စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၂ရက်ဆက်တိုက် ဗုံးသီးကြဲချတိုက်ခိုက်မှုကြောင့် ကျေးရွာ ၃ရွာက အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် အပြစ်မဲ့ပြည်သူ ၇ယောက်သေဆုံးခဲ့ရတယ်လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

စက်တင်ဘာလ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ ကန့်ဘလူမြို့နယ်အတွင်းက ရေရှင်ကြီးရွာ၊ အောင်တိုင်းလယ်ရွာနဲ့ မှန်နီပင်ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ၂ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့သလို စစ်ကြောင်းနဲ့တိုးတဲ့ အမျိုးသမီး၁ယောက်ကိုပါ  ပစ်သတ်ခဲ့တယ်လို့သိရပါတယ်။

စက်တင်ဘာလ ၂၇ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စံပါယ်နံ့သာ အထိုင်တပ်ကနေ ရေရှင်ကြီးရွာကို ဒရုန်းနဲ့ ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့လို့ ရွာနေအမျိုးသား၄ ယောက်နဲ့ အမျိုးသမီး ၃ယောက်ထိခိုက်ခဲ့ပြီး ၊ ခရီးသွား အမျိုးသား၁ယောက်လည်း ဗုံးသီးထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

တစ်ချိန်တည်းမှာပဲ အောင်တိုင်းလယ်ကျေးရွာကိုပါ ဒရုန်း ဗုံးသီးချလို့ အသက် ၅၀ ကျော်အမျိုးသမီးကြီး ၁ယောက် သေဆုံးခဲ့သလို အဲ့နေ့မနက်မှာပဲ ၂ မိုင်တောတိုက်မှာနေတဲ့ အမျိုးသမီး၁ယောက်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၈ ရက်၊ မနေ့ကမနက်ပိုင်းမှာလည်း အဲ့ဒီ စံပါယ်နံ့သာ အထိုင်တပ်ထဲကနေပဲ Droneနဲ့ ထပ်ပြီးဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့လို့ အထိုင်တပ်နဲ့ ၄ မိုင်အကွာမှာရှိတဲ့ မှန်နီပင်ရွာက ညီအစ်မ၂ယောက် အပါအဝင် အသက်၅၀ အရွယ်အမျိုးသမီးကြီး၁ယောက်နဲ့ အသက်၅နှစ်အရွယ်ကလေးငယ် ၁ယောက် သေဆုံးခဲ့ရပါသေးတယ်။

တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ ၂ရက်ဆက်တိုက် လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တဲ့ စစ်ကောင်စီကြောင့် ကန့်ဘလူနယ် ကျေးရွာ ၃ရွာက အပြစ်မဲ့ပြည်သူ ၇ယောက်သေဆုံးခဲ့ရပြီး အသက်အန္တရာယ်မစိုးရိမ်ရပဲ ဒဏ်ရာရရှိထားသူ​တွေလည်း ၇ယောက်အထိရှိတယ်လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

“ပြည်သူအတွက်ကတော့ လေကြောင်းရော၊ ဒရုန်းရောက အကုန်ထိတ်လန့်စရာတွေပါပဲဗျ။ အခုလည်းစံပါယ်နံ့သာ အနီးတဝိုက် ကျေးရွာတွေအရေးပေါ် ရှောင်တိမ်းနေရပါတယ်။” လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကို ပြောပါတယ်။

ဓာတ်ပုံ – ကန့်ဘလူမြို့နယ်အတွင်းက စစ်ဘေးရှောင်များ (ပုံဟောင်း)

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်ကို တော်လှန်ရင်း ကျဆုံးခဲ့တဲ့ KNDF ရဲဘော် ၃ ယောက်ရဲ့ ဈာပန

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွေတဂူကျေးရွာအနီးက ရွေတဂူဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကုန်းကို တိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်သား ၃ ယောက်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ KNDA တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဒေသက ပြုလုပ်တဲ့ အပတ်စဉ် (၂/၂၀၂၄) အခြေခံ စစ်ပညာသင်တန်းကို တက်ရောက်ခဲ့တဲ့ တောကျီးကန်း (၇) ကောင်စစ်ကြောင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက ပြုလုပ်တဲ့ အပတ်စဉ် (၂/၂၀၂၄) အခြေခံ စစ်ပညာသင်တန်းကို တောကျီးကန်း (၇) ကောင်စစ်ကြောင်းက မျိုးဆက်သစ် ရဲဘော်တွေ တက်ရောက်ပြီး စစ်ပညာသင်ယူခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ အဆိုပါသင်တန်းကာလ ၄ လတာ ပြီးဆုံးခဲ့ပြီးနောက် သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပွဲပါ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဧရာဝတီသားတွေ တော်လှန်ရေးမှာ ခြေသံမကျယ်ဘဲ ကျရာတာဝန် ထမ်းခဲ့ကြတယ်၊ ၂၀၂၅ မှာ ဧရာဝတီဟာ အရေးကြီးတဲ့ စစ်မျက်နှာ ဖြစ်တယ်ဟု NUG ဝန်ကြီးချုပ် ပြော

၂၀၂၅ ခုနှစ်ဟာ မြန်မာတစ်နိုင်ငံလုံး စစ်မျက်နှာစုံ ဖွင့်တိုက်မယ့်နှစ် ဖြစ်ပြီး ဧရာဝတီတိုင်းဟာ အရေးကြီးတဲ့ စစ်မျက်နှာ ဖြစ်လာမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အသိပေး ပြောကြားလိုက်ပါတယ်။
Read More

ပေါက်ခေါင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ…(ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ပြည်ခရိုင်အခြေစိုက် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေအတွက် အခြေခံစစ်ပညာသင်တန်းကို ၃ လကြာ သင်တန်းပေးခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်တွင် ပိတ်ဆို့ခံထားရပြီး ငတ်ပြတ်နေသည့် စစ်အုပ်စုရွာကို စစ်ကောင်စီ Y8 လေယာဥ်ဖြင့် ရိက္ခာချပေး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေ ပိတ်ဆို့ဝန်းရံထားတဲ့ သရက်ကန် ပျူစောထီးရွာကို စစ်ကောင်စီက ထောက်ပို့လေယာဥ်နဲ ရိက္ခာထုပ်တွေချပေးခဲ့ကြောင်း TKY ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်စောကြီးက မောင်းကို ပြောပါတယ်။
Read More

မူးမြို့နယ်နှင့် ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူ (၄) ဦး သေဆုံး၊ (၁) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တို့မှာ စစ်ကောင်စီတပ် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ (၄) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။