မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ အကြမ်းဖက်ရဲစခန်းက ရဲတပ်သားတစ်ယောက် လက်နက်ခဲယမ်းနဲ့အတူ မြစ်ခြေကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အလင်းဝင်ခဲ့လာခဲ့တယ်လို့ MC – KC DF က ဒီနေ့ ထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ ရဲတပ်သားဟာ စက်တင်ဘာ ၂၃ ရက်မှာ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည်ဆံ ၁၉၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့ကို ယူဆောင်လာပြီး အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

မြစ်ခြေကျွန်း‌ချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားကို လုံခြုံတဲ့ နေရာ ပို့ဆောင်ထားပြီး‌ လက်နက်ခဲယမ်း ယူဆောင်လာတဲ့ ဂုဏ်ပြုဆုငွေ ပေးအပ်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဘုတလင်မှာ စစ်ရှောင်တွေအတွက် ကျောင်းသားလက်ရုံးတပ်တော်က ဆေးဝါးလှူဒါန်းမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပြင်းထန်စွာ စစ်ကြောင်းထိုးလာမှုတွေကြောင့် ရှောင်တိမ်းနေထိုင်ရတဲ့ စစ်ရှောင်ပြည်သူတွေကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂများ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ လှူဒါန်းပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းလှတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေ၊ နှစ်ဖက် ထိခိုက်သေဆုံးမှုရှိသလို အရပ်သား သေဆုံးမှုများလည်းရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ  ၂ရက်ဆက်ဖြစ်ပွားနေပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိသလို စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

ယောကာကွယ်ရေးတပ်မှ စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းရဲဘော်များကို အောက်မေ့ရည်စူးပြီး ဆီမီးထွန်းဂုဏ်ပြုခြင်း အခမ်းအနား ပြုလုပ်

ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် - YDF က စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းရဲဘော်တွေကို အောက်မေ့ရည်စူးပြီး ဆီမီးထွန်းဂုဏ်ပြုတဲ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ YDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲကိစ္စရပ်များ လုပ်ကိုင်နေသည့် ဒဂုံမြို့သစ်(တောင်ပိုင်း) လဝကရုံး လက်ပစ်ဗုံး ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သွားကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ချင်းပြည်အတွင်း ရွေးကောက်ပွဲ ဝင်ပြိုင်သူ၏ ပိုင်ဆိုင်မှု​များကို ပြည်သူပိုင်သိမ်းပြီး ထောင်ဒဏ်ပါ ကျခံရမည်ဟု ချင်းပြည်ကောင်စီကြေညာ

လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရင် ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းမှာ ဖြစ်သလို ထောင်ဒဏ်ပါ ကျခံရမယ်လို့ ချင်းပြည်ကောင်စီ (CC) ကနေ ဒီနေ့ နိုဝင်ဘာလ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

CDM ကျောင်းဆရာမနှင့် ခင်ပွန်း အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး လုပ်ဆောင်သွားမည်ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ထုတ်ပြန်

တနင်္သာရီတိုင်း၊ ပုလောမြို့မှာ နေထိုင်တဲ့ CDM ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ အသတ်ခံမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။