စစ်ကိုင်းတိုင်း မုံရွာမြို့ မြဝတီရပ်ကွက် မေတ္တာလမ်းသွယ် ၁ ရှိ ရတနာပစ္စည်းအရောင်းဆိုင်အား စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်း လက်နက်ကိုင်လူတစ်စုက အနုကြမ်းစီးခြိမ်းခြောက်ဓားပြ တိုက်သွားခဲ့တယ်လို့ ‌သိရပါတယ်။

အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ဟာ ဆိုင်ကယ် ၂ စီးနဲ့ ရောက်ရှိလာကာ လက်နက်ပြခြိမ်းခြောက်ပြီး ဖုန်း ၅ လုံး၊ လက်ပ်တော့ ၁ လုံးနဲ့ ဆိုင်ရှိ စိန်၊ ရွှေ၊ ပလက်တီနမ် ပစ္စည်းများအားလုံးကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘုရားကြီးကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းအား ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို  တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် ၊ အမှတ် - ၂ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်း အင်အား ၁၀၀ နဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ

ပခုက္ကူမြို့နယ်အတွင်း အင်အား ၁၀၀ နဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)နိုဝင်ဘာ ၉၊ ၂၀၂၄မကွေးတိုင်း ပခုက္ကူမြို့နယ် ရွှေတန်းတစ်အနီး ကွန်းရွာနဲ့ ဆင်မင်းရွာသို့ ပခုက္ကူ ၁၀၁ မှ စစ် ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်ကို နိုဝင်ဘာ ၆ ရက်က Fixed Wing Drone ၆ စီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး ၆၀ မမ လက်နက်ကြီးတွေ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရဲဘော်ညီနောင်-ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တောင်သာမြို့က စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်စခန်းတိုက်ခိုက်ခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ရှိ စစ်ကောင်စီ၊ ပျူစောထီးနဲ့ ရဲ  တို့ပူးပေါင်းတပ်စွဲထားတဲ့ စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ပါတယ်။
Read More

နေပြည်တော်မှာ ယနေ့လှုပ်ခတ်သည့် ငလျင် ဘယ်လောက်ပြင်းခဲ့လဲ (ရုပ်/သံ)

ဇွန်လ ၅ ရက် ဒီနေ့ မနက်ပိုင်းက နေပြည်တော်၊ ပျဉ်မနားနဲ့ အနီးဝန်းကျင်နေရာတွေမှာ ငလျင်လှုပ်ခတ်သွားပြီး သိသိသာသာခံစားလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပုလဲမြို့နယ် အင်မထီးပျူစခန်းနဲ့ ကံဒေါင့်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီး ၁၀၀ ကျော်ကြဲချတိုက်ခိုက်မှု စစ်ကောင်စီလက်အောက်ခံ အများအပြားသေ(ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်မထီးပျူစခန်းနဲ့ ကံဒေါင့်ရဲစခန်းကို စက်တင်ဘာလအတွင်း ဒရုန်းနဲ့ ဗုံးသီး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးတွေ သေဆုံးခဲ့တယ်လို့  Eagle Wings Drone Force  ထံက သိရပါတယ်။
Read More

ရေဖြူမြို့နယ်တိုက်ပွဲတွင် စစ်ကော်မရှင် အရာရှိအပါ စစ်သားအများအပြားသေ၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာ ဘုန်းကြီးကျောင်းအနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။