ဘုတလင်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူတွေက သပြေညိုနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၄၀ ထက်မနည်းသေဆုံးခဲ့ရပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

ဘုတလင်မြို့ကို ပြန်မယ့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်(၂၀)တပ်ရင်းနဲ့အတူ ULF ယင်းမာပင်တပ် ပေါင်းစုစစ်ကြောင်း၊ ဘုတလင်မြို့နယ် ပကဖ၊ SAF‌ (ကျောင်းသားတပ်) BMT(ဘုတလင်မိုဘိုင်းလ်တီးမ်) FRF ၊ မုံရွာခရိုင် ဗျူဟာ ‌‌‌‌‌၆၆(၁၉၊၂၁၊၂၆) ‌‌PLA (ပြည်သူ့လွတ်မြောက်ရေးတပ်) BLDF၊ ရွှေဘိုခရိုင် တပ်ရင်း(၉၊၁၂)၊ ရေဦး၊ ဒီပဲယင်း ပကဖ‌များ၊ ဘုတလင်မြို့နယ် ပလဖ၊KUGF(ခင်ဦး)၊ ပြည်သူ့လူမိုက် လိုကယ်လ်အဖွဲ့၊ မုံရွာခရိုင် တပ်ရင်း() Golden Brothers Local၊ အရာတော်နဲ့ မိတ္ထီလာ ဒရုန်းအဖွဲ့များ၊ရွှေဘို ပကဖ ဒရုန်းအဖွဲ့၊ UHF ဒရုန်းအဖွဲ့များ၊ SSTF ဒရုန်းအဖွဲ့၊ချင်းတွင်း ဘရားသား ဒရုန်းအဖွဲ့၊ 96 Soldiers – PDF (အညာဒေသ)တပ်ဖွဲ့နဲ့ အခြားမဟာမိတ်အဖွဲ့တွေ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ Interra Resources ကို အရေးယူမှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ စင်ကာပူအစိုးရကို သပိတ်အဖွဲ့တွေက တောင်းဆို

မြန်မာစစ်အုပ်စုကို လောင်စာဆီတွေထောက်ပံ့နေတဲ့ Interra Resources ကို အရေးယူပိတ်ဆို့မှုတွေ ဆက်တိုက်ပြုလုပ်ပေးဖို့ စင်ကာပူအစိုးရနဲ့ စတော့အိတ်ချန်းကို မကွေးတိုင်းအခြေစိုက် လူထုသပိတ်ကော်မတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
Read More

စစ်ကိုင်းတွင် စစ်သား ၂ ဦး မူးရူးသောက်စားပြီး အချင်းချင်းပစ်ခတ်ရာမှ ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ၊ ကျန်ရစ်ခဲ့သည့် လက်နက်များကို PDF သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ မူးရူးရန်ဖြစ်ပြီးအချင်းချင်း ပစ်သတ်ကြတဲ့ စစ်ကောင်စီတပ်သားတွေဆီကနေ သေနတ် ၂ လက်နဲ့ ခဲယမ်းတစ်ချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Phoenix-Sagaing တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂) ရင်းကို တပ်ရင်း (၁) ရင်းတည်းအဖြစ် ပေါင်းစည်း…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင် ခရိုင် တပ်ရင်း (၂) ရင်းကို တပ်ရင်း ၁ ရင်း တည်းအဖြစ်ပေါင်းစည်းလိုက်တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ချင်းလွှတ်တော်က ပြဋ္ဌာန်းတဲ့ အခွန်ကောက်ဥပဒေကို ဇိုဖေရမ်ကောင်စီ ဒေသတွင်းမှာ စတင်ကျင့်သုံးမယ်

ချင်းပြည် (Chinland) လွှတ်တော်က ပြဋ္ဌာန်းတဲ့ အခွန်ကောက်ဥပဒေကို စတင်အကောင်အထည်ဖော်မယ်လို့ ဇိုဖေရမ်ကောင်စီက အသိပေး ထုတ်ပြန်ပါတယ်။
Read More

မုံရွာမှာ ဓားပြတိုက်၊ လူသတ်၊ ကားလုယက်သွားသူတွေကို မုံရွာ ပလဖ တစ်ရက်အတွင်း ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် နေအိမ်တစ်အိမ်မှာ ဓားပြတိုက်လူသတ်ကာ ကားလုယူသွားသူတွေကို တစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ထားပါတယ်။
Read More

ဖဲဝိုင်းမှ ပြန်လာသည့် အုပ်ချုပ်ရေးမှူး သေနတ် ၅ ချက် ပစ်ခံရပြီး နေရာတင် သေဆုံး

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှာ ဖဲဝိုင်းက ပြန်လာတဲ့ အမှတ် (၉) ရပ်ကွက် (ဖအောင်ဝဲ) အုပ်ချုပ်ရေးမှူး ခင်ဝင်းကို လမ်းပိုင်းတစ်နေရာကနေ စောင့်ကြိုပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Nine Stars Underground Force , Bago Region တာဝန်ရှိသူ မြွေပွေးက မောင်းကို ပြောပါတယ်။