မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အတင်းအဓမ္မ စစ်သင်တန်းပေးခံထားရတဲ့အရပ်သား၅၀ ကျော် နေရပ်ပြန်ခွင့်မရဘဲ လူသားဒိုင်းလုပ်ကာ ကင်းစောင့်နေကြရတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီထံက သိရပါတယ်။

စက်တင်ဘာလအစပိုင်းကစလို့ စစ်ကောင်စီက ရေစကြိုမြို့ပေါ်ရပ်ကွက်တွေကနေ နေ့စဥ်ရက်ဆက်ဆိုသလို အမျိုးသားတွေကို ဖမ်းဆီးခေါ်ဆောင်ရင်း လူငယ်လူရွယ်တွေကို ရွေးထုတ်ကာ ရေစကြိုရုံးပေါင်းစုံတပ်ထဲ ရက်တို စစ်သင်တန်းပို့ဆောင်ခဲ့ပြီး အခုလို ရပ်ရွာထဲ လူသားဒိုင်းပုံစံမျိုးနဲ့ ကင်းတာဝန်ယူခိုင်းဖို့ စီစဥ်လာတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခံရသူ အယောက်၅၀ နီးပါးဟာ စစ်သင်တန်းရက်၂၀ တက်ပြီးတဲ့နောက် ရေစကြိုမြို့ပေါ်အပြင်၊ မြို့ရှောင်လမ်းဖြစ်တဲ့ တမာတန်းလမ်းဆုံကနေ ညောင်တော၊ ဇီးကျွန်း၊ ရှစ်အိမ်တန်း စတဲ့ ရွာတွေရဲ့ ရွာလမ်းဘေးတစ်လျှောက်မှာ ဂိတ်ချလုံခြုံရေးယူရမှာဖြစ်တယ်လို့ သိရပါတယ်။

အစကတော့ သင်တန်းပြီးရင် အိမ်ပြန်ခွင့်ပြုမယ်၊ လိုအပ်မှ ခေါ်မယ်လို့ပြောခဲ့ပေမယ့်လည်း အခုသင်တန်းပြီးတဲ့အခါကျ အိမ်ပြန်ခွင့်မပေးတော့ဘူး။ သူတို့(စစ်တပ်) ကင်းပုန်းဝပ်ထားတဲ့ မြို့ပေါ်နေရာတွေရော စခန်းချတပ်စွဲထားတဲ့ နေရာတွေမှာပါ ၅ယောက် တစ်ဖွဲ့ စီခွဲထုတ်ပြီး လူသားဒိုင်းလိုမျိုး ကင်းစောင့်ခိုင်းထားတယ်လို့ သိရတယ်။ ဒီနေရာမှာ စစ်ကောင်စီက အိမ်ထောင်စုဇယားနဲ့ ဆန်တွေ ဆီတွေ ထုတ်ပေးသေးတယ်။ အဲ့မှာသွားယူတဲ့အိမ်အများစုက ဖမ်းခံရတာပါ။လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ တာဝန်ရှိသူ၁ယောက်ကမောင်းကိုပြောပါတယ်။

တော်လှန်ရေးအားကောင်းတဲ့ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရုံးပေါင်းစုံတပ်အပြင် တခြားအားထားရာ များများစားစားသိပ်မရှိတော့ဘဲ မကြာခဏ ဆိုသလို တော်လှန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မြို့နယ်တစ်ခုလုံးရဲ့ ၁၀ရာခိုင်နူန်းလောက်တောင် သူတို့အုပ်ချုပ်နိုင်စွမ်းမရှိတော့ပါဘူး။ တော်လှန်ရေးအဖွဲ့တွေအချိန်မရွေး ထသိမ်းနိုင်တဲ့ အခြေအနေမှာ  နိုင်ထက်စီးနင်းလုပ်လို့ရတဲ့ ပြည်သူတွေကို ဖမ်းပြီး စစ်မှုထမ်းခိုင်းတာဟာသွေးရူးသွေးတန်းနဲ့ ယုတ်မာရမ်းကားကြတဲ့ သဘောပါပဲ။ အင်အားလည်း အတော်နည်းနေပြီဆိုတော့ အခုလို လူတွေဖမ်းပြီး ရက်တိုသင်တန်းပေး၊ ယူနီဖောင်းဝတ်ပေးပြီး ကင်းစောင့်ခိုင်းတယ်ဆိုတည်းက တော်လှန်ရေး အဖွဲ့တွေဝင်တိုက်ရင်သက်သက်သေခံခိုင်းဖို့ပါလို့ အထက်ပါ သတင်းရင်းမြစ်က ဆိုပါတယ်။

