ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က လအိကျေးရွာ တောင်ပေါ်မှာတည်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံထားရတဲ့အတွက် ပြည်သူတွေကြား ထိတ်လန့်မှု ဝေဖန်မှုတွေဖြစ်နေကြတယ်လို့ ဒေသခံတွေဆီက တဆင့် သိရပါတယ်။

ရှမ်းနဲ့ ကရင်နီအစပ်၊ ဖယ်ခုံမြို့နယ်အနောက်ဘက်၊ လအိကျေးရွာ တောင်ပေါ်မှာ တည်ထားတဲ့ တောင်ထိပ်ဘုရားရဲ့ ဂြိုလ်တိုင်အသီးသီးက ဗုဒ္ဓရုပ်ပွားတော်တွေဟာ ဦးခေါင်းတော်တွေမရှိတော့ဘဲ ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးခံထားရတာလည်း ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ နောက်ကွယ်မှာအကြမ်းဖက်စစ်အုပ်စုရဲ့နိုင်ငံရေးလှည့်ကွက်တွေနဲ့ ဘာသာရေးသွေးခွဲမှုတွေရှိနိုင်သလို တခြားမူးယစ်ရမ်းကားသူ​​​တွေရဲ့လက်ချက်လားဆိုတာကိုလည်း ဒေသတွင်းတာဝန်ရှိသူတွေ၊ တော်လှန်ရေးအင်အားစုတွေက အဖြေရှာနေတယ်လို့ သိရပါတယ်။

ကျနော်တို့ကတော့ လအိတောင်ပေါ်ဘုရားလို့ပဲခေါ်တယ်။ နေ့နံနဲ့ တည်ထားတာဆိုတော့ ရုပ်ပွားတော် ၈ ခု လောက် ဖျက်ဆီးခံထားရတယ်။ အကုန်လုံးလို့ပြောရမယ်ပေါ့လို့ဒေသခံ ၁ ယောက်က မောင်းကို ပြောပါတယ်။

ဓာတ်ပုံ – ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံထားရတဲ့ ဗုဒ္ဓရုပ်ပွားတော်များ

ခရစ်ယာန်ဘာသာဝင်အများစုနဲ့ ဗုဒ္ဓဘာသာဝင်တွေ နေထိုင်ကြတဲ့ လအိကျေးရွာမှာ ရွာခံလူထုကြား စည်းလုံးညီညွတ်မှုအားကောင်းသလို အချင်းချင်း ကူညီရိုင်းပင်းကြတဲ့ရွာဖြစ်တာကြောင့် ဘာသာရေးပဋိပက္ခပြဿနာတွေ မရှိကြဘူးလို့လည်း ဖယ်ခုံဒေသခံ နိုင်ငံရေးလေ့လာသူ ၁ယောက်က ပြောပါတယ်။

သူ့အမြင်အရ ဒီဖြစ်စဥ်ဟာ စစ်ကောင်စီနဲ့ ဆက်နွယ်မှုရှိနိုင်တယ်လို့လည်း ယူဆထားပါတယ်။ဒီဖြစ်စဥ်က စစ်ရှုံးကောင်စီရဲ့ လက်ပါးစေ လူယုံတော်တွေလက်ချက်လို့ပဲ ထင်မြင်ချက်ပေးလို့ရပါတယ်။ ဘာသာရေးတွေ အချင်းချင်းကြား အခုလို ကိစ္စတွေရှိပြီဆိုရင် စစ်ကောင်စီနဲ့ဆက်နွယ်မှုက အမြင့်ဆုံးရှိပါတယ်။ အခြားပယောဂကြောင့်လည်း ဖြစ်နိုင်တယ်ဆိုပေမယ့် ရှေ့မှာ ကျနော်တို့မြန်မာလူမျိုးတွေ လူမျိုးရေး၊ ဘာသာရေးနဲ့မှိုင်းတိုက်လို့လွယ်ခဲ့တဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့တယ်။ ဒါကြောင့် နိုင်ငံရေးနဲ့ ဆက်နွယ်နေမယ်လို့ယူဆတာပါ။ လူထုအနေနဲ့လည်း ဒီဖြစ်စဥ်အပေါ် အမြင်ကျယ်ကျယ်နဲ့ကြည့်ပြီး စိတ်ဓာတ် မကွဲပြားဖို့၊ ထိလွယ်ရှလွယ် မဖြစ်ဖို့အရေးကြီးပါတယ်လို့ ဖယ်ခုံဒေသခံ နိုင်ငံရေးလေ့လာသူက မောင်းကို ပြောပါတယ်။

