ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က သူတို့ထောက်တိုင်တွေဖြစ်ကြတဲ့ အမျိုးသားအစွန်းရောက်အဖွဲ့တွေ၊ ကြံ့ခိုင်ရေးပါတီဝင်တချို့နဲ့ စရဖ လို့ခေါ်တဲ့ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်တွေကို လမ်းဆုံလမ်းဂွတွေနဲ့ လမ်းမကြီးတွေမှာ ကင်းချထားပြီး အိမ်ထောင်စု သန်းခေါင်စာရင်း ကောက်ခံမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့ နေထိုင်သူတချို့ဆီက သိရပါတယ်။

ဒဂုံမြို့နယ်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်နဲ့ ဗဟန်းမြို့နယ်တွေမှာ ဒီနေ့ အောက်တိုဘာ ၁ရက်နေ့မှာ စာရင်းကောက်နေပြီး တချို့မြို့နယ်တွေမှာ စက်တင်ဘာလ ဒုတိယအပတ်ကတည်းက ကြိုတင်ကောက်ယူမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

အိမ်ထောင်စု သန်းခေါင်စာရင်းက သူတို့သတ်မှတ်တဲ့ရက်က အောက်တိုဘာလ ၁ရက်နေ့ဆိုပေမယ့် စက်တင်ဘာလ ဒုတိယအပတ်က တချို့မြို့နယ်တွေမှာ ကောက်ပြီးနေပြီ။ ဒီကနေ့မှ ၇ မြို့နယ်ကို စကောက်နေတာ။ စစ်တပ်နဲ့ ပတ်သက်တဲ့ သတင်းပေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးအချို့ရယ်၊ ကြံ့ဖွတ်ပါတီက သူတွေရယ်၊ အမျိုးသားရေး အစွန်းရောက်အဖွဲ့ဝင်တွေနဲ့ စရဖတွေ ပေါင်းပြီး လမ်းဆုံ လမ်းဂွနဲ့ လမ်းမကြီးတွေမှာ ကင်းတွေချထားတယ်..အရပ်ဝတ်တွေနဲ့။ သူတို့သေမှာကြောက်ပြီး လုံခြုံရေးတွေလည်း ချထားသေးတယ်လို့ ရန်ကုန်မြို့နေ အမည်မဖော်လိုသူတစ်ယောက်က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ရဲ့ တရားမဝင် ရွေးကောက်ပွဲကို လာမယ့်နှစ်မှာ ကျင်းပဖို့အတွက် သန်းခေါင်စာရင်းကောက်ယူရေးကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ် မပြုသလို သန်းခေါင်စာရင်းကောက်ယူမှုအပါအဝင် ရွေးကောက်ပွဲဖြစ်မြောက်ရေး ကူညီလုပ်ဆောင်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးအနောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ ပေါ်တာဆွဲမှုကြောင့် လူငယ်တွေ ရှောင်တိမ်းနေကြရ

ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေဖြစ်တဲ့ မင်းလှ၊ အုတ်ဖို၊ သုံးဆယ်မြို့တို့က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲမှုတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

သဲကုန်းမြို့နယ်တွင် စစ်အုပ်စုတိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်က စစ်အုပ်စုကို ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူတွေရှိခဲ့တယ်လို့ ပြည်ခရိုင် ၃၈၀၁ တပ်ရင်း စစ်ထောက်လှမ်းရေး နဲ့ သတင်းပြန်ကြားရေးဆီက သိရပါတယ်။
Read More

ခလရ ၂၅၁ တွင် တာဝန်ထမ်းဆောင်နေသည့် စစ်မှုထမ်းတပ်သားတစ်ဦး ခဲယမ်းများနှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ မြိုင်မြို့ဘက်ကို ရိက္ခာကားတန်းနဲ့အတူလိုက်ပါလာတဲ့ ခလရ ၂၅၁ မှာတာဝန်ထမ်းဆောင်နေသူစစ်မှုထမ်းတပ်သား တစ်ယောက်ဟာ ခဲယမ်းတွေယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း-၃၀၁၁ ဆီက သိရပါတယ်။
Read More

မုံရွာမှ ထွက်ခွာလာသည့် စစ်ကော်မရှင်ရေယာဉ် (၁၅) စီးကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက် ၊ ထိခိုက်သေဆုံးသူများ ရှိနိုင်ဟု ဆို…

" ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်တယ် ၊ အတိအကျတော့ မသိရဘူး၊ စက်တပ်လေထီး‌နဲ့က မပစ်သွားဘူး၊ ဒီအတိုင်းပဲ ကာပေးသွားတာ၊ ရှေ့ထွက်မိုင်းတွေတောင် မဆွဲလိုက်ရဘူး၊ ဂန်းငယ်တွေနဲ့ပဲ ပစ်လိုက်ရတယ်၊ ရှေ့ထွက်မိုင်းဆွဲလိုက်ရင် မီးခိုးတွေ ထွက်သွားရင် အဆင်မပြေလို့ စက်တပ်လေထီးကလည်း တက်လာတာဆိုတော့လေ" လို့ ChindwinFighterGroup(CFG) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ပြင်းထန်နေ၊ ပြည်သူများ စစ်ကောင်စီတပ်နှင့် ဝေးဝေးနေဖို့ သတိပေးထုတ်ပြန်…

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတာကြောင့် ပြည်သူတွေ စစ်ကောင်စီတပ်နဲ့ ဝေးဝေးနေကြဖို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က သတိပေးထုတ်ပြန်ထားပါတယ်။
Read More

ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဒေသခံထင်ပြီး ပေါ်တာဆွဲသည့် စစ်ကောင်စီ အရာခံဗိုလ်နှင့် တပ်ကြပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာ အခြေစိုက် ခမရ (၆) ကနေ အုတ်ဖိုတာဆုံဘက်ကိုသွားရင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံထင်ပြီး ပေါ်တာဆွဲတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံက သိရပါတယ် ။