ရေစကြိုတော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်ကလည်းစခတွေအခုလို မြို့ပေါ်မှာလူသားဒိုင်းတွေလုပ်တယ်ဆိုတော့ ကျနော်တို့အတွက် ကြန့်ကြာတာပေါ့ဗျာ။ ပြီးတော့ ကင်းတွေဘာတွေထဲ ပြည်သူရှိနေရင် ပြည်သူကို ငဲ့ညှာနေရတယ်။ အဲ့အခါ ရှေ့မှာမလိုအပ်ဘဲ အသက်ပေးလိုက်ရတဲ့ရဲဘော်တွေရှိတယ်။ အတက်နိုင်ဆုံးကတော့ မိဘပြည်သူတွေ အာဏာရှင်လူတစ်စုနဲ့ ကင်းကင်းနေကြပါလို့ပဲ မေတ္တာရပ်ခံအပ်ပါတယ်လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီက စစ်မှုထမ်း နောက်တစ်သုတ် ထပ်ခေါ်ဖို့ ပြင်ဆင်တဲ့အနေနဲ့ ရေစကြိုမြို့ပေါ်မှာ အရင်ကအတိုင်း ဆန်တွေဆီတွေ အိမ်ထောင်စုဇယားအတိုင်း ဝေမယ်ဆိုပြီး စည်းရုံးသိမ်းသွင်းနေပေမယ့် မြို့ခံအများစု ကြောက်ရွံ့ထိတ်လန့်နေသလို လူငယ်တော်တော်များများကလည်း မြို့ကိုစွန့်ခွါနေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ရက်နေ့ကလည်း ရေစကြိုမြို့နယ်ထဲက ဆင်မရဲပျူရွာကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားတာ​​ ဖြစ်

ပါတယ်။

ဓာတ်ပုံအကြမ်းဖက်စစ်တပ် စစ်သင်တန်းပေးနေစဥ် (ပုံဟောင်း)

0 Shares:
You May Also Like
Read More

NUG အစိုးရအနေနှင့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ကာ ၂၀၂၅ မှာ သာလွန်စွမ်းဆောင်ရည်များဖြင့် ကြိုးစားကြဖို့ အစိုးရအဖွဲ့ကို ယာယီသမ္မတ တိုက်တွန်း

တော်လှန်ရေးအလုပ်တွေကို မြန်ဆန်၊ လွယ်ကူ၊ ထိရောက်အောင် ၂၀၂၅ မှာ ပြုပြင်ပြောင်းလဲရေးတွေကို ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။ 
Read More

MSDF ခေါင်းဆောင်များဖြစ်သည့် ဒေါက်တာ သီရိမွန်ချမ်းနှင့် နိုင်ကိုသူတို့အား ကောင်စီတာဝန်မှ ယာယီရပ်ဆိုင်းထား

အငြင်းပွားဖွယ်ရာ ပြဿနာတွေဖြစ်ခဲ့တဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ရဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါက်တာ သီရိမွန်ချမ်းနဲ့ နိုင်ကိုသူတို့ကို ကောင်စီတာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြင်းခြံမှာ တိုက်ပွဲဖြစ်ပြီး စစ်သားနဲ့ ပျူ ၇ယောက်သေ၊ တော်လှန်ရေးရဲဘော်တစ်ယောက်လည်း ကျဆုံးခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့  ပြောက်ကျားတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က စစ်သားနဲ့ ပျူစောထီး ၇ ယောက် သေဆုံးကာ အများအပြားထိခိုက်သွားကြောင်း သိရပါတယ်။
Read More

မြေပြန့်ဒေသထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန် ယင်းမာပင်ခရိုင် ပကဖ က (၁/၂၄) အခြေခံစစ်ပညာနဲ့ စုဖွဲ့မှုသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မြေပြန့်ဒေသထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန်မှာ စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင် ပကဖ ရဲ့ (၁/၂၄) အခြေခံစစ်ပညာနဲ့ စုဖွဲ့မှုသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

စစ်မှုထမ်း အပတ်စဉ် ၁ ဆင်း စစ်ကောင်စီတပ်သား KNDF တပ်ရင်း ၉ ဆီ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) တပ်ရင်းက စစ်မှုထမ်းတပ်သား ၁ ယောက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့ မဲရုံကို လုံခြုံရေး‌ပေးရန် လာသည့် အကြမ်းဖက် စစ်ကြောင်း တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ တောင်သာမြို့မဲရုံကို လုံခြုံရေး‌ပေး ဖို့လာ တဲ့ အကြမ်ဖက်စစ်တပ် စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းဆီက သိရပါတယ်။