အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်သွားမယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုကို ဆန့်ကျင်တဲ့အနေနဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီကနေ ဦးဆောင်ပြီး စက်တင်ဘာလ ၂၈ ရက် ဒီနေ့ညနေပိုင်းမှာ လောင်းလုံးမြို့နယ်အတွင်း သပိတ်မှောက်ဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုနဲ့ အတုအယောင်ရွေးကောက်ပွဲကို တက်နိုင်သမျှ နည်းလမ်းတွေနဲ့ ဆန့်ကျင်ကြဖို့ ရည်ရွယ်တဲ့ဒီပွဲမှာ  “စစ်ကောင်စီ သန်းခေါင်စာရင်းကို ငြင်းဆန်ကြ၊ အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြ” ဆိုတဲ့ ခေါင်းစဥ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာ ၁ ရက်မှာ အကြမ်းဖက်စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူသွားဖို့ ရှိနေပြီး အဲဒီကနေ ရရှိလာတဲ့ လူဦးရေဆိုင်ရာအချက်အလက်တွေကို အခြေခံကာ သူတို့အာဏာတည်မြဲရေးအတွက် စိတ်တိုင်းကျ ပုံဖော်နိုင်မယ့် ရွေးကောက်ပွဲကို ပြုလုပ်သွားဖို့ စီစဥ်နေတာလည်း ဖြစ်ပါတယ်။ 

နိုင်ငံတစ်ဝှမ်းက ပြည်သူတွေ ဒုက္ခရောက်​နေချိန်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ လက်ရှိနိုင်ငံရေးပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်မှာမဟုတ်ဘဲ စစ်ခေါင်းဆောင်တွေအတွက်ပဲ နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ အသုံးချနိုင်မယ့် ဟန်ပြရွေးကောက်ပွဲတစ်ခုသာဖြစ်တယ်လို့လည်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်တွေရဲ့ မတရားအာဏာရယူထားနိုင်မှုကို သက်ဆိုးရှည်နိုင်ဖို့ အထောက်အကူပြုနိုင်မယ့် သန်းခေါင်စာရင်းကောက်ယူရေးနဲ့ ရွေးကောက်ပွဲတို့ကို အခွင့်သာတဲ့ ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ နည်းလမ်းတွေနဲ့ ဆန့်ကျင်ကြဖို့ အခုလို တိုက်တွန်းတာဖြစ်တယ်လို့လည်း သိရပါတယ်။

တဲ့ ရဲဘော်တွေက အရေးကြီးသလို ဒီရဲဘော်တွေရဲ့ ကျန်းမာရေး၊ အသက်ကယ်ဆယ်ရေးအတွက် တာဝန်ယူပေးနေတဲ့ ဆေးမှူးတွေကလည်း မရှိမဖြစ် လိုအပ်ချက်ပဲ ဖြစ်ပါတယ်။

စစ်အာဏာရှင် ဖြုတ်ချရေးအတွက် တိုက်ခိုက်ရေးသမားလုပ်ဖို့ တောထဲရောက်လာခဲ့ပေမယ့် တော်လှန်ရေး လိုအပ်ချက်အရ ဆေးမှူးဖြစ်လာသူ Lightning ကို မောင်းက တွေ့ဆုံမေးမြန်းထားပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာမြို့နယ်တွင် ဒေသခံ ၂၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးထားပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒေသခံ အယောက် ၂၀ ကျော်ကို ဖမ်းဆီးထားပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ABSDF ဗဟိုစစ်ကော်မရှင် ဥက္ကဌ ရဲဘော်သံခဲနဲ့အဖွဲ့က ABSDF ရဲဘော်တွေကို နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေ ရှင်းလင်းပြောကြား… (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော် - ABSDF) ရဲ့ ဗဟိုစစ်ကော်မရှင် ဥက္ကဌ ရဲဘော်သံခဲ၊ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင် ရဲဘော်ဆန်နီ၊ ရဲဘော်ကျော်ကျော်လင်းတို့က ABSDF - မကဒတ ဌာနချုပ်ရှိ ရဲဘော်တွေနဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ စစ်ရေးနဲ့ နိုင်ငံရေး အခြေအနေတွေကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ အခုတစ်ပတ်အတွင်း စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွား၊ စစ်ကောင်စီတပ်သား (၇၃) ယောက် သေဆုံး…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား (၇၃) ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ဆိပ်ဖြူမှာ PDF က လေကြောင်းအသိပညာဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ မျှဝေပေးခဲ့

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း စိုးမိုးနယ်မြေတွေမှာ လေကြောင်းအသိပညာဆိုင်ရာ ဆောင်ရန်ရှောင်ရန်တွေ မျှဝေပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ်(၁၉)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေတောင်တွင် စစ်တပ်လက်ပါးစေ ရပ်ရွာအာဏာပိုင်များ စစ်မှုထမ်းအကြောင်းပြ အပူစာစား၊ စီးပွားဖြစ်နေကြ

"မဲနှိုက်တယ်ဆိုပေမယ့်လည်း အုပ်ကြီးနဲ့ ရာအိမ်မှူးတွေက သူတို့ဘာသာ ထည့်ချင်တဲ့သူကို မဲပေါက်တယ်ဆိုပြီး ခေါ်တာပါ။ ပြည်သူတွေ နှိုက်ရတာမဟုတ်ပါဘူး။ အဲ့လိုနည်းနဲ့ တစ်လကို ၃ယောက်ခေါ်တာပေါ့။" လို့ ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဒီပဲယင်းမြို့နယ်ထဲက စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲ၊ လက်ရှိအချိန်ထိ ဆရာမ ၂ဦးနှင့် ကျောင်းသားကျောင်းသူ ကလေးငယ် ၁၁ ဦးသေဆုံးဟုသိရ၊ အများအပြား ထိခိုက်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဆရာမ ၂ယောက်၊ ကျောင်းသားကျောင်းသူ ကလေးငယ်တချို့ရဲ့ အလောင်းတွေ ရရှိထားကြောင်း ကနဦးသိရှိရပြီး ထိခိုက်သေဆုံးမှု ပိုမိုများပြားလာနိုင်တယ်လို့ ​ဒေသခံတွေဆီက သိရပါတယ်။