ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၂ ယောက် သေဆုံးပြီး လက်နက်တွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် () စစ်ဒေသခွဲက‌ သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ အောက်တိုဘာလ ၃ ရက်၊ မနက် ၉ နာရီ အချိန်မှာ ဂမုန်းဆည်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်မ (၆၆) လက်အောက်ခံ၊ ခမရ () စစ်ကြောင်းကို PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ – () က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ 

တိုက်ပွဲဟာ ၁နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား (၁၂) ယောက်သေဆုံးကာ (၁၄) ယောက်အပြင်းအထန်ဒဏ်ရာရရှိသွားတာကြောင့်ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။

တိုက်ပွဲတွင်း စစ်ကောင်စီတပ်သားတွေထံက G-3 ()လက်၊ MA-1 ()လက်၊ ၆၀မမ BA 100 စိန်ပြောင်း ()လက်၊ အီနာဂါ ()လုံး၊ G-3 ကျည် (၁၈၁)တောင့်၊ MA-1ကျည် (၁၃)တောင့်၊ ကျည်ဘောက် ()ခု၊ အီကွေးမန့် ()ခု၊ ကျောပိုးအိတ် ()လုံး၊ စကစဦးထုပ် ()လုံး၊ မိုးကာ ()ထည်၊ ငွေသား (၇၄၀၀)ကျပ်၊ လက်ကိုင်ဖုန်း ()လုံး၊ မှတ်ပုံတင်နဲ့ သက်သေခံကဒ်တို့ကို  PDF တပ်ရင်း (၃၈၀၂) တပ်ခွဲ – () က သိမ်းဆည်းရရှိခဲ့တယ်လို့  သိရပါတယ်။

(ဓာတ်ပုံ PDF Southern Military Sub-Region-2)

0 Shares:
You May Also Like
Read More

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းကို ဒေသခံ ပြည်သူတွေ ကြိုဆိုဂုဏ်ပြု…

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ မဟာမိတ်တပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းကို ဒေသခံ ပြည်သူတွေ ကြိုဆိုနေတဲ့ မှတ်တမ်းပုံရိပ်တွေကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံး ထိခိုက်ကြေကွဲနေချိန် ပေါက်မြို့နယ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ပြင်းထန်လှတဲ့ ငလျင်ဒဏ်အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ ၂ ပတ်တာ ထိုးစစ်တွေ ရပ်နားထားမယ်လို့ NUG က ကြေညာပြီး နောက်တစ်နေ့မှာပဲ စစ်ကောင်စီက ပေါက်မြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်သွားတယ်လို့ သိရပါတယ်။
Read More

ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်မှာ စစ်တပ်နှင့် PNA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ နေအိမ်များ ပျက်စီး…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်နဲ့ PNA အဖွဲ့က ဒရုန်း၊ လက်နက်ကြီးတွေ တိုက်ခိုက်ရာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ရှမ်းကျောင်း ဆရာတော်နှင့် ကပ္ပိယ အသတ်ခံရတဲ့ဖြစ်စဉ် အမှန်တရားပေါ်ပေါက်ရေး၊ တရားမျှတမှုရှိရေးအတွက် ရှမ်းအရပ်ဘက်အဖွဲ့များ တောင်းဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ ရှမ်းဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဇင်းပိန် (ခေါ်) ဦးဓမ္မသာရနဲ့ ကပ္ပိယ စိုင်းဘီး (ခေါ်) အိုက်ပီးတို့ အသတ်ခံရမှုအတွက် ရှမ်းအရပ်ဘက်အဖွဲ့အစည်းတွေက အမှုမှန်ပေါ်ပေါက်ဖို့၊ တရားမျှတမှု ရရှိဖို့ လိုလားနေကြပါတယ်။
Read More

တန့်ဆည်နှင့် ရေဦးလမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုအထိနာကာ ပြန်ဆုတ်သွား

"ကနဦး သူတို့က ရွှေဘိုလေ့ကျင်ရေးကနေ ကန့်ဘလူ ၆၀၀၆ကို ရောက်တယ်၊ အဲ့ကနေမှ ဇီးကုန်းနဲ့ ကာဘိုးအထိုင်ကိုရောက်ပြီး ကျနော်တို့ဘက်ကို ထိုးတယ်ပေါ့။ ရေဦးဘက်ကနေလည်း စစ်ကြောင်းထွက်တယ်။ အဲ့မှာတနယ်ဘက်ကို ရောက်လာချိန်မှာ ဒေသကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖတွေ၊ Local တွေစုပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ပါတယ်" လို့ အဆိုပါ တန့်ဆည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်က မောင်းကိုပြောပါတယ်။
Read More

ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်မှာ တပ်စွဲထားသည့် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ချေမှုန်း၊ စစ်တပ်က ၁၅ ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရ…

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က ၁၅ ယောက်ထက်မနည်း သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရှမ်းတောင်၊ ကရင်နီ စစ်တိုင်းဗျူဟာ(၁၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။