ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်တပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူပိုင် နေအိမ် () လုံး ပျက်စီးခဲ့ပြီး ပြည်သူ () ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း စက်တင်ဘာ (၃၀) ရက် မနက်အစောပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ် ပိန်းဇလုပ်အခြေစိုက် ခလရ၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ()လုံး ပစ်ခတ်ခဲ့ရာ ခင်ကန့်လန့်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ (၄၅)နှစ်အရွယ် အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲ့ဒီအမျိုးသမီးနေအိမ်လည်းထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရွှေကျင်မြို့နယ်အတွင်း စက်တင်ဘာလ (၂၈) ရက် ညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ()လုံး ပစ်ခတ်ခဲ့ရာ ဂွေးကုန်းကျေးရွာအနီး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ကပဲ အဲ့ဒီနေ့ညပိုင်းမှာ ၁၂၀ မမ လက်နက်ကြီး ()လုံး ထပ်မံပစ်ခတ်ခဲ့ရာ  လက်နက်ကြီး () လုံးက အင်းပရိတ် ကျေးရွာ အနီး ကျရောက် ပေါက်ကွဲခဲ့ပြီး ကျန်တဲ့ ()လုံးကတော့ လိန်ပင်၀ိုင်း ကျေးရွာ စာသင်ကျောင်းဘက်မှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အပြင် စက်တင်ဘာ (၂၉) ရက် မနက်ပိုင်းမှာလည်း ၁၂၀ မမ လက်နက်ကြီး ()လုံး ပစ်ခတ်ခဲ့ရာ ချိုအေးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

မူးမြို့နယ်အတွင်း စက်တင်ဘာလ (၂၇) ရက် ညနေပိုင်းမှာ ကညွတ်ကွင်းအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ၄၃၉ တပ်ရင်းက လက်နက်ကြီး ()လုံး ပစ်ခတ်ခဲ့ရာ အင်ကွင်းကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ (KNU) − အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုများ

0 Shares:
You May Also Like
Read More

KIO မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နှင့် ယောတပ်တော် တွေ့ဆုံဆွေးနွေး (ဓာတ်ပုံသတင်း)

ယောဒေသမှာ အခြေပြုပြီး စစ်ရေးလှုပ်ရှားနေတဲ့ ယောတပ်တော် (YA) ရဲ့ တာဝန်ရှိသူတွေက ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (KIO/KIA) မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဖေ့စ်ဘုတ်ပေါ် ခင်မင်ပြီး အပြင်မှာ ဓားပြတိုက်တဲ့သူတွေ ၁ ရက် အကြာမှာပဲ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လုယက်မှုနဲ့ ပတ်သက်လို့ ပါဝင်ပက်သက်သူတွေအားလုံးကို ဖမ်းဆီးရမိထားပြီး အဆင့်ဆင့်စစ်ဆေး​​အရေးယူသွားမယ်လို့ ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ တိုက်နယ် ပကဖတာဝန်ခံ ဦးကျော်ကျော်က မောင်းကို ပြောပါတယ်။
Read More

ARSA သတ်ဖြတ်ခဲ့သည့် အရပ်သား ရုပ်အလောင်း ၆ လောင်းကို တွေ့ရှိထားကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အထက်အင်းချောင်းရွာ အနောက်မြောက်ဘက် မီတာ (၇၇၀) ခန့်အကွာ ငှက်ပျောတောအုပ်ထဲမှာ ARSA အဖွဲ့ သတ်ဖြတ်ပြီး စွန့်ပစ်ခဲ့တဲ့ အရပ်သားအလောင်း ၆ လောင်းကို တွေ့ရှိထားတယ်လို့ အာရက္ခတပ်တော် AA က အောက်တိုဘာလ ၁ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

စမ်းချောင်းမြို့နယ်ရှိ မဟာမြိုင်ရဲဝန်း လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က မဟာမြိုင်ရဲဝန်း လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခံရပြီး ထိခိုက်မှုတွေရှိကြောင်း မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ Freeland Attack Force (FLA) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မဲပလီဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်၊ ဗျူဟာမှူးအပါ စစ်သုံ့ပန်းများနှင့် လက်နက်ကြီးပါ ရရှိ

ဘီးလင်းမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း အယောက် ၂၀ ကျော် ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

စစ်တပ်ဝါဒဖြန့် MRTV မှ ပြည်သူစိတ်ဝင်စားသည့် အစီအစဉ်ကောင်းများ ပြသဖို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား

စစ်ကောင်စီက ထိန်းချုပ်ထားပြီး နေ့စဉ် အများပြည်သူကို ဝါဒဖြန့်နေတဲ့ MRTV အနေနဲ့    ပြည်သူတွေစိတ်ဝင်စားတဲ့ အစီအစဉ်ကောင်းတွေ ပြသဖို့ အာဏာသိမ်း  ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။