မြိုင်မြို့နယ် တွင်းမပျူစခန်းကနေ တပ်မ ၁၀၁ သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၅ ယောက်သေဆုံးပြီး ခြောက်ဘီးယာဉ် ၁ စီး၊ G-3 ကျည် ၁၈ တောင့်၊ဆိုင်ကယ် ၂စီး သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်မှ စက်တင်ဘာ ၂၇ ရက် နံနက်အစောပိုင်းက တွင်းမပျူ စခန်းကနေ တပ်မ ၁၀၁ သို့ အင်အား ၂၅၀ နဲ့ ထွက်လာကြတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ အင်းဘတ်နဲ့ မကျီးတန်းကြားတစ်နေရာမှာ တော်လှန်ရေးတပ်တွေ အသင့်ထောင်ထားတဲ့ နင်းမိုင်း ၂ လုံး နင်းမိပြီး ၅ ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ KammaDefenceForce(KMDF) အဖွဲ့ထံက သိရပါတယ်။

အဲဒီနောက် တော်လှန်ရေးတပ်တွေက မိုင်းထောင်ထားတဲ့ နေရာကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ ခြောက်ဘီးယာဉ် ၁ စီး၊ G-3 ကျည် ၁၈ တောင့်နဲ့ ဆိုင်ကယ် ၂စီးကို သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို KMDF၊မြိုင်ပကဖ၊ BLY ပြောက်ကြားတပ်ဖွဲ့၊ Black Cobra Force (ကမ္မတပ်ပေါင်းစု) တို့မှ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာမြို့နယ် ညောင်ဖြူပင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ညောင်ဖြူပင် စခန်းကို ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင် ခရိုင်တပ်ရင်း (၃၅) ထံက သိရပါတယ်။
Read More

ထော်သာရွာစခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေ သတ်ဖြတ်ခံရကြောင်း စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်မှုအပေါ် အမှတ် (၁)စစ်ဒေသဖြေရှင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း မော်လိုက်ခရိုင် မော်လိုက်မြို့နယ်ရှိ ထော်သာရွာရှိ စစ်ကော်မရှင်ရဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေ သတ်ဖြတ်ခံရကြောင်း ဝါဒဖြန့်မှုအပေါ် NGU ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသမှာ ကာယကံရှင်စစ်သုံ့ပန်း၊ ထောက်သာရွာဒေသခံတွေရဲ့ ဖြေရှင်းချက်နဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။
Read More

အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ယောက်သေကာ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာရဲစခန်းကနေ ဂမုန်းရေလှောင်တမံသို့ ထွက်လာတဲ့ အင်အား ၁၂ ယောက်ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်ကြောင်းကို အောက် တိုဘာ ၄ ရက် နံနက်ပိုင်းက စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုထံက သိရပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ KIAနဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဂျပန်လှိုဏ်ဂူမြင်ကွင်း(ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲမှာ KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်အခိုင်အမာတပ်စွဲထားတဲ့ ဂျပန်လှိုဏ်ဂူကို ယခုလိုပဲ မြင်တွေ့ရပါတယ်။ အင်းတော်မြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီ ၇ ရက် မနေ့ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ ရိက္ခာအတွက် စိုက်ပျိုးထားတဲ့ ပဲခင်းတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ရှင်းလင်း (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် ကန်နီပျူစခန်းက စစ်ကောင်စီတပ်သားတွေ ရိက္ခာအတွက် စိုက်ပျိုးထားတဲ့ ပဲခင်းတွေကို ဇန်နဝါရီ ၉ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

နိုင်ငံပေါင်းစုံ ဆုတောင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပြီး မိသားစုနှင့် ပြန်လည်ဆုံဆည်းနိုင်ရန် ဖြူဖြူကျော်သိန်း ဆုတောင်း (ရုပ်/သံ)

ပြင်သစ်နိုင်ငံမှာ ပြုလုပ်တဲ့ နိုင်ငံပေါင်းစုံဆုတောင်းပွဲမှာ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပြီး လွတ်မြောက်ခြင်းနဲ့အတူ မိသားစုနဲ့ ပြန်လည်ဆုံဆည်းနိုင်စေဖို့ ဆုတောင်းပေးခဲ့ပါတယ်။