ကရင်နီပြည်က ရုပ်ပွားတော်တွေရဲ့ ဦးခေါင်းတော်ဖြတ်တဲ့ ဖြစ်စဉ်က ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်တဲ့ လုပ်ရပ်သာဖြစ်ကြောင်း မိုးဗြဲ People Defense Force က ဒီနေ့ အောက်တိုဘာ ၃ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာတောင်ပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော် ၉ဆူ၏ ဦးခေါင်တော်ဖြတ်ထားသည့်ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဗိုးဗြဲ PDF က ပြည်သူတွေအချင်းချင်း အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တဲ့ လုပ်ရပ်ဖြစ်လို့ ကန့်ကွက်တယ်လို့လည်းဆိုပါတယ်။
ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ပေါ်မှာလည်း စိတ်မကောင်းဖြစ်ခဲ့ရပြီး လူမျိုးရေး၊ ဘာသာရေးအတွက်လည်း စိုးရိမ်မိတယ်လို့လည်း ဆိုပါတယ်။
လအိ ကျေးရွာ တောင်ပေါ်မှာ ၂၀၁၉က လေးလ အတွင်းအပြီးတည်ခဲ့တဲ့ ရုပ်ပွားတော် ၁၆ ဆူရှိကာ တစ်ဆူလျှင် ကျပ်ရှစ်သိန်းနှုန်းဖြင့် မန္တလေးမြို့မှ ပင့်ဆောင်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။
ရုပ်ပွားတော် ၁၆ ဆူမှာ ၉ဆူကာ ဦးခေါင်းတော်တွေ ဖြတ်တောက်ခံထားရမှုကို ဒေသခံအချို့က ဘုရားဝတ်ပြုရန် သွားရောက်စဉ် စတင်တွေ့ ရှိခဲ့ခြင်း ဖြစ်ပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ကလည်း အခုလို လုပ်ရပ်အပေါ်ပြင်းပြင်းထန်ထန်ရှုတ်ချ ကန့်ကွက်ထားပြီး ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်အရေးယူပြီး ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ မနေ့က အောက်တိုဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
0 Shares:
You May Also Like
Read More

ဗန်းမော်က စစ်ကောင်စီ သံချပ်ကာတပ်ရင်းကို KIA တိုက်ခိုက်သိမ်းပိုက်၊ သံချပ်ကာကားများပါ ရရှိ၊ ဗန်းမော်ကို ရရှိရေး KIA ထိုးစစ် ဆက်လက်အရှိန်မြှင့်နေ

ဒီနေ့ ဇန်နဝါရီလ ၂၄ ရက် မနက်အစောပိုင်းမှာ ဗန်းမော်မြို့က စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတဲ့ KIA ဟာ လေယာဉ်ကွင်းအနီးက သံချပ်ကာတပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။  
Read More

ပဲခူးခရိုင် PDF အမှတ် (၂) တပ်ရင်းဆီ စစ်ကောင်စီ၏ စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းက စစ်မှုထမ်းဆင်း စစ်သားသစ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် ( ၂ ) တပ်ရင်း ၊ P2-3702 က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNU ဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနား (ဓာတ်ပုံသတင်း)

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ KMU ရဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနားကို KNU ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့ KNU ဗဟိုက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၁၀ ယောက်သေပြီး အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ၊ အမ်း-ပဒါန်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၁၀ ယောက်သေပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်အနောက်မြောက်ဘက်ရှိ ကြက်မောက်ရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၁၆ နှစ်အရွယ် အမျိုးသမီးတဦးသေဆုံး၊ ၆ ဦး ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ခြောက်ယောက် ရှိခဲ့တယ်လို့ မြိုင်ပကဖက ဇန်နဝါရီလ ၇ ရက်နေ့ (ဒီနေ့) မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

မိတ္ထီလာတွင် တညတည်း လူငယ် ၂၀ ကျော် ပေါ်တာဆွဲခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ တညအတွင်း စစ်တပ်က လူငယ် အယောက် ၂၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ မတ္ထီလာမြို့ရဲ့ တပ်တွင်းသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။