မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေထောင်ထားတဲ့ နင်းမိုင်း နင်းမိလို့ ကင်းပုန်းထွက်လာတဲ့  စစ်ကောင်စီတပ်သား ၅ယောက်သေဆုံးခဲ့ပြီး နယ်မြေရှင်းလင်းရေး သွားရောက်လုပ်ဆောင်ရာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်ပကဖ က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၂၇ရက်၊ ညနေပိုင်းက မြိုင်မြို့နယ်၊ ညောင်ဂျစ်ပင်ပျူရွာကနေ ကင်းပုန်း ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁၀ယောက်ခန့်ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကြိုထောင်ထားတဲ့ နင်းမိုင်းတွေ နင်းမိပြီး ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖရဲ့ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၂၇ရက် မနက်အစောပိုင်းကစလို့ တွင်းမပျူရွာကနေ ပခုက္ကူ-ကမ္မလမ်းပိုင်း၊ ကမ္မအရှေ့ဘက်မှာရှိတဲ့ ညောင်ဂျစ်ပင် ပျူရွာဆီ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ပထမဦးဆုံး မိုင်းဆွဲတိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမယ့် မိုင်းဆွဲကြိုးတွေကို စစ်ကောင်စီတပ်က ဖြတ်တောက်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက်တော်လှန်ရေးတပ်တွေက ရှေ့ကနေ ကြိုတင်နေရာယူစောင့်ဆိုင်းပြီး မိုင်းဆွဲဖို့ကြိုးစားခဲ့ပြန်ရာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ၆၀မမ ပစ်ခတ်မှုကြောင့် မိုင်းတွေကို ထောင်ထားရင်းနဲ့ပဲ ထပ်မံဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

ညနေပိုင်းမှာတော့ တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့မိုင်းတွေကို ညောင်ဂျစ်ပင်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁၀ယောက်နီးပါးက ညောင်ဂျစ်ပင်ပျူစခန်းကအထွက် လမ်းမှာနင်းမိပြီး နေရာတင် ၅ယောက်သေကာ ထိခိုက်ဒဏ်ရာရသူတွေကို ညောင်ဂျစ်ပင်ရွာကို ပြန်လည်သယ်ဆောင်သွားကြတယ်လို့ မြိုင်ပကဖ က ပြောပါတယ်။

နောက်တစ်နေ့မနက်ပိုင်းမှာတော့ မိုင်းထောင်ထားရာ နေရာဆီ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ သွားရောက်ရှင်းလင်းခဲ့ပြီး ကျည် (၃၄) တောင့်ပါ G3 သေနတ် ၁လက်၊ MA ကျည်ဘောက် (၁) ဘောက်နဲ့ ၅.၅၆ ကျည် (၃၆၂) တောင့်တို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အင်အား (၃၀၀) ပါ  အထက်ပါ စစ်ကောင်စီ စစ်ကြောင်းဟာလည်း ညောင်ဂျစ်ပင်ရွာကနေ ပခုက္ကူတပ်မ ၁၀၁ ကို ယာဉ်တန်းနဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။ 

မိုင်းတွေကို မြိုင်ပကဖနဲ့အတူ ဧရာဒေါင်းပြောက်ကျားတပ်ဖွဲ့၊ BLY ပြောက်ကျားတပ်ဖွဲ့၊ Black Cobra Force (ကမ္မတပ်ပေါင်းစု) တို့က ပူးပေါင်းစီစဉ်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဒိုက်ဦးထောင်တွင် အကျဉ်းထောင်အလုပ်များကို ငြင်းဆန်သည့် နိုင်ငံရေးအကျဉ်းသူများ ပါဆယ်ပို့ခွင့် ကန့်သတ်ခံရ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေဟာ အကျဉ်းထောင်အလုပ်တွေကို ငြင်းဆန်တာကြောင့် ပါဆယ်ပို့ခွင့် ကန့်သတ်ခံနေရကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ကနေ သတင်းထုတ်ပြန်ပါတယ်။
Read More

ဝမ်းတွင်းကနေ မန္တလေးဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ကနေ မန္တလေးမြို့ဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Wundwin Township Revolution Force (WTRF) ထံက သိရပါတယ်။
Read More

Tiger Dragon Revolution Force ရဲဘော်တွေကို တန်းစီလူစစ်ဆေးခြင်းနဲ့ ဝတ်စားဆင်ယင်မှု စစ်ဆေးမှုပုံရိပ်များ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF တပ်ရင်း - P29909 ၊ တပ်ခွဲ(၃) Tiger Dragon Revolution Force မိုင်းထုတ်လုပ်ဖောက်ခွဲရေးနဲ့ တိုက်ခိုက်ရေးတပ်ခွဲ၊ တပ်ခွဲမှူးက အပတ်စဉ် တနင်္လာနေ့တိုင်း တပ်ခွဲရှိ ရဲဘော်တွေကို တန်းစီလူစစ်ဆေးခြင်းနဲ့ ဝတ်စားဆင်ယင်မှုစစ်ဆေးခြင်း မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ခွဲက ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့သည့်အပေါ် MDY-PDF ထောက်ခံကြိုဆို

တအာင်းပြည်နယ် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲကြီးကနေ တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် ထောက်ခံကြိုဆိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်-ပကဖရဲ့ ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်းဆင်းပွဲ

မြိုင်-ပကဖရဲ့ ပကဖစုဖွဲ့မှုတပ် NCO အကြပ်သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ မတ်လ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ မြိုင်ပကဖက ဒီနေ့ ဧပြီလ ၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူမှာ ပျူစောထီးစခန်းနဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ရာ ၁၅ ယောက်ထက်မနည်း သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ…

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ ​အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းနဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ရာ ၁၅ ယောက်ထက်မနည်း သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ အညာညီနောင်တော်လှန်ရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ပါတယ်။