ဘေရွတ်ခ်မြို့မှာ ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟက်ဆန်နက်စ်ရယ်လာကို လေကြောင်းကနေ တိုက်ခိုက်ရှင်းလင်းခဲ့ပြီးနောက် အစ္စရေးကို လက်တုံ့ပြန်တဲ့အနေနဲ့ အောက်တိုဘာ ၁ ရက် မနေ့ ညပိုင်းက အစ္စရေးနိုင်ငံအနှံ့ကို အီရန်က ဒုံးကျည်ပေါင်း ၂၀၀ ဝန်းကျင်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒုံးကျည်အများစုကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။ တိုက်ခိုက်မှုပြီးတဲ့နောက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အစိုးရအဖွဲ့အစည်းအဝေးတစ်ရပ်ကို ခေါ်ယူခဲ့ပြီးအီရန်ဟာ အမှားကြီးမှားသွားပြီဖြစ်ပြီး၊ ဒီအတွက်ပေးဆပ်ရမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမြို့အရှေ့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းအား လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် လယ်သစ်ရွာမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၇၀ ခန့်ဟာ မြင်းခြံမြို့နယ်အရှေ့ဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် ဒီဇင်ဘာ ၁၃ ရက်က ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

အလုပ်သမားထုအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်နေမှုများကို အရေးယူပေးဖို့ တောင်းဆို (ရုပ်/သံ)

ရန်ကုန်မြို့မှာ မတ်လ ၁၀ ရက် မနေ့က မြေပြင်သပိတ်အင်အားစုတွေဟာ “ILO A 33 MYANMAR 2025 “ စာသားပါ အင်္ကျီတွေ ဝတ်ဆင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အလုပ်သမားထုအပေါ် ဖိနှိပ်နေမှုတွေကို အရေးယူပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပျူစောထီးတွေကို သင်တန်းပေးနေတဲ့ ကန်နီပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ကန်နီပျူစခန်းအတွင်း သရက်ကွပျူစောထီးတွေကို သင်တန်းပေးနေတဲ့ သတင်းအရ ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲထံက သိရပါတယ်။
Read More

ပူးပေါင်းဖို့ သတိပေးခဲ့ပေမယ့် ဆက်သွယ်လာခြင်းမရှိတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ ဗုံးကြဲ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ် ကုက္ကိုစုပျူစခန်းမှာရှိတဲ့ ပျူစောထီးနဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဆီ ပူးပေါင်းဖို့ သတိပေးစာ ပေးပို့ခဲ့ပေမယ့် ဆက်သွယ်လာခြင်း မရှိတဲ့အတွက် ဒီဇင်ဘာ ၂၅ ရက်က ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပေါက်-ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော် နဲ့ စစ်ကောင်စီတပ်တို့အကြား ၂ လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၀ ခန့် ထိခိုက် သေဆုံးခဲ့ (ရုပ်/သံ)

မကွေးတိုင်း ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းအနီးနဲ့ မင်းလှမြို့နယ် ပုသိမ်-မုံရွာ အဝေးပြေးလမ်းမပေါ်က ကန်တုပ်စခန်းအနီးဝန်းကျင်မှာ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) နဲ့  စစ်ကောင်စီတပ်တို့ ကာလရှည်တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

အင်းတော် မြို့မဘုန်းကြီးကျောင်းကို စစ်ကော်မရှင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ မြို့မဘုန်းကြီးကျောင်းကို ဧပြီလ ၁ ရက်နေ့တုန်းက စစ်ကော်မရှင်ရဲ့ တိုက်လေယာဉ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Indaw Revolution-IR က ထုတ်ပြန်ထားပါတယ်။