မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုက ၄ လအတွင်း နိုင်ငံတစ်ဝှမ်း အရပ်သား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဥ်ပေါင်း ၅၆ခုကို ကျူးလွန်ခဲ့ပြီး အနည်းဆုံး အရပ်သား ၆၄၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ထံက သိရပါတယ်။

၂၀၂၄ ခုနှစ်၊ မေလကနေ သြဂုတ်လအထိ ၄လအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းက လူ () ယောက်နဲ့ အထက် သေဆုံးစေခဲ့တဲ့ အရပ်သားအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဥ်ပေါင်း အနည်းဆုံး (၆၀) လောက်မှာ စစ်အုပ်စုလက်ချက်နဲ့ ဖြစ်စဉ် (၅၆) ခု အနည်းဆုံးရှိခဲ့ပြီး အရပ်သားပြည်သူ စုစုပေါင်း ၆၄၃ယောက်အထိ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားနေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေနဲ့ စစ်ကြောင်းဝင်ရောက်သတ်ဖြတ်မှုတွေ အများဆုံးကျူးလွန်ခဲ့ပြီး ဒရုန်းနဲ့တိုက်ခိုက်တာတွေ အပါအဝင် တခြားပုံစံတွေနဲ့လည်း ကျူးလွန်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီနဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်စဉ်တွေကြား အရပ်သားအစုလိုက်အပြုံလိုက် သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သုတေသနစာတမ်းမှာ ပါဝင်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ ၂၇၁ ယောက်ဆိုတဲ့ အရေအတွက်ဟာလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အရေအတွက် စုစုပေါင်းရဲ့ ၃၈ ရာခိုင်နှုန်း အထိရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုး ဝင်ရောက်ပြီး သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ် ၈ခုမှာ အရပ်သား ၁၅၅ ယောက်သေဆုံးခဲ့ကာ စစ်တွေမြို့နယ်မှာ ၇၆ယောက်နဲ့ အများဆုံးဖြစ်ခဲ့ကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုဖြစ်စဥ် ၁၄ ခုမှာ အရပ်သား ၁၁၉ ယောက်အထိ သေဆုံးကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ၇၆ ယောက်နဲ့ အများဆုံးဖြစ်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင်အကြမ်းဖက်စစ်အုပ်စုရဲ့အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်၊မီးရှို့သတ်ဖြတ်ခဲ့တဲ့ဖြစ်စဥ်၇ခုကြောင့်အရပ်သား၇၂ယောက်သေဆုံးခဲ့သလို၊ဒရုန်းအသုံးပြုသတ်ဖြတ်ခဲ့လို့၇ယောက်သေဆုံးပြီးနှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေကြောင့်လည်းအယောက်၆၀ကျော်နီးပါးသေဆုံးခဲ့ကြောင်းဉာဏ်လင်းသစ်သုတေသနအဖွဲ့ကထုတ်ပြန်ပါတယ်။

နိုင်ငံနဲ့တစ်ဝှမ်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ် ၆၀ ခုထဲမှာ ကျူးလွန်တဲ့ အဖွဲ့အစည်းကို မသိရှိရတဲ့  ဖြစ်စဉ် ၄ ခုလည်း ရှိခဲ့ပြီးသေဆုံးသူ ၆၂ ယောက် ရှိခဲ့တယ်လို့လည်း သိရပါတယ်။

မေလ ၁၁ ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်သတ်ခဲ့တဲ့ မြင်းမူမြို့နယ်၊ လက်ထုတ္ထောရွာ စစ်ရှောင်ဒေသခံများ
0 Shares:
You May Also Like
Read More

ကျိုက်ထို-ဘီးလင်းလမ်းပိုင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိအပါ ၄ ဦး သေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

မွန်ပြည်နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ်ရှိ ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ အရာရှိ (၁) ယောက်အပါအဝင် စစ်ကောင်စီတပ်သား (၄) ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဝမ်းတွင်းက စစ်မှုထမ်း အလိုရှိစာရင်းထဲ သံဃာတော်တွေ ပါဝင်နေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းကျေးရွာက စစ်မှုထမ်းစာရင်းထဲမှာ သံဃာတော် ၂ပါး ပါဝင်နေတယ်လို့ Voice of Wundwin ထံက သိရပါတယ်။ 
Read More

ခမရ ၁၅ တပ်ရင်း၏ စစ်ဆေးရေးဂိတ်ကို MBT နှင့် ပူးပေါင်းတပ်များ ပြောက်ကျားဝင်ပစ်၊ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်မ ၉၉ လက်အောက်ခံ၊ ခမရ -၁၅ စစ်ဆေးရေးဂိတ်ကို ပြောက်ကျားပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

ဝက်လက်တွင် စစ်အုပ်စု စစ်ကြောင်းများအပြင် လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်ရှိနေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ တစ်လကြာဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းကြောင့် ကျေးရွာ ၅ ရွာက ဒေသခံတွေ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရသလို လေကြောင်းရန်ကိုလည်း ရင်ဆိုင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဘားအံမှာ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်နှင့် အရေးပေါ်ကားများကိုပါ စစ်အုပ်စု ဖမ်းဆီး

ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်မှာ လိုင်စင်မဲ့ ကားနဲ့  ဆိုင်ကယ်မှန်သမျှကို စစ်အုပ်စုက ဖမ်းဆီးတဲ့အပြင် အရေးပေါ်ကားတွေပါ ဖမ်းဆီးနေတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။
Read More

ငါန်းဇွန်တွင် အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီ ကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာအင်အားဖြည့်တင်းဖို့လာတဲ့ အကြမ်းဖက် စစ်ကောင်စီကားတွေကို လမ်းပိုင်းတစ်နေရာကနေ​ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း TGYR-Youth Guerrilla Counter Revolution-NZ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။