စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာ ပျူစောထီးစခန်းကနေ ကန်ဒေါင့်ရဲစခန်းကို ခဲယမ်းရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) စစ်ကြောင်း ၃ က ထုတ်ပြန်ထားပါတယ်။

ကန့်ဒေါင့်ရဲစခန်းကို လက်နက်ခဲယမ်းတွေ ပို့ဆောင်ပြီး ပြန်လည်ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ABSDF စစ်ကြောင်း ၃ ၊ အမှတ် ၁၄ တပ်ရင်းနဲ့ မဟာမိတ်တပ်တွေက စက်တင်ဘာလ ၂၉ ရက် မနေ့က မွန်းလွဲပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီအကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၆၀ ဝန်းကျင်ရှိပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ABSDF စစ်ကြောင်း ၃ က ဆိုပါတယ်။

စက်တင်ဘာလ ၂၈ ရက်က အင်မထီးပျူစောထီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက Y12 လေယာဉ်နဲ့ ရိက္ခာခဲယမ်းတွေကို လေထီးနဲ့ လာရောက်ချပေးခဲ့ပြီးနောက် မနေ့က ကန်ထောင့်ရဲစခန်းကို ခဲယမ်းရိက္ခာတွေ ပို့ဆောင်ကြတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီကြားဖြတ် တိုက်ခိုက်မှုကို ABSDF အမှတ် ၃ စစ်ကြောင်း အမှတ် ၁၄ တပ်ရင်း ၊ NUG-MOD ဗျူဟာစစ်ကြောင်း ၊ ပုံတောင်တိုက်ဂါး PDF Eagle 1 PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးပစ်ခံရမှုတွင် အရာရှိ ၂ ဦးအပါ ၆ ဦး သေပြီး ၄ ဦး ဒဏ်ရာရ၊ အရာရှိနေအိမ်နှင့် ဘားတိုက်တခြမ်း မီးလောင်ပျက်စီး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်ကော်မရှင်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိ ၂ ယောက် အပါအဝင် စစ်ကော်မရှင်တပ်သား ၆ ယောက် သေဆုံးပြီး အရာရှိနေအိမ်နဲ့ ဘားတိုက်တခြမ်း မီးလောင်ပျက်စီးသွားကြောင်း Brave Warriors for Myanmar က သတင်းထုတ်ပြန်ပါတယ်။
Read More

မန်တုံမြို့နယ်နှင့် နမ္မတူမြို့နယ်တွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်ပိုင်ရှင်များကို ထောက်ပံ့ကြေးများ ပေးအပ်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မန်တုံမြို့နယ်နဲ့ နမ္မတူမြို့နယ်မှာ အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ နေအိမ်ပိုင်ရှင်တွေ ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၆ ယောက် သေပြီး အယောက် ၂၀ ဒဏ်ရာရ

မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းကို Mission 22 အဖြစ် ၁၀၇ မမရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး အယောက်၂၀ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်‎မှ စစ်မှုထမ်းဆင်း စစ်သား (၄) ဦး K.N.L.A တပ်မဟာ(၄) ၊ တပ်‌ရင်း(၁၁) ထံ အလင်းဝင် ဘက်ပြောင်းခိုလှုံ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းဆင်း စစ်သား ၄ ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A ထံ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

ကန်ချနပူရီနယ်စပ်တွင် မြန်မာနိုင်ငံသား တရားမဝင်ရွှေ့ပြောင်း ၂၅ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ ဆိုင်ယော့က စွန့်ပစ်ဓာတ်ဆီဆိုင်ဟောင်းတခုမှာ ရပ်ထားတဲ့ ပစ်ကပ်ကားပေါ်မှာ မြန်မာနိုင်ငံသား တရားမဝင်ရွှေ့ပြောင်း ၂၅ ယောက်ကို နိုဝင်ဘာလ ၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ 
Read More

ကမ္မမြို့ကို စစ်တပ်က အလုံးအရင်းနဲ့ စစ်ကြောင်းဝင်နေလို့ ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ သောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။