စစ်ကိုင်းတိုင်း မုံရွာမြို့ စီးပွားရေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို စက်တင်ဘာ ၂၆ ရက် ညနေပိုင်းက တော်လှန်ရေးတပ်တွေ အလစ်အငိုက်ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ တောကျွဲကြီးပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။
အကြမ်းဖက်စစ်သား ၁ ယောက် တိုက်ခိုက်ခံရတဲ့နေရာမှာပဲ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ တွေလည်းရှိတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို တောကျွဲကြီးပျောက်ကြားတပ်ဖွဲ့၊ မုံရွာ ခရိုင်တပ်ရင်း ၂၇ တပ်ခွဲ ၄၊ မုံရွာ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မြို့နယ် ပ.လ.ဖ တပ်ခွဲ၊ BRA တိုက်ခိုက်ရေးအဖွဲ့၊နဲ့ MON YWA M4 L-PDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။