ရှမ်းမြောက်ဒေသက MNDAA ထိန်းချုပ်သိမ်းပိုက်ထားတဲ့ မြို့တွေကို စစ်ကောင်စီက ၃ လ အတွင်း လေကြောင်းကနေ ၂၅ ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၃၀ ကျော်သေဆုံးခဲ့ရကြောင်း MNDAA က အသိပေး ထုတ်ပြန်ပါတယ်။

လေကြောင်း တိုက်ခိုက်မှု ၂၅ ကြိမ် အတွင်း ပြည်သူ အနည်းဆုံး ၃၁ ယောက်ထက်မနည်း သေဆုံးကာ အယောက် ၉၀ ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်မြေပြင်မှာ ရှုံးနိမ့်တဲ့ အခါတိုင်း လက်တုံ့ပြန်တဲ့အနေနဲ့ ပစ်မှတ်မခွဲခြားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေဟာ မင်းအောင်လှိုင် အာဏာသိမ်းတပ်ရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာပြီး နိုင်ငံတစ်ဝှမ်း အဖြစ်ဆိုးများစွာ ဖြစ်ပေါ်စေခဲ့တယ်လို့ MNDAA က ဆိုပါတယ်။

ဇူလိုင်လက လားရှိုးစစ်ပွဲအတွင်း မကြာခဏရှုံးနိမ့်မှုတွေကြောင့် လက်တုံ့ပြန်တဲ့အနေနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဧရိယာတွေထဲမှာ မြို့တော် လောက်ကိုင်မြို့၊ သိန္နီခရိုင်နဲ့ တခြားနယ်မြေတွေပါဝင်ပြီး မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းတပ်ဟာ အထူးဒေသ ၁ မှာ စစ်နယ်မြေ မဟုတ်တဲ့ဒေသတွေကို ဗုံးကြဲတိုက်ခိုက်ရေး လေယာဉ်တွေ ဆက်တိုက် စေလွှတ်တိုက်ခိုက်ခဲ့တယ်လို့ MNDAA က ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ် အတွင်း လေကြောင်းကနေ ဗုံးအလုံး ၁၀၀ ကျော် ကြဲချခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်မှာ အရပ်သားသေဆုံးမှုဖြစ်ပွါးခဲ့တာပါ။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၃၁ ယောက်သေဆုံးပြီး အယောက် ၉၀ ဒဏ်ရာရရှိခဲ့ကာ မရေမတွက်နိုင်တဲ့ အများပိုင် အဆောက်အအုံတွေဖြစ်တဲ့ နေအိမ်၊ ဟိုတယ်နဲ့ စာသင်ကျောင်းတွေ ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

MNDAA ဟာ လက်ရှိမှာ ထိုးစစ်တွေကို ရပ်နားထားပြီး ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံက ကြားခံအဖြစ် ဝင်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ MNDAA ထိန်းချုပ်ရာ နယ်မြေတွေမှာ နေ့စဉ်ရက်ဆက် အရပ်သားပြည်သူတွေနေထိုင်ရာကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အားလုံးပေါင်းစည်းပြီး တပြိုင်နက်တည်း တော်လှန်ရတော့မည့် အချိန်ရောက်ပြီဟု အဖွဲ့အသီးသီးနှင့် ခေါင်းဆောင်များ လက်ခံကြောင်း ဒေါက်တာဇော်ဝေစိုး ပြော

လက်ရှိအချိန်ဟာ အားလုံးပေါင်းစည်းပြီး တပြိုင်နက်တည်း တော်လှန်တိုက်ပွဲဝင်ရတော့မယ့်အချိန် ဖြစ်တယ်လို့ အဖွဲ့အစည်းအသီးသီးနဲ့ ခေါင်းဆောင်တွေကို ပြောဆိုခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေးလာပါတယ်။
Read More

သိန္နီမြို့ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အပါအဝင် ဒေသဆိုင်ရာ အများပိုင်အဆောက်အဦး အများအပြား ပျက်စီးခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်းက သိန္နီမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အပါအဝင် ဒေသဆိုင်ရာ အများပိုင်အဆောက်အဦး အများအပြား ပျက်စီးခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

ကုန်ကားများကို ဆက်ကြေးကောက်နေသည့် ရဲလင်မယား ပစ်ခတ်ခံရပြီး ရဲယောက်ျား သေဆုံး၊ ကိုယ်ဝန်သည် ရဲမိန်းမကို ပြန်လွှတ်ပေးခဲ့

မကွေးတိုင်း၊ ပုခုက္ကူမြို့နယ်မှာ ကုန်ကားတွေဆီက ဆက်ကြေးငွေကောက်နေတဲ့ ရဲလင်မယားကို တော်လှန်ရေးရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်ရာ ရဲအမျိုးသားဖြစ်သူ သေဆုံးသွားပြီး အမျိုးသမီးဖြစ်သူကိုတော့ အရှင်ဖမ်းမိခဲ့တယ်လို့ Southern YSO PDF တပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

SSNDF/KNDF ဗျူဟာအမှတ် ၉ ၊ တပ်ရင်း ၁၀၃ မှ တွေ့ဆုံပွဲ ပြုလုပ်

ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF / ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် ၉ ၊ တပ်ရင်း ၁၀၃ က ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၇) ရက်မှာ တွေ့ဆုံပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီတပ်က ၁၀ ယောက် ထက်မနည်း ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ Special Operation Group - SOG က ထုတ်ပြန်ထားပါတယ်။
Read More

ဖဲဝိုင်းမှ ပြန်လာသည့် အုပ်ချုပ်ရေးမှူး သေနတ် ၅ ချက် ပစ်ခံရပြီး နေရာတင် သေဆုံး

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှာ ဖဲဝိုင်းက ပြန်လာတဲ့ အမှတ် (၉) ရပ်ကွက် (ဖအောင်ဝဲ) အုပ်ချုပ်ရေးမှူး ခင်ဝင်းကို လမ်းပိုင်းတစ်နေရာကနေ စောင့်ကြိုပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Nine Stars Underground Force , Bago Region တာဝန်ရှိသူ မြွေပွေးက မောင်းကို ပြောပါတယ်။