သူကပဲ ဆက်လက်ပြီးအခုလိုတော်လှန်ရေးအားကောင်းတဲ့နေရာမှာ သူတို့သာမရောက်နိုင်ပေမယ့် လူထုကို သွေးခွဲမယ်။ ညစ်ပတ်တာတွေကတော့ ဆက်လုပ်သွားမှာပါပဲ။လို့ မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ရက်နေ့ကလည်း လအိကျေးရွာနားမှာရှိတဲ့ ဘန်ကောက်စစ်ရှောင်စခန်းကို အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲခဲ့လို့ ကလေးငယ်တွေ အပါအဝင် အများအပြားသေဆုံးခဲ့ရပါသေးတယ်။

ဓာတ်ပုံ – ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံထားရတဲ့ ဗုဒ္ဓရုပ်ပွားတော်များ
0 Shares:
You May Also Like
Read More

ဝက်လက်အရှေ့ခြမ်းတွင် စစ်တပ်ဂျက်ဖိုက်တာ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံး၊ ထိခိုက်သေဆုံးသူများ တိုးလာနိုင်ခြေ ရှိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့‌ခြမ်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သက်ကြီးပိုင်း ၂ ယောက်နဲ့ သက်လတ်ပိုင်း အမျိုးသား ၁ ယောက် သေဆုံးပြီး ထိခိုက်သေဆုံးသူတွေ ထပ်တိုးလာနိုင်ခြေရှိကြောင်း Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သြဂုတ်လအတွင်း TNLA စိုးမိုးနယ်မြေမှာ စစ်တပ်၏ လက်နက်ကြီးနှင့် ဗုံးကြဲမှုကြောင့် ပြည်သူ ၄၆ ဦး သေဆုံး၊ ၅၅ ဦး ထိခိုက်ဒဏ်ရာရ

သြဂုတ်လတစ်လအတွင်း ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါနဲ့ မိုင်းလုံမြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော်၊ သီလရှင်၊ ကလေးငယ်အပါအဝင် ပြည်သူ (၄၆) ယောက် သေဆုံးခဲ့ပြီး သံဃာတော် (၆)ပါး၊ သာမဏေ (၆)ပါးအပါအဝင် ပြည်သူ (၅၅)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) မှ သင်တန်းသားအသစ်များ လက်ခံခေါ်ယူနေ

အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပေါ်တာဆွဲခြင်းနဲ့ တိုင်းပြည်အခြေအနေ အရပ်ရပ်ကြောင့် တော်လှန်တိုက်ပွဲဝင်လိုပြီး ယုံကြည်ချက်ခိုင်မာတဲ့ လူငယ်၊ လူရွယ်တွေအနေနဲ့ တပ်သားသစ်အဖြစ် ဆက်သွယ်ဝင်ရောက်နိုင်တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က ထုတ်ပြန်ထားပါတယ်။
Read More

တောပုရွာမှ ပျူစောထီးများ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကို သတ်ကာ နေအိမ် ၃ လုံး မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက ပျူစောထီးတွေဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကို ဖမ်းဆီး သတ်ဖြတ်ခဲ့သလို နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ချက်ချင်းရုတ်သိမ်းပေးဖို့ အာဆီယံပါလီမန်အမတ်များအဖွဲ့ တောင်းဆို

ပြည်သူလူထုအပေါ် ဖိနှိပ်ဖမ်းဆီးမှုတွေ အားကောင်းလာစေနိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ချက်ချင်းရုတ်သိမ်းပေးဖို့  လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR)က တောင်းဆိုလိုက်ပါတယ်။
Read More

ဆီမီးခုံမြို့ပေါ် ညကင်းလှည့်နေသည့် စစ်အုပ်စု အနီးကပ်ပစ်ခံရပြီး ဗိုလ်အပါ ၃ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့ပေါ်မှာ ညဘက်ကင်းလှည့်နေတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီ ဗိုလ် ၁ယောက်နဲ့ အကြမ်းဖက် ပျူစောထီး ၂ယောက် သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။