တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီက မောင်းမကန်ရွာသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ကာ ရေတွင်းထဲ အလောင်းတွေ ပစ်ချမြုပ်နှံသွားတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DMSCD) ရဲ့ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာနေ ကိုမျိုးကျော် ( ၃၅နှစ်) ၊ ကိုကမ်း( ၃၄နှစ်) နဲ့ ကိုသန့်ဇင်ဖြိုး(၂၅နှစ်) တို့ကို အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၁၂ ရက်မှာ နေအိမ်တွေထဲအထိဝင်ရောက် ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နစ်နာသူတွေရဲ့ အလောင်းတွေကိုတော့ စက်တင်ဘာ ၂၇ ရက် မနေ့က မနက်ပိုင်းမှာ မောင်းမကန်ရွာအနီးမှာ ရှိတဲ့ ဥယျာဥ်ခြံတစ်ခုရဲ့ရေတွင်းထဲကနေ ဒေသခံတွေက ပြန်လည်ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း နစ်နာသူတွေကို စစ်ကောင်စီတပ်က ဘယ်နေ့မှာ သတ်ဖြတ်ခဲ့လည်းဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DMSCD) ရဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

” စက်တင်ဘာ ၁၂ ရက်၊ နေ့လည်ပိုင်းမှာ မောင်းမကန်နယ်မြေရဲစခန်းနားက စကစတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်ပစ်ခတ်တာမျိုးရှိခဲ့တယ်။ အဲ့လိုမျိုးလာပစ်ခံရပြီး ညနေဘက်မှာပဲ ရွာထဲဝင်ပြီး အမျိုးသားတွေကို ဖမ်းတယ်။ ၁၀ယောက်လောက် အဖမ်းခံရတယ်။ အဲ့မှာ တစ်ချို့ ပြန်လွတ်လာပေမယ့်လည်း သူတို့ ၃ ယောက်ပဲ ကျန်ခဲ့တယ်ပေါ့။ ရက်တွေကြာလာလို့ မိသားစုတွေက ရဲစခန်းတွေသွားမေးလည်း ဘာမှမသိရဘူးပေါ့နော်။ မနေ့ကတော့ သူတို့အလောင်းကိုပြန်တွေ့တယ်။ စစ်ကောင်စီက သူတို့ကို သတ်ပြီး ရေတွင်းထဲ မြုပ်ထားခဲ့တာ။ အပေါ်ယံပဲ မြုပ်ထားတာဆိုတော့ ကြာလာတဲ့အခါ ပွပြီးအလောင်းတွေပေါ်လာတယ်။ အဲ့မှာ ခြံကသူတွေ တွေ့တာပါ။” လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DMSCD) ရဲ့ပြန်ကြားရေးတာဝန်ခံကမောင်းသတင်းဌာနကို ပြောပါတယ်။

သေဆုံးသူတွေဟာ သာမန်အရပ်သားတွေပဲဖြစ်ပြီး အခုလို လုပ်ဆောင်တာဟာအရပ်သားတွေအပေါ် စစ်တပ်က ရာဇဝတ်မှု ကျူးလွန်တာပဲ ဖြစ်တယ်လို့ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DMSCD) က ယုံကြည်ထားပါတယ်။

ထိတွေ့တိုက်ပွဲတွေရှိနေတဲ့ လောင်းလုံးမြို့နယ်ထဲမှာ စစ်ကောင်စီကအရပ်သားတွေပါ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ PDF တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက ရွာထဲဝင်ကာ အရပ်သားအမျိုးသမီးငယ် ၁ ယောက်ကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ – မောင်းမကန်ရွာသား ၃ ယောက်အလောင်းကို စစ်ကောင်စီတပ် စွန့်ပစ်သွားတဲ့နေရာ

0 Shares:
You May Also Like
Read More

ကန့်ဘလူ၊ ဇီးကုန် ရဲစခန်းကနေ ရဲတပ်သား ၁ ယောက် သေနတ် ၁ လက်နက်နဲ့ အလင်းဝင်လာလို့ ဆုငွေချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်း ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ ယောက်က သေနတ် ၁ လက်နဲ့ အလင်းဝင်လာတာကြောင့် ဆုငွေချီးမြှင့်ခဲ့တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း ၄ ဆီက သိရပါတယ်။
Read More

NUG အပေါ်ထားတဲ့ ပြည်သူလူထုရဲ့ ယုံကြည်မျှော်လင့်ချက်တွေကို ရိုက်ချိုးမပစ်ဖို့ NUG ယာယီသမ္မတ ပြောကြား

ပြည်သူတွေရဲ့ တော်လှန်ရေးအောင်မြင်စိတ်ကို ဘယ်သူကမှ ရိုက်ချိုးဖျက်ဆီးလို့ မရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

လေကြောင်းအန္တရာယ် အသိပညာပေးစာစောင်များနှင့် ဗီနိုင်းများ ပြည်သူလူထုဆီ ဖြန့်ဝေခဲ့ (ဓာတ်ပုံသတင်း)

လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်အချက်တွေကို ပြည်သူတွေ အလွယ်တကူ လေ့လာသိရှိ နားလည်ဆောင်ရွက်နိုင်အောင် လေကြောင်းအန္တရာယ် အသိပညာပေး စာစောင်တွေနဲ့ ဗီနိုင်းတွေကို လက်ပံတောင်းတောင် ပင်မသပိတ်နဲ့ ပူးပေါင်းပြီး ပြည်သူတွေဆီ မျှဝေခဲ့တယ်လို့ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်တွင် ရိက္ခာပြတ်ပြီး ငတ်နေသည့် သရက်ကန်ပျူစောထီးများ အကြမ်းဖက်စစ်တပ်ကို အကူအညီတောင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ သရက်ကန်ရွာ ပျူစောထီးတွေက ရွာထဲ ငတ်ပြတ်နေမှုကြောင့် အကြမ်းဖက်စစ်ကော်မရှင်ထံ ရိက္ခာချပေးဖို့ တောင်းဆိုနေကြကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
Read More

ပွင့်ဖြူတွင် အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ၂၁ ဦး မျက်မြင်သေဆုံး၊ နှစ်ဖက်စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြိုနယ်မှာ အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၂၁ ယောက် မျက်မြင်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖ က သတင်းထုတ်​ပြန်ပါတယ်။
Read More

ကျန်းမာရေးမကောင်းသည့် စစ်ရှောင်မိန်းကလေးကို ရှမ်းနီ SNA တပ်သား အဓမ္မပြုကျင့်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် လက်ပါးစေ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်သားက စစ်ရှောင်အမျိုးသမီးတစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ မိသားစုဝင်ထံက သိရပါတယ်။