တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ Vigo အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိခဲ့ကြောင်း ရေဖြူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်၊ နေ့လည်ပိုင်းက ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာကနေ ဇဟာရွာ အမြောက်တပ်ဆီ Vigo အိမ်စီးကားနဲ့ လိုက်ပါလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုကြောင့် ကားမှန်တွေ ကြေမွကာ ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးပြီး မောင်းပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖတပ်ဖွဲ့ (YPPDF) နဲ့အတူ ကျားသစ်နက်၊ ဘီလုံးပြောက်ကျားအဖွဲ့၊ Eastern Defense Force (EDF) နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တေည် (DNLA) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူတာနဲ့ ဆက်စပ်တာတွေကို ရှုံ့ချကြောင်းနဲ့ လုပ်ဆောင်ပေးတဲ့ ထောက်တိုင်တွေအားလုံးကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က အသိပေးထားပါသေးတယ်။

ဓာတ်ပုံစစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ အိမ်စီးကားကို YPPDF နဲ့ DNLA တပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်စဥ် (ပုံဟောင်း)

0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို အများပြည်သူ အချိန်နဲ့တပြေးညီ သိအောင် ထုတ်ပြန်ပေးဖို့အပါအဝင် အချက် ၄ ချက်ကို မြန်မာနိုင်ငံရှေ့နေများကောင်စီ တောင်းဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို အများပြည်သူတွေ အချိန်နဲ့တပြေးညီ သိအောင် ထုတ်ပြန်ပေးဖို့ အပါအဝင် အချက် ၄ ချက်ကို မြန်မာနိုင်ငံရှေ့နေများကောင်စီက ဥပဒေနဲ့အညီ အကြမ်းဖက်စစ်အုပ်စုကို ဒီနေ့ စက်တင်ဘာ ၆ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၂၂) ရဲ့ (၂) နှစ်ပြည့်မွေးနေ့ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် အမှတ် (၈) ဗျူဟာလက်အောက်ခံ တပ်ရင်း အမှတ် (၂၂) ရဲ့ (၂) နှစ်ပြည့်မွေးနေ့ အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက ဂုဏ်ပြုကိတ်ခွဲကာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်း တပ်ဖွဲ့ ၅ ဖွဲ့က ရဲဘော်များပါဝင်သည့် ပခုက္ကူခရိုင်Local တပ်ရင်းစုဖွဲ့မှု အပတ်စဥ် ( ၁ ) သင်တန်းဆင်းပွဲ ပြုလုပ်

မကွေးတိုင်း၊ ပခုက္ကူခရိုင် အတွင်း တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေတစ်နေရာမှာ ဧပြီလ ၂၅ရက်က ပခုက္ကူခရိုင် Local တပ်ရင်းစုဖွဲ့မှု အပတ်စဥ် ( ၁ ) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ Earthquake People's Defence Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေတဲ့ ပုလဲမှာ စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် အရပ်သား တစ်သောင်းနီးပါး စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေရာ အရပ်သား ၁သောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေရကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်ထံက သိရပါတယ်။
Read More

ကိုယ်ဝန်ဆောင်အမျိုးသမီးကို ယင်းမာပင်ခရိုင် တပ်ရင်း-၂၆ ရင်းမှူး ရိုက်နှက်၊ ချုပ်နှောင်၊ အဓမ္မပြုကျင့်သည် ဆိုတဲ့ကိစ္စ တပ်ရင်းဘက်မှ ငြင်းဆို၊ PDF ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့အတွက် ပြန်လည်တရားစွဲမည်ဟု ဆို

စစ်ကိုင်းတိုင်း၊ အေးကုန်းရွာက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို ယင်းမာပင်ခရိုင် တပ်ရင်း -၂၆ ရဲ့ တပ်ရင်းမှူးက ဖမ်းဆီးရိုက်နှက်၊ ချုပ်နှောင်ပြီး အဓမ္မပြုကျင့်တယ်လို့ သတင်းတွေ ထွက်‌ပေါ်နေပေမယ့် အဆိုပါ တပ်ရင်းဘက်က တာဝန်ရှိသူတစ်ယောက်ကတော့ ဒါတွေက မဟုတ်မမှန်ဘူးလို့ မောင်းကို ပြောပါတယ်။
Read More

သဲဖြူရွာက ညီအစ်ကို  ၂ ယောက်ကို စစ်အုပ်စု ခေါင်းဖြတ်သတ်ခဲ့

တနင်္သာရီမြို့နယ်ရှိ သဲဖြူရွာက ညီအစ်ကို ၂ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ KNU - Mergui - Tavoy District က သြဂုတ်လ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။