စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဇေကမ္ဘာဦးခင်ရွှေဟာ စက်တင်ဘာလ ၂၈ ရက်နေ့က  အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

၂၀၂၂ ခုနှစ်မတ်လက သားဖြစ်သူ ဇေသီဟနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဇေကမ္ဘာဦးခင်ရွှေဟာ ၂နှစ်ကျော်အကြာ အကျဉ်းထောင်မှာနေခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာမှုဟာ အင်းစိန်ထောင်ဆေးရုံကနေ လွတ်မြောက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။

ရုပ်ရှင်မင်းသမီး ဖြစ်သူ နန္ဒာလှိုင်ရဲ့ ခင်ပွန်း ဇေသီဟအနေနဲ့တော့ ပြန်လည်လွတ်မြောက်လာခြင်း ရှိမရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ကာကွယ်ရေးဝန်ကြီးဌာနပိုင် အဆောက်အအုံကို ဌားရမ်းအသုံးပြုရာမှာ စာချုပ်ပါအချက်အလက်တွေ ချိုးဖောက်မှု၊ မြရိပ်ညိုဟိုတယ်နှင့်ခြံဝင်း ငှားရမ်းမှုတွင် သဘောတူညီချက် ဖောက်ဖျက်မှု အစရှိတဲ့ အမှုတွေနဲ့ ဖမ်းဆီးခံရတဲ့ဇေကမ္ဘာဦးခင်ရွှေဟာပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ပါတယ်။

ဦးခင်ရွှေနှင့် သားဖြစ်သူတို့ကို ၂၀၂၂ ခုနှစ် မတ်လ (၂၂) ရက်က ဖမ်းဆီးထိန်းသိမ်းကာ ရှေးဟောင်း ဥပဒေပုဒ်မ (၂၄) ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်ပြီး အင်းစိန်ထောင်ကိုပို့ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။

စတင် အမှုစွဲဆိုစဉ်က  ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ  အောင်ကျော်မိုးက တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ခြင်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မင်းကွန်းတွင် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ခလရ (၁၁၆) မှ ဗိုလ်ကြီး မင်းထွန်းစိုးအပါ ၅ ဦး သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်မှာ အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ရာ ခလရ (၁၁၆)က ဗိုလ်ကြီးမင်းထွန်းစိုးအပါအဝင် စစ်သား ၅ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတချို့ ရရှိခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့-UGF က ထုတ်ပြန်ပါတယ်။
Read More

တပ်မှ ထွက်ပြေးကာ ရွာထဲ သေနတ်ဖောက် ခြိမ်းခြောက် အရက်တောင်းသောက်သည့် ဒုတပ်ကြပ် ၂ ဦးကို ဖမ်းဆီးရမိ

မကွေးတိုင်း၊ ကျောက်ထုမြို့အခြေစိုက် အမတ ၃၆၈ တပ်ကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ် ဒုတပ်ကြပ် ၂ ယောက်ကို ဒေသခံ ကာကွယ်ရေးတပ်တွေက ဖမ်းမိထားတယ်လို့ ယောအလင်းတန်းက ထုတ်ပြန်ပါတယ်။
Read More

အရာတော်ရှိ ပျူစောထီး ကင်း၂ခုကို တော်လှန်ရေးတပ်များစီးနင်းတိုက်ခိုက်၊ ပျူစောထီး ၁ ဦးသေပြီး ထောင်ထားသည့် မိုင်းများ သိမ်းဆည်းရမိ…

"ငွေတွင်းပျူရွာမှာက တပ်စည်းနှစ်စည်းရှိပါတယ်။ အဲ့စည်းတွေကိုကျော်ပြီး ကင်းတွေနဲ့ မီတာ ၁၀၀အထိ ကပ်ပစ်ခဲ့ပါတယ်။ ဒီနေ့လဲငွေတွင်းရွာပြင်မှာ မီးတွေရှို့တာတွေ့တယ်။ ထိထားတဲ့ကောင်တွေကို သဂြိုလ်နေတာဖြစ်နိုင်ပါတယ်။ ငွေတွင်းပျူရွာကို ကျနော်တို့ ပိတ်ဆို့ထားတာ ၅လ၊ ၆လလောက်ရှိပါပြီ။ ၁၅ရက်တစ်ခါလောက်ထိတွေ့မှုဖြစ်ပါတယ်။ အဲ့ရွာက အရပ်သားတွေအကုန်ထွက်ကုန်ပြီ။ လက်နက်ကိုင်ပျူတွေပဲရှိပါတော့တယ်။" လို့ Ngwe Dwin Revolution Force သတင်းတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လင်းဇင်းတိုက်နယ်ရဲစခန်းကို တိုက်ခိုက်မှု စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးပြီး လေကြောင်းပစ်ကူကြောင့် တော်လှန်ရေးတပ်များ ပြန်ဆုတ်ခဲ့ရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်က လင်းဇင်းတိုက်နယ်ရဲစခန်းကို သွားရောက်တိုက်ခိုက်မှုမှာ ရဲစခန်းဘိုတဲကုန်းအထိ ရရှိထားပြီး ဘန်ကာ ၁လုံးပဲ သိမ်းပိုက်ဖို့ ကျန်ရှိချိန် စစ်အုပ်စုလေကြောင်းပစ်ကူကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တရုတ်ကို မှီခိုမှု မကင်းနိုင်တဲ့ တော်လှန်ရေးအင်အားစုတွေ တရုတ်ရဲ့ လွှမ်းမိုးမှု မခံရအောင် အခြားစဥ်းစားချက်တွေ ထားရှိဖို့ အရေးကြီးတယ်လို့ ယာယီသမ္မတ ပြော… NUG အစိုးရက “အဝေးရောက်အစိုးရ” ဖြစ်လို့ မရဘူးလို့ သတိပေး…

တော်လှန်ရေးအင်အားစုတွေဟာ တရုတ်ကို မှီခိုမှုမကင်းနိုင်တာတွေ ရှိတာကြောင့် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု မခံရအောင် အခြားရွေးချယ်စရာ စဥ်းစားချက်တွေ ထားရှိဖို့ အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
Read More

ဟန်ပြအပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ် နောင်ချိုတွင် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲများ ဖြစ်ပွားနေဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော် TNLA တည်ရှိရာကို အကြမ်းဖက်စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။