KIA က ထိန်းချုပ်သိမ်းပိုက်လိုက်တဲ့ ချီဗွေစခန်းသိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီထံကနေလက်နက်ခဲယမ်းများစွာရရှိခဲ့တယ်လို့ ရှေ့တန်းရောက် ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာဖော်ပြလာပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်တို့က စက်တင်ဘာ ၂၉ရက်ကမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာ ရရှိခဲ့ခြင်းဖြစ်ပါတယ်။

ချီဗွေ စခန်းသိမ်းတိုက်ပွဲကနေသိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာလက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ကျည်များ၊ စစ်အသုံးအဆောင်များကို သိမ်းဆည်း ရရှိမိခဲ့ခြင်းဖြစ်ပါတယ်။

KIA ဟာစက်တင်ဘာ နောက်ဆုံးပတ်နဲ့ အောက်တိုဘာပထမပတ်အတွင်း ချီဗွေနဲ့ဆောလော်မြို့နှစ်မြို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ချီဖွေနှင့် ဆော့လော် မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အရှင်ဖမ်းဆီးရရရှိမိထားပြီး KIA ဘက်ကတော့ တရား၀င်ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

တိုက်ပွဲပြင်းထန်နေတဲ့ ဂွမြို့နယ်ထဲက အကြမ်းဖက်စစ်သား ၃ယောက် ဒေသခံဆိုင်ကယ်တွေကို လုယူပြီး လက်နက်နဲ့အတူ ဧရာဝတီတိုင်းဘက် ထွက်ပြေး

အရက္ခတပ်တော် AA နဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်ဘက်က စစ်သား ၃ ယောက်ဟာ ချိုင်ကောက်ရွာက ဆိုင်ကယ်၂ စီးကိုယူပြီး ဧရာဝတီတိုင်းဘက် ထွက်ပြေးသွားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

နယ်မြေမငြိမ်သက်သေးတဲ့ လွိုင်ကော်မှာ တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီ ဖိအားပေးနေ

နယ်မြေတည်ငြိမ်မှု မရှိသေးတဲ့ လွိုင်ကော်မှာ စစ်ကောင်စီက တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ဖို့ ဆောင်ရွက်သွားမယ်လို့ သူ့ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

အုတ်ဖိုက ဆည်မြောင်းဝန်ထမ်းမရှိတဲ့ ဂမုန်းဆည် မကျိုးဖို့ PDF တွေ တာဝန်ယူဆောင်ရွက်နေရ

အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအနှံ့ ရေကြီး၊ ရေလျှံမှုတွေ ကြုံတွေ့နေရတဲ့အလျောက် ဂမုန်းရေလှောင်တမံဟာလည်း ကန်ရေပြည့်အမှတ်ထိ ရောက်ခဲ့ကာ တမံကျိုးပေါက်နိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ အခင်းဖြစ်ပွားချိန်က အရပ်သားအစိုးရဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်…

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုစွဲချက်နဲ့ အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော် တို့ပါ ပါဝင်တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မှာ ဒီဇင်ဘာလအတွင်း လူ ၅၀၀ ကျော်ဖမ်းဆီးခံရ

ရန်ကုန်မှာ ဒီဇင်ဘာလ တစ်လအတွင်း စစ်ကောင်စီက လူဦးရေ ၅၀၀ ကျော်ကို အကြောင်းအမျိုးမျိုးပြ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။
Read More

စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိတဲ့ ဟိန္ဒူဘာသာဝင်တွေကို ပကဖ နဲ့ PDF ကူညီထောက်ပံ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင်း စစ်ကောင်စီ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေကို ပကဖနဲ့ PDF တွေက ဇန်နဝါရီလ (၂၀) ရက်မှာ သွားရောက်ထောက်ပံ့ကူညီခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။