လားရှိုးမြို့ကို မနေ့က စက်တင်ဘာ ၂၈ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ကား၁၂စီး ပျက်စီးဆုံးရှုံးခဲ့ရပြီး သိန်းတစ်ထောင်ကျော်နီးပါး ဆုံးရှုံးခဲ့ရကြောင်း MNDAA က အသိပေး ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၂၈ ရက် မနေ့က ည ၈ နာရီ ၃၄ မိနစ်လောက်မှာ လားရှိုးမြို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက် ၈ မန်ဆူဟိုတယ်အနီးကို ပေါင်ချိန်များတဲ့ ဗုံးတစ်လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့်  မန်ဆူ ဟိုတယ်အနီးက ကားဝပ်ရှော့ပျက်စီးခဲ့ပြီး ကားဝပ်ရှော့မှာ ပြုပြင်ထားတဲ့ ကား ၁၂ စီး ပျက်စီးခဲ့သလို ကားပြင်ဆိုင်တစ်ဆိုင်လုံး ကျပ်သိန်း ၁၀၀၀ နီးပါး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ သိရပါတယ်။

တဆက်တည်းမှာပဲ အနီးပတ်ဝန်းကျင်က အဆောက်အအုံတွေနဲ့ ဈေးဆိုင်တွေလည်း ပြင်းထန်စွာ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့နောက်  လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီ ၊ ရဲစခန်းနဲ့ မီးသတ်တပ်ဖွဲ့တို့က ဗုံးကြဲခံရနေရာကို ချက်ချင်းသွားရောက် ကယ်ဆယ်ပြီး ရှင်းလင်းမှုတွေပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

လားရှိုးမြို့ကို ပြီးခဲတဲ့ စက်တင်ဘာ ၂ ရက်ကနေ စက်တင်ဘာ ၂၈ ရက်အထိ ရက်ခြားဆိုသလို စစ်ကောင်စီဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာ ၁၄ ကြိမ်ရှိပြီဖြစ်ပြီး သုံးယောက်သေဆုံးခဲ့ရတယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်မှာ ဖြစ်ပွားခဲ့သည့်ပေါက်ကွဲမှု ယမ်းဂိုဒေါင်ပေါက်ကွဲမှု သို့မဟုတ် စစ်ကောင်စီတပ် ဒရုန်းနှင့် ပစ်ခတ်သည့် ပုံစံ ဖြစ်နိုင်ဟု ဆို… ပေါက်ကွဲမှုကြောင့် နေအိမ် ၂ လုံးမှ မိသားစုဝင် ၉ ဦးသေဆုံး၊ နေအိမ် ၁၀ လုံးပျက်စီး…

“ပထမတော့ ပေါက်ကွဲသံ သေးသေးလေး ကြားရတယ်။ ဒရုန်း နဲ့ ပစ်သလိုမျိုး ၊ လက်နက်ကြီးတစ်လုံးကျပြီးမှယမ်းဂိုဒေါင်ပေါက်ကွဲတဲ့ ပုံစံမျိုး၊ ဘယ်သူမှတော့ အတည်ပြုလို့မရဘူး ၊ ပေါက်ကွဲမှုကြောင့်အလင်းရောင်မြင်လိုက်ရတယ်ဆိုတော့ ဒရုန်း နဲ့ချတယ်လို့လည်းပြောကြတယ်။ တကယ်လို့ ဖားကန့်ဗျူဟာကုန်းကနေ ပစ်တယ်ဆိုလည်း ​ဗျူဟာကုန်းကနေ အသံကြားပြီးမှ ကျတဲ့အသံကြားမှာလေ၊ အဲသလိုလည်းမဟုတ်ဘူး”လို့ ဖားကန့်မြို့ခံတစ်ဦးက မောင်း ကိုပြောပါတယ်။
Read More

၂၀၂၅ ခုနှစ် ၈လတာအတွင်း အကြမ်းဖက်စစ်တပ် အကြိမ် ၃၃၀၀ ကျော် လေကြောင်းတိုက်ခိုက်၊ ငလျင်အပြီး အပစ်ရပ်ထားသည့် ဧပြီလတွင် စံချိန်တင် အများဆုံး တိုက်ခိုက်ခဲ့

၂၀၂၅ ခုနှစ်ရဲ့ ၈ လတာ ကာလအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ အကြိမ်‌ရေ ၃,၃၀၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဟားခါးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လက်နက် ၂ လက်နှင့်အတူ အလင်းဝင်လာ

ချင်းပြည်နယ် မြို့တော် ဟားခါးကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ခိုလှုံလာတယ်လို့ Senthang Revolution Force - SRF က ထုတ်ပြန်ထားပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနက ကလလတ စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနဟာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စစ်ဦးစီးချုပ်ထံ သေနတ်အလက် ၅၀ ကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ပေးအပ်ခဲ့တယ်လို့ Karenni People’s Voice က သတင်းဖော်ပြထားပါတယ်။
Read More

ကရင်နီပြည်၊ ဖားဆောင်း PDF တပ်တည်ထောင်မှု (၂)နှစ်ပြည့် အခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် မတော် ဖားဆောင်း တပ်ရင်းအမှတ် (၁၁၀၈ )တပ်တည်ထောင်မှု (၂) နှစ်ပြည့် အခမ်းအနားကို နို၀င်လာ ၃၀ မနေ့က ပြုလုပ်ခဲ့ပါတယ်။
Read More

KNDF အမှတ် ၁၄ တပ်ရင်း၏ အပတ်စဥ် (၆) စစ်သင်တန်းဆင်းပွဲနှင့် ၄ နှစ်ပြည့် မွေးနေ့အခမ်းအနား၊ ၄ နှစ်တာအတွင်း ကျဆုံးအာဇာနည်ရဲဘော် ၁၃ ဦး ရှိခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် ၁၄ တပ်ရင်းရဲ့ အပတ်စဥ် (၆) အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ တပ်ရင်း ၄ နှစ်ပြည့် မွေးနေ့အခမ်းအနားကို အောက်တိုဘာ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။