မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကို Mission 22 အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၄လုံးအောင်မြင်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၂၉ရက်၊ ဒီနေ့မနက်အစောပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၃ကြိမ်မြောက် တိုက်ခိုက်မှုအဖြစ် ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ရာမှာ ၂လုံးဟာ ဌာနချုပ်ဝန်းထဲမှာရှိတဲ့ အပတ်စဥ် ၃ စစ်သားတွေ နေထိုင်ရာဘားတိုက်အဆောက်အအုံကို ထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေရှိနိုင်သလို နောက်၂လုံးကတော့ ကွင်းထဲကျခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့က ပြောပါတယ်။

“၆ လုံးပစ်တာမှာ ၄ လုံးအောင်ပြီး ရှော့ ဒုံး ၄ လုံး စလုံး လပခ ထဲ ဝင်ပါတယ်။ ၂ လုံး က မြောက်ပိုင်းထိုးစစ်ဆင်မယ့် အပတ်စဉ် ၃ စခတွေနေတဲ့ ဘားတိုက်ကို၂ လုံးကိုထိပြီး ၂၀ ထိခိုက်တယ်လို့သိရပါတယ်။ သေဆုံးမှု ရှိမရှိကိုတော့ စုံစမ်းဆဲဖြစ်ပါတယ်။ နောက် ၂ လုံးကတော့ ကွင်းထဲကျတယ်လို့သိရပါတယ်။ ဒါက လက်ရှိစုံစမ်းသိရှိရသလောက်ပါ။ နောက်ထပ်အထိအခိုက်အပျက်အစီးများလည်း ဆက်လက်စုံစမ်းနေပါတယ်။” လို့ Brave Warriors for Myanmar-BWM အဖွဲ့တာဝန်ရှိသူ က မောင်းကိုပြောပါတယ်။

ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီဘက်က အစစ်အဆေးတွေရှိခဲ့ပေမယ့် မစ်ရှင်လုပ်ဆောင်တဲ့တပ်ဖွဲ့ဝင်တွေ အကုန်လုံးဘေးကင်းလုံခြုံရာ သက်ဆိုင်ရာဌာနေ စခန်းအသီးသီးကို ပြန်လာနိုင်ခဲ့တယ်လို့သိရပါတယ်။

“ရဲဘော်တွေက စခကင်းပုန်းတွေကြားကပဲ အတွင်းစည်းထဲအထိ အပျောက်ဝင်ပစ်တယ်၊ အပျောက်ပြန်ထွက်တယ်၊ ရုတ်တရက်ဘယ်နေရာကပစ်မှန်းမသိတော့ သူတို့တွေ ဘယ်လိုက်ရမှန်းမသိဘူး၊ ပစ်ပြီး ၁၅ မိနစ်လောက်နေတော့ စခကား ၂ စီး မီးထိုးပြီး ပတ်ရှာနေတာတွေ့ပါတယ်။” လို့ Brave Warriors for Myanmar-BWM အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ၁၀၂၇ ဒုတိယပိုင်းစစ်ဆင်ရေးအတွင်းတော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ပြီးနောက်ပိုင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ စစ်ကောင်စီရဲ့အဓိကအားထားရာဖြစ်လာသလို ရန်နိုင်မင်း စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး အင်အားအစွမ်းကုန် ဖြည့်တင်းထားတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းစစ်ဌာနချုပ်တွေဟာ သက်ဆိုင်ရာဒေသအလိုက် အကြမ်းဖက် တပ်ရင်း တပ်ဖွဲ့တွေရဲ့ အမိန့်ပေးစနစ်အတွက် ပင်မစစ်ရေးဗဟိုချက်တွေ ဖြစ်တဲ့အတွက် ရန်သူရဲ့  Chain of Command ကို ဖြတ်တောက်ဖြိုခွဲဖို့ ရည်ရွယ်ပြီး အခုလို တိုင်းစစ်ဌာနချုပ်တွေကို ရွေးချယ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Brave Warriors for Myanmar အဖွဲ့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၃ကြိမ်မြောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၃ရက်နေ့ ဒုတိယအကြိမ်မြောက်တိုက်ခိုက်မှုမှာတော့ ဒုစစ်ခေါင်းဆောင်စိုးဝင်းရဲ့ PA ဗိုလ်မှူးကြီးနဲ့ အရာရှိတွေအပါဝင် ၁၈ယောက်ထိခိုက်သွားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်နေစဥ်

0 Shares:
You May Also Like
Read More

မန္တလေးမှာ စစ်သားသစ် စုဆောင်းခံရသူ စစ်ကောင်စီတပ်သားသစ်တစ်ဦး စလင်း ပကဖ ထံ ခဲယမ်းများနှင့် အလင်းဝင်

မကွေးတိုင်း၊ စလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကနေ စစ်မှုထမ်းဆင်း စစ်ကောင်စီတပ်သားသစ် ၁ ယောက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း (စလင်း ပကဖ)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဇေယျဝတီဘူတာရုံ အပါအဝင် ဖြူးမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ပကဖတပ်ဖွဲ့ဝင်များ  ဝင်ရောက်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်က ဇေယျဝတီမြို့ဘူတာရုံအပါအဝင် စစ်ကောင်စီတပ်တွေရှိနေတဲ့  မြို့ပေါ်နေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း  ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်ကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်ကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ကျွန်းလှမြို့နယ်၊ ဘအင်းသရက်တောရွာကို မီးဝင်ရှို့ပြီး အရပ်သား ၂ယောက်ကို သတ်ကာ၊ ၃ယောက်ကို ဖမ်းခေါ်သွား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းက ဘအင်းသရက်တောရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အရပ်သား၂ယောက်ကို ပစ်ခတ်သတ်ဖြတ်ကာ ၃ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကပြောပါတယ်။
Read More

ဘားအံ တောင်ကလေးအကျဉ်းထောင်တွင် နိုင်ကျဉ်း (၂) ဦး သတ်ဖြတ်ရန် ကြံစည်ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးမြို့နယ် အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုကျော်ကျော်မြင်နဲ့ ကိုမင်းသူစိုးတို့ကို တခြား ရာဇဝတ်အကျဉ်းသားအုပ်စုက သတ်ဖြတ်ဖို့ ကြံစည်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း သယံဇာတရေးရာကိစ္စရပ်များအတွက် NUG သယံဇာတ ဒုဝန်ကြီး ဦးဆောင်သည့်အဖွဲ့ မြေပြင်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

စစ်ကိုင်းတိုင်းအတွင်း စိုးမိုးထိန်းချုပ်နယ်မြေတွေက သယံဇာတရေးရာကိစ္စရပ်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုဝန်ကြီး ခွန်းစောဖူး ဦးဆောင်တဲ့အဖွဲ့က မြေပြင်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။