ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်ထားဝယ်ခရိုင်မှာ စက်တင်ဘာလ ၂၃ ရက်ကနေ ၂၉ ရက်အထိ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်းကို ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီသင်တန်းကို မြိတ်ထားဝယ်ခရိုင်အတွင်းရှိ ဌာန (၁၁) ခုက သက်ဆိုင်ရာဌာန အသီးသီးမှာ ဦးစီးဦးဆောင်ပြုနေတဲ့ ခေါင်းဆောင်ကိုယ်စားလှယ် (၄၈) ယောက် တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

သင်တန်းပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ သက်ဆိုင်ရာဌာနအသီးသီးက ဌာနဆိုင်ရာခေါင်းဆောင်တွေ၊ တာဝန်ရှိခေါင်းဆောင်တွေ အနေနဲ့ ဒေသန္တရအုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဆိုင်ရာ အရည်အချင်းတွေကို မြှင့်တင်ပေးဖို့အတွက် ဖြစ်တယ်လို့ KNU က ဆိုပါတယ်။

သင်တန်းအတွင်း သင်ကြားပို့ချခဲ့တဲ့ ဆရာ၊ ဆရာမတွေမှာလည်း အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေမှာ အတွေ့အကြုံများစွာရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်ပြီး သင်တန်းအတွင်း ခေါင်းဆောင်တစ်ဦးရဲ့ အရည်အချင်းတွေ၊ အုပ်ချုပ်မှုဆိုင်ရာအားနည်းချက်နဲ့ အားသာချက်တွေကို SWOT analysis (a framework for identifying and analyzing an organization’s strengths, weaknesses, opportunities and threats) စနစ်အသုံးပြုပြီး ဆန်းစစ်ခြင်း၊ Conflict Resolution Time Management, Strategic Thinking စွမ်းရည်တွေကို တက်ရောက်သူတွေနဲ့အတူ မျှဝေသင်ကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီသင်တန်းဟာ ဒေသန္တရအုပ်ချုပ်မှု၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်လာရေးတို့ကို အဓိကထား သင်ကြားပေးတဲ့ သင်တန်းဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်ဒဂုံတွင် မဘသအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအတွက် လူငယ် ၁၀ ဦးကို ဖမ်းဆီးကာ စစ်သင်တန်းကျောင်း ပို့

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ စစ်အုပ်စုလက်ပါးစေ ၅၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး သီဟမျိုးနိုင်နဲ့ အပေါင်းအပါတွေက စစ်မှုထမ်းအတွက် လူငယ် ၁၀ ယောက်ထက်မနည်းကို အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပလက်ဝရှိ စစ်ဘေးရှောင် နေအိမ်အများအပြား ရေနစ်မြုပ်

အိန္ဒိယနဲ့ ချင်းနယ်အစပ်မှာရှိတဲ့ မီဇိုရမ်၊ လောင်တလိုင်ခရိုင်၊ တွီဒင်းရွာနဲ့ ကာကီရွာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ပလက်ဝနယ်က စစ်ဘေးရှောင် နေအိမ်အများအပြား ရေမြုပ်သွားတယ်လို့ ပလပ်ဝကောင်စီ အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

၄ နှစ်တာအတွင်း တော်လှန်ရေးအတွက် အရေးကြီးတဲ့ ရလဒ် ၃ ခုကို ဖော်ဆောင်နိုင်ခဲ့ပြီဟု NUG ကာကွယ်ရေး၀န်ကြီးက အသိပေး

တော်လှန်ရေး ၄ နှစ်တာအတွင်း အရေးကြီးတဲ့ ရလဒ် ၃ ခုကို ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ 
Read More

နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လောင်းလုံးလူထု ချီတက်ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၁ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလမ်းလျှောက်ချီတက်ပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ARSA သတ်ဖြတ်ခဲ့သည့် အရပ်သား ရုပ်အလောင်း ၆ လောင်းကို တွေ့ရှိထားကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အထက်အင်းချောင်းရွာ အနောက်မြောက်ဘက် မီတာ (၇၇၀) ခန့်အကွာ ငှက်ပျောတောအုပ်ထဲမှာ ARSA အဖွဲ့ သတ်ဖြတ်ပြီး စွန့်ပစ်ခဲ့တဲ့ အရပ်သားအလောင်း ၆ လောင်းကို တွေ့ရှိထားတယ်လို့ အာရက္ခတပ်တော် AA က အောက်တိုဘာလ ၁ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်မြို့ အပြီးသတ်သိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ်များ ယနေ့ ပြန်လည်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မေလ ၂၇ရက် ဒီနေ့မှာ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းအချို့ သိမ်းပိုက်ရရှိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။