စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း ၂ ထံက သိရပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ကစလို့ ၃၀ ရက်နေ့အထိ ၃ ရက်တာအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာ ၃ ရွာကို စစ်ကောင်စီက လေ​​ကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေ ကြဲချခဲ့သလို စက်သေနတ်နဲ့ ပစ်ခတ်တာတွေလည်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၉ ရက်၊ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက တဂေါင်းအိုင် ကျေးရွာကို Mi35 နဲ့ ၆ခါ ၊ Mi2 နဲ့ ၈ ခါ လေကြောင်းကနေ ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ် ၆ လုံး ပျက်စီးပြီး အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ယောက် ခြေထောက်ကျည်မှန်ကာ ဖြတ်တောက်ရဖို့ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စက်တင်ဘာ ၂၉ ရက် ညပိုင်းမှာ စစ်ကောင်စီက ကောလင်းမြို့အနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ ရွာသစ်ကျေးရွာအနီးကို ဂျက်ဖိုက်တာနဲ့ပေါင် ၅၀၀ ဗုံး၂ လုံး ကြဲချခဲ့လို့ အရပ်သား ၁ယောက် သေဆုံးကာ ၁၅ ယောက်နီးပါး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင်စက်တင်ဘာလ၃၀ ရက်၊မနေ့က နေ့လယ်ပိုင်းမှာလည်း မြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ ဥက္ကံရွာမြောက်ပိုင်းကို ဂျက်ဖိုက်တာ၂ စီးနဲ့ပေါင်၅၀၀ဗုံး၄လုံးကြဲချခဲ့ရာအရပ်သား၇ယောက်သေဆုံးပြီး၄ ယောက် ထိခိုက်သွားတယ်လို့ကောလင်းခရိုင်တပ်ရင်း၂ကဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ လူမဆန်စွာဘဲ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို PDF တွေလည်းမရှိတဲ့ ရွာတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါလို့ ကောလင်းခရိုင်တပ်ရင်း၂ သတင်းနှင့်ပြန်ကြားရေး က ပြောပါတယ်။

ဓာတ်ပုံစစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က ရွာသစ်၊ ဥက္ကံ၊ တဂေါင်းအိုင်ရွာတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ထားမှု မြင်ကွင်း

0 Shares:
You May Also Like
Read More

ရေဖြူအခြေစိုက် ခလရ ၂၇၃ တပ်ရင်းက စစ်မှုထမ်း တပ်သားသစ် ၃ ဦး လက်နက်မဲ့ အလင်းဝင်လာ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အခြေစိုက် ခလရ ၂၇၃ တပ်ရင်းက စစ်မှုထမ်း တပ်သားသစ် ၃ ယောက် လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ဒေါနတပ်ရင်း၊ တပ်ခွဲ ၆ - ဝေဟင်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးအတွက်ရှေးရှူတဲ့ မြို့နယ်လုံးဆိုင်ရာ “စကားရည်လုပြိုင်ပွဲ” ဝက်လက်မြို့နယ် ဗကသ ဦးဆောင်ပြုလုပ်

ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အကြိုအနေနဲ့ "စကားရည်လုပြိုင်ပွဲ" တစ်ရပ်ကို ဝက်လက်ဒေသမှာ ၃ရက်ဆက်တိုက် ကျင်းပပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ရွေးကောက်ပွဲထက် နိုင်ငံကို တည်ငြိမ်အောင်ပြုလုပ်ဖို့ အာဆီယံနိုင်ငံတွေက စစ်ကောင်စီကို တိုက်တွန်း

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲပြုလုပ်ဖို့ထက် တိုင်းပြည်တည်ငြိမ်ရေးသာ ဦးစားပေးသင့်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ပြောကြားလိုက်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ စစ်ရေးလှုပ်ရှားနေသည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားများ ကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ P29999 - အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းတွေမှာ တပြိုင်တည်း ကျင်းပခဲ့တယ်လို့ ဒီနေ့မှာ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အင်းတကော်နဲ့ ဝေါမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်း၊ ၆၀ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်နဲ့ ဝေါမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

၅၀၅ (က) လွတ်ငြိမ်းဖြင့် လွတ်လာသည့် ၁၇/၁ ကပ်လျက်အမှုတွဲများကို စစ်တပ် ပြန်ဖမ်းနေ

စစ်ကော်မရှင်က ပုဒ်မ ၅၀၅ (က) တွေကို လွတ်ငြိမ်းခွင့်ပေးချိန်မှာ လွတ်လာတဲ့ ပုဒ်မ ၁၇/၁ ကပ်လျက်အမှုတွဲသမားတွေကို စစ်တပ်က ပြန်လည်ဖမ်းဆီးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မဝတီဝင် ကိုသိုက်ထွန်းဦးထံက သိရပါတယ်။