ကချင်ပြည်နယ်၊ ချီဗွေမြို့ကို  KIA က အပြီးသတ်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ လုံး၀ကင်းစင်သွားတဲ့နယ်မြေ ဖြစ်သွားကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ် တချို့မှာ ဖော်ပြလာပါတယ်။

စက်တင်ဘာ ၂၉ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ချီဗွေမြို့က ဗျူဟာကုန်းအပါအဝင် တပ်စခန်း လေးခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို စတင်ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။

နောက်ဆုံး လက်ကျန်တပ်စခန်းကို ခက်ခဲစွာ ထိုးစစ်ဆင်ခဲ့ပြီး ချီဗွေကို KIA နဲ့ PDF တပ်ပေါင်းစုက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

စက်တင်ဘာ ၂၉ရက် မနက်အစောပိုင်းက စတင်ထိုးစစ်ဆင်ခဲ့တဲ့ ချီဗွေမှာ ပြည်သူ့စစ်စခန်း၊ ချီဖွေရဲစခန်း၊ ၄မိုင်စုပေါင်းဂိတ်စခန်း နဲ့ စစ်ကောင်စီ ဗျူဟာကုန်းတို့ကို တစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်တွေ အသုံးပြု ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ခံစစ်ပြင်ခဲ့ပေမယ့် ချီဗွေကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်က စစ်သုံ့ပန်းတွေ အမြောက်အမြား ဖမ်းဆီးရရှိထားသလို လက်နက်ခဲယမ်းတွေလည်း ရရှိထားကြောင်း သိရပါတယ်။

ချီဗွေမြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး KIA ဘက်ကတော့ တရား၀င်ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲ အကြိမ် ၄၀ ကျော်ဖြစ်ပွါးပြီး စစ်ကောင်စီတပ်သား ၆၁ ယောက် သေ

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်တာအတွင်း စစ်ကောင်စီနဲ့ တိုက်ခိုက်မှု အကြိမ် ၄၀ ကျော် ဖြစ်ပွါးခဲ့ကြောင်း တောင်းပိုင်းစစ်ဒေသနယ်မြေက အသိပေးထုတ်ပြန်ပါတယ်။
Read More

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်ကာ မိသားစုနှင့်အတူ အလင်းဝင်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ် ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်နဲ့ မြိုင်မှာ အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစု တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက်က ၆ ယောက် သေကာ အများအပြား ထိခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်အု​ပ်စုဘက်က ၆ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

နတ်တလင်းတွင် ဆိုင်ကယ်နှင့် ကင်းပတ်သည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၂ ဦး သေ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ နတ်ပွဲကနေ ကင်းပတ်ပြီးပြန်လာတဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက် သေကာ အများအပြားထိခိုက်ခဲ့ကြောင်း တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၄၊ Bamar Revolution Army (B.R.A) ထံက သိရပါတယ်။
Read More

သရက်ချောင်းတွင် ဆန္ဒပြပြည်သူ ၄ ဦး ကျဆုံးခဲ့မှု ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး အာဇာနည် ၄ ယောက် ကျဆုံးခဲ့ရမှု ၄ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ ညနေပိုင်းမှာ "လမ်းမထက်က သွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့" ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၁) ယောက်အပါ ဒေသခံ ၃ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၁) ယောက်နဲ့ ဒေသခံ အမျိုးသမီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။