လယ်ကွင်းထဲမှာ စွန့်ပစ်ထားခဲ့ခြင်းဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ယူကရိန်း၏ ဒရုန်းစစ်ဆင်ရေးကြောင့် ရုရှား ဗုံးကြဲလေယာဉ်များအပါအဝင် လေယာဉ် ၄၁ စင်း ပျက်စီး (ရုပ်/သံ)

ရုရှားနိုင်ငံရဲ့ လေတပ်နဲ့ လေဆိပ်တွေအနီးမှာ ယူကရိန်းက ကြိုတင်စီစဉ်ထားတဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရုရှားရဲ့ ဗုံးကြဲလေယာဉ်တွေအပါအဝင် လေယာဉ် ၄၁ စင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၆ ရဲဘော်များကို KIA လက်နက် ၁၀၀ ကျော် တပ်ဆင်ပေး (ရုပ်/သံ)

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် ယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်း ရဲဘော်တွေကို KIA က လက်နက် ၁၀၀ ကျော် တပ်ဆင်ပေးခဲ့တယ်လို့ အနောက်မြောက်လွင်ပြင်သို့ကမ်ပိန်းက ဆိုပါတယ်။
Read More

PDF ထိန်းချုပ်နယ်မြေအတွင်း စားနပ်ရိက္ခာလာဝယ်သည့် ပြည်သူကို ရဲဘော်တစ်ယောက်က ဘယ်တော့မှ သေနတ်ပြောင်းလှည့်မှာ မဟုတ်ကြောင်း ရှင်းပြ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်အုပ်စုရဲ့ ပိတ်ဆို့ထားမှုကြောင့် စားနပ်ရိက္ခာပြတ်လပ်ကာ PDF ထိန်းချုပ်နယ်မြေအတွင်း လာဝယ်တဲ့ ပြည်သူလူထုကို PDF ရဲဘော်က သေနတ်ပြောင်း ဘယ်တော့မှ လှည့်မှာမဟုတ်ဘူးလို့ ရှင်းလင်းတင်ပြနေတဲ့ ရုပ်သံဖိုင်ကို KBL - PDF က ထုတ်ပြန်ခဲ့ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ လမ်းကင်းယူပြီး လမ်းသွားပြည်သူတွေကို ဆက်ကြေးကောက် နေတဲ့ ပျူစောထီးနဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်မှု ၇ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက လမ်း ပိုင်းကင်းယူပြီး လမ်းသွားပြည်သူတွေကို ဆက်ကြေးကောက်နေတဲ့ ပျူစောထီးနဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Chaung U People's Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏ မှတ်တမ်းရုပ်သံ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန် (ရုပ်/သံ)

အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးတွေအတွက် ရဲရင့်စွာ ရပ်တည်နေတဲ့ အမျိုးသမီးတွေ၊ လူ့အခွင့်အရေး ကာကွယ်‌စောင့်ရှောက်သူတွေရဲ့ ပြောစကားပါဝင်တဲ့ ဂုဏ်ပြုရုပ်သံမှတ်တမ်းကို နိုဝင်ဘာ ၂၉ ရက်မှာ ကျရောက်တဲ့ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနေ့ (International Women Human Rights Defenders Day) မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တင်ဆက်လိုက်ပါတယ်။
Read More

မဲ‌ဆောက်မြို့တွင် သေနတ်ကိုင် ရမ်းကားသူ ၁ ဦးကို အာဏာပိုင်များ အရှင်ဖမ်းဆီး (ရုပ်/သံ)

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သေနတ်ကိုင် ရမ်းကားနေသူ ၁ ယောက်ကို ထိုင်းအာဏာပိုင်တွေက ပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။