MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က လားရှိုးမြို့ကို စစ်ကောင်စီက စက်တင်ဘာ ၂၈ ရက်ညပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေ ထိခိုက်သေဆုံးမှု အချို့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

လားရှိုးမြို့ လူနေရပ်ကွက်တစ်ခုက ကားဝပ်ရှော့တစ်ခုမှာ စစ်ကောင်စီက ကြဲချတဲ့ ဗုံးတွေကျရောက် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ လားရှိုးဒေသခံတွေကဆိုပါတယ်။

မနေ့က စက်တင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီ ၃၄ မိနစ်အချိန် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေက လားရှိုးမြို့ပေါ် ရပ်ကွက် ၈ အနောက် ကားဝပ်ရှော့ပေါ်သို့ ဗုံးများ ကျဲချခဲ့ခြင်းဖြစ်ပြီး လူနေအိမ်များ ထိခိုက်ပျက်စီးကာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာပါ။

ထိခိုက်သေဆုံးရတဲ့ အရေအတွက်ကို လတ်တလောမှာ အတည်မပြုနိုင်သေးသလို MNDAA ဘက်ကလည်း တရားဝင် ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

လားရှိုးမြို့ကို ပြီးခဲတဲ့ စက်တင်ဘာ ၂ ရက်ကနေ စက်တင်ဘာ ၂၈ ရက်အထိ ရက်ခြားဆိုသလို စစ်ကောင်စီဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာ ၁၄ ကြိမ်ရှိပြီး သုံးယောက်သေဆုံးခဲ့ရတယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

အရပ်သား ပြည်သူတွေနေထိုင်ရာ နေရာတွေကိုပစ်မှတ်ထားဗုံးကြဲတာဟာ စစ်ကောင်စီရဲ့ အရှက်မရှိတဲ့ သိက္ခာမဲ့လုပ်ရပ်ဖြစ်တယ်လို့ MNDAA က အပြင်းအထန်ရှုံ့ချထားပါတယ်။

ဓာတ်ပုံ (Nay Wai Soe)

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့လယ် ဆူးလေတံတားအနီး ပုန်ကန်အံတု

အာဏာသိမ်းစစ်တပ်ရဲ့ လုံခြုံရေးထူထပ်တဲ့ ရန်ကုန်မြို့လယ် ဆူးလေလူကူးတံတားအနီးမှာ ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ဆန္ဒပြလှုံ့ဆော်တဲ့ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ်မှာ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ကြဖို့လိုကြောင်းနဲ့ အတုအယောင် ရွေးကောက်ပွဲ အလွန်ကာလမှာလည်း ပြည်သူလူထု ကိုယ်တိုင်ရုန်းကန်မှ လွတ်မြောက်မှုအစစ်ရမှာဖြစ်တဲ့အတွက် ‘ပုန်ကန်အံတု’ ဖို့ လိုအပ်ကြောင်း အသိပေးလှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ်။
Read More

တန့်ဆည်နှင့် ရေဦးမြို့နယ်အစပ်ရှိ ကျေးရွာများအား စစ်အုပ်စု စစ်ကြောင်း၂ ခု ခွဲထိုးပြီး မီးရှို့ဖျက်ဆီး၊ လေကြောင်းတိုက်ခိုက်မှုများလည်းရှိနေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၁ ရက် ဒီနေ့မနက်အစောပိုင်းမှာ စစ်ကြောင်း​၂ ခု ခွဲထိုးရင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ နယ်ခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို အပစ်ရပ်ထားသည့် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅ဝ)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅ဝ) ဗုံး (၁) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံကိုကာကွယ်ဖို့ ယောကျ်ား၊ မိန်းမ အသက်အရွယ်မရွေးတာဝန်ရှိတယ်လို့ အကြမ်းဖက် ပေါ်တာဆွဲ စစ်မှုထမ်းခိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောဆို

နိုင်ငံကာကွယ်ရေးတာဝန်ဟာ  နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတိုင်း ယောကျာ်း၊ မိန်းမ အသက်အရွယ်မရွေး ထမ်းရွက်ကြရဖို့ တာဝန်ရှိတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

တီးတိန်မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုထဲ လိုက်ပါဆောင်ရွက်သူကို PDF Zoland ဖမ်းဆီးထိန်းသိမ်း…

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ခံမှုမှာ တက်ကြွစွာ ပါဝင်တဲ့ Kam Lian Thang ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ PDF-Zoland က ထုတ်ပြန်ထားပါတယ်။ PDF Zoland နဲ့ Chin…
Read More

စစ်ကောင်စီ၏ မီးလောင်ဗုံးများကြောင့် လင်မယားနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် သေဆုံး၊ ဒဏ်ရာပြင်းထန်တဲ့ ၁၀ တန်းကျောင်းသားလည်း ထပ်မံသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ကန်ကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန်နဲ့ ဆေးကုသနေရသူ ၃ ယောက်ရှိကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကို​ ပြောပါတယ်။