ကရင်ပြည်နယ်၊ တပ်မဟာ ၁ နယ်မြေ၊ သထုံခရိုင်၊ ဖားအံမြို့နယ် ဝင်းဒရယ်ကျေးရွာက စာသင်ကျောင်းနားမှာ စခန်းအသစ်တည်ဆောက်နေတဲ့ ဗိုလ်ဘိ ဦးဆောင်တဲ့ ခွဲထွက် DKBA တပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံး၁လုံးကြဲချကာ ပထမဆုံးအကြိမ် သတိပေးခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ခွဲထွက်လာခဲ့တဲ့ ဗိုလ်ဘိ ဦးဆောင်တဲ့ အဖွဲ့ဟာ ဝင်းဒရယ်ကျေးရွာက စာသင်ကျောင်းအနီးမှာ ဒေသခံတွေ သဘောမတူဘဲ တပ်စခန်းဆောက်နေတာလို့ သိရပါတယ်။

“KNU တပ်ဖွဲ့ကလည်း လက်မခံဘူး။ ဒေသခံတွေကလည်း လက်မခံဘူး။ အကြိမ်ကြိမ် အငြင်းပွားနေကြတာကို စက်တင်ဘာလ ပထမအပတ်ကတည်းက DKBA တပ်ဖွဲ့ဝင်တွေက စခန်းအသစ်လာဆောက်နေတာ။ စက်တင်ဘာလ ၂၉ ရက်နေ့ညမှာ KNU တပ်ဖွဲ့နဲ့တော်လှန်ရေးအင်အားစုတွေဘက်ကနေ ပထမဦးဆုံးအကြိမ် ဒရုန်းနဲ့ ဗုံးသီး၁လုံးချပြီး သတိပေးခြင်းခံရတာဖြစ်တယ်လို့ ဝင်းဒရယ်ကျေးရွာမှာနေတဲ့ ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။

ဝင်းဒရယ်ကျေးရွာဟာ KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တာကြောင့် ကရင်အချင်းချင်း တိုက်ပွဲတွေဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

DKBA ကနေ ခွဲထွက်ထားတဲ့ ဗိုလ်ဘိဦးဆောင်တဲ့ တပ်ဖွဲ့ရဲ့ စခန်းသစ် တည်ဆောက်မှုကို ကရင်အမျိုးသားအစည်းအရုံး KNU ဘက်က လက်ခံပေးလို့မရကြောင်း ပြောဆိုထားပြီး ဗိုလ်ဘိကလည်း ရွာသားတွေ လက်မခံသည့်တိုင်အောင် အဲဒီတပ်စခန်းကို ဆက်ဆောက်သွားမယ်လို့ ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

CDF-KKG Major Operation မှ အောင်ပွဲများနှင့်အတူ ပြန်လာသည့် တော်လှန်ရေးရဲဘော်များကို ပြည်သူများ ကြိုဆိုဂုဏ်ပြု

ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ စစ်ဆင်ရေးတွေမှာ Chinland Defense Force - Kalay, Kabaw, Gangaw တပ်ဖွဲ့ ဦးဆောင်ပြုလုပ်တဲ့ CDF-KKG Major Operation ကနေ အောင်ပွဲနဲ့ ပြန်လာတဲ့ ကျောင်းသားတပ်မတော် ABSDF နဲ့ မဟာမိတ်တပ်တွေက ရဲဘော်တွေကို ပြည်သူတွေ ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

PDF နှင့် လက်တွဲတိုက်ပွဲဝင်ခဲ့သည့် တိုင်းရင်းသားတပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးတပ်များကို ကျေးဇူးတင်ကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော၊ PDF ၏ အောင်ပွဲသည် ပြည်သူ့အောင်ပွဲ၊ တော်လှန်ရေးအောင်ပွဲ ဖြစ်သည်ဟု ဆို

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်ပြီဖြစ်ကာ ၄နှစ်အတွင်းမှာ စစ်တပ်ကို ဖိအားပေး တိုက်ပွဲဝင်နိုင်ခဲ့ပြီး အောင်မြင်မှု များစွာရရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၄ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းမှာ ပြောပါတယ်။
Read More

ပင်လယ်ဘူးမြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီလို့ KIA တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို အောက်တိုဘာ ၈ရက် မနက််ပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက ဒီနေ့ အောက်တိုဘာ ၉ ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

ချင်းပြည်နယ်ကို ထိုးစစ်ဆင်လာတဲ့ တိုက်ပွဲများအတွင်း စစ်သား ၄၀ ခန့် သေဆုံး စစ်တပ်တပ်က ဖမ်းဆီးထားတဲ့ ပြည်သူ ၁၄ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ချင်းညီနောင်ထုတ်ပြန်

အကြမ်းစစ်တပ်က ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းကို ထိုးစစ်ဆင်လာတဲ့ တိုက်ပွဲများအတွင်း စစ်သား ၄၀ ခန့် သေဆုံးခဲ့ပြီး၊ စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ ၁၄ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ချင်းညီနောင်ကနေ သတင်းထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကစတင်ကာ တီးတိန်မြို့အတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မှရှင်တပ်တွေနဲ့ တော်လှန်ရေးတပ်တို့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ တီးတိန်-ကလေးလမ်း ဒိမ်လို လမ်းခွဲအနီးမှာ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ကျောက်မဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်….

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂) ထဲကို အကြမ်းဖက် စစ်တပ်က လေကြောင်းနဲ့ ပေါင်(၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးနဲ့ သိန္နီက စစ်ရှောင်တွေအတွက် ရိက္ခာ နဲ့ အသုံးအဆောင်တွေ ထောက်ပံ့ (ဓာတ်ပုံသတင်း)

လားရှိုးမြို့နယ်နဲ့ သိန္နီမြို့နယ်တို့က စစ်ရှောင်ပြည်သူတွေအတွက် Lashio F.Y.O ပရဟိတအဖွဲ့က စားနပ်ရိက္ခာနဲ့ အသုံးဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။