ပဲခူတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကွက်သစ်မှာ ကြမ်းဖက်စစ်ကောင်စီခန့် ဇီးပင်လှအုပ်စု အုပ်ချုပ်ရေးမှူး ကိုသန်း (ခ) ငသန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းထံက သိရပါတယ်။ 

မနေ့က စက်တင်ဘာ ၂၈ ရက် ညနေပိုင်းမှာ အဲဒီအုပ်ချုပ်ရေးမှူးဟာ ကြာနီကန်ဘောလုံးကွင်းထဲမှာ လောင်းကြေးနဲ့ ဒိုင်ကိုင် အကောက်ကောက်နေစဉ် တော်လှန်ရေးရဲဘော်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာ နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။

“သူလာတုန်းကတော့ သူ့တပည့် ၂ယောက်ပါတယ်။ သူ့တပည့် ၂ယောက်ကို လက်ပစ်ဗုံးတို့ သေနတ်တို့ ပေးပြီး သူ့ကို လုံခြုံရေးယူခိုင်းထားတာ။ ကျနော်တို့လည်းရှင်းရော သူ့တပည့် ၂ယောက်က ပြန်မခုခံဘဲ ထွက်ပြေးသွားတယ်။ အဲ့ဒါကြောင့် သေနတ်ရော၊ လက်ပစ်ဗုံးရော မရခဲ့ပါဘူး။” လို့ ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံက မောင်းကို ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကိုတော့ ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ (၅)နဲ့ ရွှေတောင် ပကဖရဲဘော်တို့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးထံက စစ်ဗိုလ်တစ်ယောက်နဲ့ ဆက်သွယ်ထားတဲ့ ဖုန်းတစ်လုံး၊ ဓားမြောင်တစ်လက်ကိုသာ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

အုပ်ချုပ်ရေးမှူး ငသန်းဆိုသူဟာ သက်ငယ်မုဒိန်းမှုနဲ့ ထောင်ကျဖူးတဲ့ ရဲပြေးတစ်ယောက်ဖြစ်သလို ကြမ်းဖက်စစ်ကောင်စီအတွက် အတင်းအဓ္မစစ်မှုထမ်း လူစုဆောင်းပေးတာတွေ၊ လောင်းကစားထောင်ပြီး အကောက်ကောက်ငွေရှာကာ စစ်ကောင်စီကို ထောက်ပံနေတာကြောင့် ပြတ်ပြတ်သားသား အရေးယူလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စိုးမိုးနယ်မြေအတွင်းက စာသင်ကျောင်း တစ်ကျောင်းမှာ အားကစားကွင်းဖောက်လုပ်ဖို့ လုပ်အားပေးခဲ့ကြတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ရဲဘော်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ရဲဘော်တွေအနေနဲ့ စိုးမိုးနယ်မြေအတွင်းက ကျေးရွာအထက်တန်းကျောင်း တစ်ကျောင်းမှာ အားကစားကွင်းဖောက်လုပ်ဖို့ ကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ လုပ်အားပေးဆောင်ရွက်နေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

“Hope & Resilience” Photo Exhibition ဒုဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်…

နွေဦးတော်လှန်ရေး လေးနှစ်ပြည့်အဖြစ် ဖေဖော်ဝါရီလ ၁ ရက် ဒီနေ့မှာ "Hope & Resilience" လေးနှစ်တာကာလ မြန်မာ့ဒီမိုကရေစီခရီးလမ်း မှတ်တမ်းဓါတ်ပုံပြပွဲကို ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Mulgrave community center မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စင်ပေါ်တွင် လိင်ကိစ္စ ညစ်ညမ်းရိုင်းစိုင်းစွာ ပြောဆိုခဲ့သည့် ရက်ပ် အဆိုတော် ဖမ်းခံရဟု သတင်းထွက်

ပရိသတ်ကို ဖျော်ဖြေရင်း စင်ပေါ်မှာ ညစ်ညစ်ညမ်းညမ်း ပြောဆို ဆဲဆိုခဲ့တဲ့ Wink Owens ဂီတအဖွဲ့က ရက်ပ် အဆိုတော်ကို စစ်ကော်မရှင်က ဖမ်းဆီးလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Read More

တောင်သာမြို့နယ် ထနောင်းကုန်းပျူစခန်းကို PLA နှင့် မဟာမိတ်များ ဝင်ရောက်တိုက်ခိုက်၊ ပျူစခန်းဘန်ကာများကို ဖျက်ဆီးကာ စစ်အုပ်စုအလောင်းများ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ထနောင်းကုန်းပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ ဘန်ကာတွေကို ဖျက်ဆီးရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်အုပ်စုအလောင်းတွေ ရရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA (အနောက်မြောက်စစ်ဒေသ) အမှတ် ၈၁၅ တပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပဲခူးတိုင်း ကျောက်ကြီးမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ KNU အသိပေး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ KNU က အသိပေးထုတ်ပြန်ပါတယ်။
Read More

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် ရက်လည်ဆွမ်းကပ်တရားနာ ပြုလုပ်…

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ရဲ့ လေယာဥ်ဗုံးစထိမှန်ပြီး ကျဆုံးခဲ့တဲ့ ရဲဘော် အညာသားရဲ့ ရက်လည်ဆွမ်းကပ်တရားနာကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။