ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) က ကြီးမှူးကျင်းပတဲ့ အပတ်စဉ် () တိုက်ခိုက်ရေးတန်းမြှင့် စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ကရင်နီဒေသတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ () ရက်နေ့က အကျဥ်းချုံးပြုလုပ်ခဲ့တဲ့ ဒီသင်တန်းဆင်းပွဲကို SSLRU ရဲ့တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ မဟာမိတ်တပ်ဖွဲ့အသီးသီးက တာဝန်ရှိသူတွေ တက်ရောက်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

လူမျိုးပေါင်းစုံပါဝင်တဲ့ ရှမ်းတောင်ဒေသအခြေစိုက် တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရှမ်းပြည်‌ (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) ဟာ လက်ရှိမှာ ကရင်နီဒေသအတွင်း မဟာမိတ် တော်လှန်ရေးအင်အားစုတွေနဲ့ အတူ စစ်ရေးလှုပ်ရှားမှုတွေ ပူးပေါင်းလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

အပတ်စဉ် () တိုက်ခိုက်ရေးတန်းမြှင့် စစ်သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံ SSLRU)

0 Shares:
You May Also Like
Read More

ရခိုင်နဲ့ ဧရာဝတီအစပ် ကရင်မတောင်ကြောမှာ အကြမ်းဖက်စစ်တပ်နဲ့ AAတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦး သေ

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအကြားမှာရှိပြီး ငသိုင်းချောင်းမြို့ အနောက်ဖက်မှာရှိတဲ့ မိတ်သလင်အကျော် ကရင်မတောင်ကြောပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ရခိုင့်တပ်တော် AA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ယောက် သေနတ်ထိမှန် သေဆုံးသွားကြောင်း စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်သားတွေလိုက်ပါလာတဲ့ ခွေးဘီလူးကား မြင်းခြံ အနိမ့်လမ်းပေါ်မှာ မိုင်းဆွဲခံရပြီး ၂ ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ခွေးဘီလူးကားကို မိုင်းဆွဲတိုက်ခိုက်ရင်း လေကြောင်းဒဏ်သင့်ပြည်သူတွေအတွက် သွေးကြွေးဆပ်ခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

တောင်သာမှာ ဇဂျမ်းတိုက်နယ်ရဲစခန်းကို စီးနင်းတိုက်ခိုက်မှု စစ်အုပ်စုတွေ ထိခိုက်ခဲ့သလို စခန်းမှူးလည်း ပျောက်ဆုံးနေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ဇဂျမ်းတိုက်နယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်အုပ်စုတွေ ထိခိုက်သေဆုံးမှုရှိခဲ့သလို စခန်းမှူးဖြစ်သူလည်း ပျောက်ဆုံးနေကြောင်း မြင်းခြံခရိုင်တပ်ရင်း ၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ ဇဝဲရွာ အခြေစိုက် ခမရ ၅၅၆ က စစ်ကောင်စီတပ်သား ၁ ယောက် သေနတ် ၁ လက်နဲ့ အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ဇဝဲရွာ အခြေစိုက် ခမရ ၅၅၆ တပ်ရင်းက စစ်ကောင်စီ တပ်သား ၁ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ဇွန်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၃၄၃.၃၅) သန်းကို NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ကူညီပံ့ပိုးပေးခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇွန်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၃၄၃.၃၅) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူတွေဆီ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

လူမဆန်စွာ ညှင်းပန်းနှိပ်စက် အသတ်ခံရမှုတွေနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စီပါရွာ ဒေသခံတွေကို စားနပ်ရိက္ခာလှူဒါန်း

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံတွေကို ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်သတ်ဖြတ်ခဲ့တာကို ပြည်သူတွေ စိတ်မချမ်းမြေ့ဖွယ်ရာ မြင်တွေ့ကြားသိခဲ့ရပါတယ်။