ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ငွေလဲလှယ်နှုန်းဟာ တစ်လကျော်အတွင်း တစ်ဒေါ်လာ ၂၅၀၀ နီးပါးအထိ ကျဆင်းလာပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လအတွင်း တစ်ဒေါ်လာ ၇၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ရာကနေ အခုအခါ အောက်တိုဘာလ ပထမပတ်အတွင်းတစ်ဒေါ်လာ ၄၅၈၀ အထိ ပြန်လည်ကျဆင်းခဲ့တာပါ။

ဒါပေမယ့် နိုင်ငံခြားငွေလဲလှယ်တဲ့ ဈေးကွက်အနေအထားကို စောင့်ကြည့်နေဆဲဖြစ်ပြီး အရောင်းအဝယ်အေးနေဆဲဖြစ်ကြောင်း၊ မဖြစ်မနေဝယ်ယူရတဲ့သူကလွဲပြီး ဈေးကွက်အေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်ကနေ ဩဂုတ်လ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ နှစ်လအတွင်း စုစုပေါင်း ဒေါ်လာရောင်းချပေးမှုဟာ ဒေါ်လာ ၃၁၆ သန်းကျော်အထိရှိတယ်လို့ သိရပါတယ်။

ဒီနေ့ အောက်တိုဘာ ၂ ရက်နေ့ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဖြစ်ပေါ်နေတဲ့ ငွေလဲနှုန်းတွေဟာ အမေရိကန်တစ်ဒေါ်လာ ၄၅၈၀ ကျပ်၊ ထိုင်းတစ်ဘတ်ကို ၁၃၇.၉၃ ကျပ်၊ တရုတ်တစ်ယွမ်ကို ၆၄၂ ကျပ်အထိ ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

ရွှေကုက္ကိုလ်ရှိ ၁၂ ထပ် ကျားဖြန့် အဆောက်အအုံကို အကြမ်းဖက် စစ်ကော်မရှင် ဖြိုချပြ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တစ်ဖက်ကမ်း ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ လုပ် ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ ၁၂ ထပ်အဆောက်အအုံတစ်ခုကို အကြမ်းဖက်စစ်တပ်က ဒီနေ့မှာ ဖောက်ခွဲဖြိုချပြခဲ့ပါတယ်။
Read More

ဖယ်ခုံမြို့နယ်အတွင်း လူနေအိမ်များမှာ ကတုတ်ကျင်း၊ ဗုံးခိုကျင်းနှင့် ဘန်ကာများဆောက်လုပ်ထားမှု မြို့နယ် ပလဖ စစ်ဆေးကြည့်ရှု

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ လူနေအိမ်တွေမှာ ကတုတ်ကျင်း၊ ဗုံးခိုကျင်းနဲ့ ဘန်ကာတွေ ဆောက်လုပ်ထားမှုအခြေအနေကို စစ်ဆေးကြည့်ရှုခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

NUG ယာယီသမ္မတ ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များ၊ KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်နှင့် ချင်းညီနောင် ခေါင်းဆောင်များ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလအပါအဝင် NUG အစိုးရအဖွဲ့ဝင်တွေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ဒုဗိုလ်ချုပ်ကြီးဂွမ်မော်တို့ကို ချင်းညီနောင်ခေါင်းဆောင်တွေ သီးခြားစီ တွေ့ဆုံခဲ့တယ်လို့ ချင်းညီနောင် စစ်ရေးကော်မတီ အတွင်းရေးမှူး ဆလိုင်းတင်မီက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
Read More

ကလေးမြို့နယ် ပကဖ က ပြည်သူများအတွက် ဗုံးခိုကျင်းတူးပေးပြီး ဘေးအန္တရာယ် လျှော့ချရေး ဇာတ်တိုက်လေ့ကျင့်မှု ကွင်းဆင်းပြုလုပ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဗုံးခိုကျင်းတွေ တူးဖော်ပေးပြီး ဘေးအန္တရာယ် လျှော့ချရေး ဇာတ်တိုက်လေ့ကျင့်မှုကို ကွင်းဆင်းပြုလုပ်ပေးနေတယ်လို့ ကလေးမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

AA ရဲ့ ထိုးစစ်တွေကြောင့် ဂွမြို့နယ်ထဲက စစ်ကောင်စီ အမြောက်တပ် နောက်ဆုတ်ထွက်ပြေး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ဇီးကုန်းရွာထဲမှာ အထိုင်ချပြီး အနီးတဝိုက် ကျေးရွာတွေကို ပစ်ခတ်နေတဲ့ စစ်ကောင်စီ အမြောက်တပ်က အကြမ်းဖက်စစ်သားတွေဟာ ရခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် နောက်ဆုတ်ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပခုက္ကူလေယာဥ်ကွင်းကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ လေယာဥ်ပြေးလမ်း ပျက်စီးပြီး စစ်သား ၄ ဦး သေ၊ ၄ ဦး အပြင်းအထန် ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ပခုက္ကူလေယဉ်ကွင်းကိုရော့ကတ်တွေ၊ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း လေယာဥ်ပြေးလမ်းပျက်စီးပြီး စစ်တပ်က ၄ ယောက် သေဆုံးကာ စိုးရိမ်ဒဏ်ရာရသူ ၄ ယောက်အပါအဝင် အများအပြားဒဏ်ရာရခဲ့တယ်လို့ Cobra One အဖွဲ့တာဝန်ရှိသူက ​မောင်းသတင်းဌာနကို ပြောပါတယ်။