မောင်တော နခခ (၅)အပါအဝင်ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်ပြီး ထိုးစစ်ကို အရှိန်မြှင့်တော့မယ်လို့ အာရက္ခတပ်တော် AA က စက်တင်ဘာ ၂၇ ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။

မောင်တောမြို့ ကို ထိန်းချုပ်လုနီးပါး ရရှိနေသလို မြို့ပြင်က လက်ကျန်တပ်စခန်း နခခ ၅စခန်းကိုလည်း တိုက်ခိုက်သွားမှာဖြစ်ပြီး မြို့အတွင်းက တိုက်တာအဆောက်အအုံ၊ လူနေအိမ်အချို့မှာ  ထွက်ပြေးပုန်းခိုလွတ်မြောက်နေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့၊ ၎င်းတို့သင်တန်းပေးထားတဲ့ လက်နက်ကိုင်အချို့ ARSA၊ RSO၊ ARA အစရှိတဲ့ အကြမ်းဖက်လက်နက်ကိုင်များအား လိုက်လံရှင်းလင်းလျက်ရှိတယ်လို့ AA ကဆိုပါတယ်။

ဒါ့အပြင် အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာအနီးက စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ ၃၄၆/ ၃၇၃/ ၃၇၂တပ်ရင်းများ စုပေါင်းထားသော အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းနှင့် စက်တင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၁၁) နာရီ (၅၀) မိနစ်တွင်တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး နှစ်နာရီခန့်ကြာအတွင်း အလောင်း၅ လောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တစ်ဆက်တည်းမှာပဲ  ဂွမြို့နယ်၊ ကျောက်ပါးစပ်ရွာအနီး၊ ကျိန္တလီကားလမ်းမအနီးရှိ တောင်ကုန်းတွင်လည်း စက်တင်ဘာလ (၂၄) ရက်နေ့၊ နေ့လယ် (၁) နာရီ (၅၀) မိနစ်မှ နေ့လယ် (၃) နာရီ (၂၀) မိနစ်အထိ နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းတိုက်ခိုက်သိမ်းယူရန်ကျန်ရှိနေသေးတဲ့  စစ်ကောင်စီလက်ကျန်စခန်းများအားလုံးကို တစ်ခုမကျန် သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန်မြင့်တော့မယ်လို့ AA ကဆိုပါတယ်။

ရှမ်းမြောက်ဒေသမှာ AA ရဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ MNDAA က ထိုးစစ်တွေ ရပ်နားပြီး တရုတ်နိုင်ငံကို ငြိမ်းချမ်းရေးအရဝင်ရောက် ဖြေရှင်းပေးဖို့တောင်းဆိုနေချိန်မှာ AA ကတော့ ရခိုင်ပြည်နယ်တစ်ခွင်လုံးကို စစ်ကောင်စီကင်းစင်နယ်မြေဖြစ်စေဖို့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့‌ လေကြောင်းတိုက်ခိုက်မှု တည်နေရာ မှားယွင်းသွားတာကြောင့် အချင်းချင်း ပစ်ခတ်မှုတွေဖြစ်ပြီး စစ်သား အယောက် ၇၀ ထက်မနည်း သေဆုံးဟုဆို

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွါးနေချိန် စစ်ကောင်စီဘက်က တည်နေရာ မှားယွင်းပစ်ခတ်မိတာကြောင့် စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားပြီး  အယောက် ၇၀ ထက်မနည်း သေဆုံးသွားတယ်လို့ Generation Z Power အဖွဲ့ကနေသတင်းထုတ်ပြန်ထားပါတယ်။
Read More

AA က ပိုင်မှ ပြောတာ၊ မပိုင်ဘဲနဲ့ ပြောလေ့မရှိဘူး ဟု CDM ဗိုလ်ကြီး ဇင်ယော် ဆို

အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်တင်မက ရခိုင်ရိုးမနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့က ရိုးမတောင်အစပ်ပိုင်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ AA က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

တရုတ်ဖိအားကြောင့် စစ်တပ်နှင့် TNLA တွေ့ဆုံဖို့ရှိ၊ နယ်မြေပြန်တောင်းရင်တော့ ရလဒ်ထွက်မှာမဟုတ် ဟု TNLA ပြော

စစ်ကောင်စီကနေ အမည်ပြောင်းလဲလိုက်ပြန်တဲ့ စစ်ကော်မရှင်တပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) တို့ဟာ လာမယ့် ဩဂုတ်လကုန်ပိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ဒီနေ့ ဩဂုတ်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA က ပြောပါတယ်။ 
Read More

ပါချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ကမကထပြု လှူဒါန်းသည့် မေတ္တာနန္ဒဆေးရုံကို စစ်ကောင်စီ ဗုံးကြဲ၊ မီးဖွားပြီးစ အမျိုးသမီးတစ်ဦး သေဆုံး

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်က မေတ္တာနန္ဒဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ဆေးရုံတက်နေတဲ့ မီးဖွားပြီးခါစ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့သလို ဆေးရုံရဲ့ အဆောက်အဦး ၃လုံး ပျက်စီးသွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အာဏာသိမ်းစစ်တပ် ဒုခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်း ရောက်ရှိနေတဲ့ ကယားပြည်နယ်ခန်းမကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ ကယားပြည်နယ်ခန်းမအတွင်းကို စစ်ကောင်စီရဲ့ ဒုခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်း ရောက်ရှိကာ ညစာစားပွဲကျင်းပနေချိန် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ထံက သိရပါတယ်။ 
Read More

ညောင်ကျိုးစခန်း ကို သိမ်းပိုက်ခဲ့အပြီး ကပစ စက်ရုံတွေကို အနီးကပ်ခြိမ်းခြောက်လာပြီဖြစ်တဲ့ AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်

အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ ပဲခူးရိုးမအစပ်ကြားက ပန်းတောင်းမြို့နယ်၊ ညောင်ကျိုး စစ်တပ်စခန်းကို ပြီးခဲတဲ့ မတ်လ ၁၄ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။