တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်းက ခလရ ၁၇ တပ်ရင်း၊ ပလရဲစခန်းနဲ့ တာဝါတိုင်စခန်းတွေကို ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပုလော ပကဖထံက သိရပါတယ်။
စက်တင်ဘာ ၂၆ ရက်ကနေ စက်တင်ဘာ ၂၉ ရက်အထိ ဒရုန်းနဲ့ ပုလောမြို့နယ်အတွင်းက ခလရ ၁၇ တပ်ရင်းကို ၂ ကြိမ်၊ ပလရဲစခန်းကို ၆ ကြိမ်၊ တာဝါတိုင်စခန်းကုန်းကို ၇ ကြိမ်၊ ခလရ ၂၈၅ တပ်ရင်းအနီးက အော်သာယာဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းကို ၁ ကြိမ် ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့အကြမ်းဖက်စစ်တပ်စခန်းကအဆောက်အအုံနဲ့တပ်သားတွေထိခိုက်သေဆုံးမှုရှိခဲ့ပြီးလက်နက်ကြီး၊လက်နက်ငယ်တွေပတ်ဝန်းကျင်ကိုရမ်းသမ်းပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၁၅ ရက်နဲ့ ၁၈ ရက်ကလည်း ရှပ်ပုံကျေးရွာနဲ့ ငါးမိုင်ရွာအနီး အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေမှာ Shadow Squad Drone အဖွဲ့က ဒရုန်းနဲ့ ဗုံးသီး ၁၅ ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။