ပဲခူးတိုင်း၊ သာယာဝမြို့၊ ဆရာစံမြို့သစ်က အနှိပ်ခန်းတစ်ခုမှာ ရဲအချင်းချင်း စကားများ ရန်ဖြစ်ရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲအုပ် ၁ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ဆရာစံမြို့သစ်မှာရှိတဲ့ စိန်သရဖူအမည်ရှိ အနှိပ်ခန်းမှာ ရဲ ၂ယောကိ အချင်းများရန်ဖြစ်ပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
“သန်းခေါင်းစာရင်းကောက်ဖို့ အဖွဲ့တွေတောင် အဲ့ဒီ ပစ်ခတ်မှုဖြစ်ပွားတော့ သန်းခေါင်စာရင်း ကောက်ဖို့ အစီအစဉ်တောင် ပျက်သွားကြတယ်။ သေတာက စံရွေးစခန်းက ရဲအုပ်၊ စခန်းမှူးပေါ့၊ သာယာဝတီက ရဲကတော့ ဒဏ်ရာပြင်းထန်လို့ ရန်ကုန်ပို့လိုက်ရတယ်။” လို့ သာယာဝတီမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
စကားများ ရန်ဖြစ် ပစ်ခတ်ကြတဲ့ ရဲ ၂ယောက်မှာ ၁ယောက်က စံရွေးရဲစခန်းက ရဲအုပ်ဖြစ်ပြီး နောက်ထပ် ၁ယောက်ကတော့ သာယာဝတီရဲစခန်းက ရဲဖြစ်ကာ ပစ်ခတ်မှုမှာတော့ စံရွေးရဲစခန်းက ရဲအုပ်ဖြစ်သူ သေနတ်ထိမှန်ကာ နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။
(ပုံဟောင်းကို အသုံးပြုထားပါတယ်)

0 Shares:
You May Also Like
Read More

အညာအခြေစိုက် တပ်ဖွဲ့ ၃ ဖွဲ့ ပူးပေါင်းလိုက်သည့် ထနောင်းမြေစစ်ကြောင်း

အညာဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ Anyar Federal Task Force (AFTF)၊ Freedom Fighter Guerrilla Force (FFGF) နဲ့ 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ထနောင်းမြေစစ်ကြောင်း (Acacla Column) အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
Read More

ခမရ (၅၅၆) မှ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို ငွေကျပ်သိန်း(၆၀) ချီးမြှင့်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် ခမရ (၅၅၆) ခြေမြန်တပ်ရင်းက တပ်သား(၁) ယောက် တနင်္သာရီမြို့တွင်း လုံခြုံရေးတာဝန်ကျနေချိန် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စလင်းတွင် မဲစာရင်းစစ်ပြီး ပြန်လာသည့် စစ်ကားများ တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်ဗိုလ် ၁ဦး နေရာတင်သေဆုံး၊ ၃ဦး အပြင်းအထန်ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ရွေးကောက်ပွဲ အတုအတွက် မဲစာရင်းစစ်ပြီး ပြန်လာတဲ့ စစ်အုပ်စုကားတွေ တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၁ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာပြင်းထန်သူ ၃ယောက်ရှိခဲ့ကြောင်း ဒေါင်းစစ်အောင် LPDF တာဝန်ခံ ကိုထူးလေးက မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ ဒီဇင်ဘာလ၄ရက်နေ့က စလင်းမြို့နယ်လမ်းပိုင်းတစ်နေရာမှာ မဲစာရင်းစစ်ဆေးပြီး ပြန်လာတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရဲ့ကား၂စီးကို ဒေါင်းစစ်အောင် LPDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရတာပါ။
Read More

စစ်တပ်လေယာဥ်ကွင်းအတွက် သုံးမည့် ကျွန်းသစ်တင် ဆယ်ဘီးကားကို Southern Yesagyo တပ်ပေါင်းစု ဖမ်းဆီးထား၊ ကျောတိုက်နယ်ပအဖထံမှ လေလံအောင်ထားသော ကျွန်းသစ်များဟု သိရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေယာဥ်ကွင်းတည်ဆောက်ရေးအတွက် အသုံးပြုဖို့ ကျွန်းသစ်တွေသယ်ဆောင်လာတဲ့ ဆယ်ဘီးကား ၁ စီးကို ဖမ်းဆီးရမိခဲ့တယ်လို့ Southern YSO PDF က အောက်တိုဘာ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

အနန်းကွင်း စစ်ကောင်စီတပ်စခန်းကို စစ်ကူလာတဲ့ တပ်မ ၄၄ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၄၀ ကျော်သေဆုံး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစစ်တပ်စခန်းကို စစ်ကူလာတဲ့ အင်အား ၁၅၀ ကျော်ပါ တပ်မ ၄၄ စစ်ကြောင်းကို​ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ စစ်သား အယောက် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများကို MDY-PDF ထောက်ပံ့ကြေးပေးအပ် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ စိုးမိုးနယ်မြေအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို ထောက်ပံ့ကြေးပေးအပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။