KIA က ထိန်းချုပ်သိမ်းပိုက်လိုက်တဲ့ ချီဗွေစခန်းသိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီထံကနေလက်နက်ခဲယမ်းများစွာရရှိခဲ့တယ်လို့ ရှေ့တန်းရောက် ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာဖော်ပြလာပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်တို့က စက်တင်ဘာ ၂၉ရက်ကမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာ ရရှိခဲ့ခြင်းဖြစ်ပါတယ်။

ချီဗွေ စခန်းသိမ်းတိုက်ပွဲကနေသိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာလက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ကျည်များ၊ စစ်အသုံးအဆောင်များကို သိမ်းဆည်း ရရှိမိခဲ့ခြင်းဖြစ်ပါတယ်။

KIA ဟာစက်တင်ဘာ နောက်ဆုံးပတ်နဲ့ အောက်တိုဘာပထမပတ်အတွင်း ချီဗွေနဲ့ဆောလော်မြို့နှစ်မြို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ချီဖွေနှင့် ဆော့လော် မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အရှင်ဖမ်းဆီးရရရှိမိထားပြီး KIA ဘက်ကတော့ တရား၀င်ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း အပတ်စဉ် (၁၁) ကို နိုင်ငံအနှံ့ တန်းမြင့်သင်တန်းကျောင်းများတွင် ဖွင့်လှစ်

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ အဓမ္မစုဆောင်းထားတဲ့ အရပ်သားလူငယ်တွေနဲ့  စစ်မှုထမ်းအပတ်စဉ် (၁၁)ကို သက်ဆိုင်ရာ သင်တန်းကျောင်းတွေမှာ စတင်လိုက်ပြီဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC မှာ တင်ပြထားမှုဟာ တော်လှန်ရေးအတွက် အားတက်စရာလို့ NUG ပြော

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC မှာ ဖမ်း၀ရမ်းထုတ်ဖို့ တင်ပြထားမှုဟာ ပြည်သူတွေမျှော်လင့်နေတဲ့ နွေဦးတော်လှန်ရေးအောင်နိုင်ဖို့ အားတက်စရာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်မှုများကြောင့် အရပ်သား ၁ ဦး သေဆုံး၊ နေအိမ် (၄) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၅) လုံးနဲ့ ဘုန်းကြီးကျောင်း (၁) ကျောင်းပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာမှာ လူသားဆန်မှု ပျောက်ဆုံးနေတာကို ပြသတဲ့ ဓာတ်ပုံကမ်ပိန်း (ဓာတ်ပုံသတင်း)

ဘုတလင် စီပါရွာဖြစ်စဥ်ဟာ မြန်မာမှာ လူသားဆန်မှုမရှိတော့ဘူးဆိုတာ ပြသလိုက်တာ ဖြစ်တဲ့အကြောင်း ဓာတ်ပုံကမ်ပိန်းကို People Independend Army (PIA) က ပြုလုပ်ခဲ့ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းများကို တပြိုင်တည်း တိုက်ခိုက်၊ စစ်သား ၇ ဦးထက်မနည်း သေပြီး စစ်သုံ့ပန်း ၂၂ ဦးနှင့် လက်နက်အများအပြား သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၇ ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၂၂ ယောက်နဲ့ လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

BPLA ရဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာမူဝါဒ ရပ်တည်ချက်‌စာတမ်းထုတ်ပြန်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ် အားကစားပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က နိုင်ငံရေး၊ စစ်ရေးဆိုင်ရာမူဝါဒ ရပ်တည်ချက်‌ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်မှာ ထုတ်ပြန်ခဲ့ရာ မူဝါဒရပ်တည်ချက် ထုတ်ပြန်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အားကစားပွဲကို BPLA ရဲ့ စစ်ဒေသအသီးသီးမှာ မဟာမိတ်တပ်တွေနဲ့အတူ ဇန်နဝါရီ (၄)ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။