ဒုက္ခသည်တွေအပေါ် မမျှမတ ဆက်ဆံခြင်းနဲ့ လုံလောက်တဲ့ အကာအကွယ်တွေ ပေးအပ်ဖို့ ပျက်ကွက်ခဲ့ခြင်းတို့အတွက် မလေးရှားရောက် ချင်းဒုက္ခသည် ရာနဲ့ချီပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာ UNHCR ကို ဆန္ဒပြခဲ့ကြပါတယ်။ 

ချင်းဒုက္ခသည်များမဟာမိတ်အဖွဲ့ (ACR) အပါအဝင် ဆန္ဒပြသူတွေက ခိုလှုံခွင့်လျှောက်ထားမှုတွေကို အမြန်လုပ်ဆောင်ပေးဖို့နဲ့ ၎င်းတို့ရဲ့ လိုအပ်ချက်တွေကို ချက်ချင်းအာရုံစိုက်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ 

မြန်မာနိုင်ငံအတွင်း ပဋိပက္ခနဲ့ နှိပ်စက်ညှင်းပန်းမှုဒဏ်ကို နှစ်လရှည်ကြာ ခံစားရတဲ့ ချင်းအသိုင်းအဝိုင်းတွေဟာ ဘေးကင်းဖို့အတွက် မလေးရှားနိုင်ငံကို ထွက်ပြေးခဲ့ကြပါတယ်။ UN ရဲ့ ကိန်းဂဏန်းတွေအရ ချင်းဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ ၂၇၂၅၀ ခန့် မလေးရှားက UNHCR မှာ မှတ်ပုံတင်ထားတာဖြစ်ပေမဲ့ ချင်းဒုက္ခသည်များမဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ James Bawl Thang Bik ကတော့ စာရင်းမသွင်းရသေးတဲ့သူတွေ ထောင်နဲ့ချီ ရှိနေတယ်လို့ ဆိုပါတယ်။ 

ဆန္ဒပြသူတွေက ဒုက္ခသည်ဖြစ်ကြောင်း ဆုံးဖြတ်ပေးဖို့ နှောင့်နှေးမှုတွေကို ထောက်ပြခဲ့ပြီး မလေးရှားနိုင်ငံရဲ့ ဒုက္ခသည်တွေ အသိအမှတ် မပြုခြင်းကြောင့် ထိခိုက်လွယ်သူအများအပြား ဖမ်းဆီးခံရ၊ ခေါင်းပုံဖြတ်ခံရတာတွေ ဖြစ်စေတယ်လို့သိရပါတယ်။ မလေးရှားနိုင်ငံက ဒုက္ခသည်တွေကို တရားဝင် အလုပ်နဲ့ပညာသင်ခွင့် ပိတ်ထားတာကြောင့် အများစုဟာ တရားမဝင်အလုပ်တွေ လုပ်ကိုင်နေရပြီး အလုပ်ရှင်တွေရဲ့ မတရားပြုကျင့်မှုကို ခံစားရစေပါတယ်။ 

ဒါ့အပြင် UNHCR မှတ်ပုံတင်ခြင်းက အကာအကွယ်အချို့ ပေးထားပေမဲ့လည်း ချင်းခိုလှုံခွင့်တောင်းခံသူ အများအပြားဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဘေးကင်းရေးဆိုင်ရာ စာရွက်စာတမ်းတွေကို စောင့်ဆိုင်းနေကြရဆဲပါ။ 

တဆက်တည်းမှာပဲ အာဏာသိမ်းပြီးနောက်ပိုင်း မလေးရှားနိုင်ငံကို တိမ်းရှောင်လာကြတဲ့ CDM ရဲ နဲ့ စစ်သားတွေအတွက် စိုးရိမ်ကြောင်း၊ ၎င်းတို့ထဲက တချို့ဟာ စာရွက်စာတမ်းမရှိတာကြောင့် ထိန်းသိမ်းခံထားရပြီး နေရပ်ပြန်ပို့ပါက အသက်အန္တရာယ် ထိခိုက်စေနိုင်ကြောင်း၊ အရေးပေါ်အခြေအနေဖြစ်တာကြောင့် ၎င်းတို့အရေး UNHCR က ဦးစားပေးလုပ်ဆောင်သင့်ကြောင်း James Bawl Thang Bik က အလေးပေး တိုက်တွန်းထားပါတယ်။ 

ဆန္ဒပြမှုကို တုံ့ပြန်တဲ့အနေနဲ့ UNHCR က မလေးရှားမှာရှိတဲ့ ဒုက္ခသည်တွေရဲ့ စိန်ခေါ်မှုကို အသိအမှတ်ပြုကြောင်း၊ ထိခိုက်လွယ်သူတွေကို အကူအညီနဲ့ အကာအကွယ်ပေးဖို့ အစွမ်းကုန်လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့ပါတယ်။ 

UNHCR က ၎င်းရဲ့လုံခြုံရေးအစောင့်တွေနဲ့ မမျှမတဆက်ဆံမှုနဲ့ပတ်သက်ပြီး ငြင်းဆိုခဲ့ပြီး တိုင်ကြားစာ မရခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ သို့ပေမဲ့ Bik က UNHCR ရဲ့ ငြင်းဆိုမှုကို ပယ်ချခဲ့ပြီး၊ အလွဲသုံးစားလုပ်မှုဆိုင်ရာ တိုင်ကြားချက်တွေကို အကြိမ်ပေါင်းများစွာ ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ပြောပါတယ်။ 

ချင်းဒုက္ခသည်များမဟာမိတ်အဖွဲ့က UNHCR ကို ၎င်းရဲ့လုပ်ငန်းစဉ်တွေ အရှိန်မြှင့်လုပ်ဆောင်ဖို့နဲ့ နှိပ်စက်ညှဉ်းပန်းမှုကနေ ထွက်ပြေးလာသူတွေအတွက် အကာအကွယ်တွေ ပိုမိုလုပ်ဆောင်ပေးဖို့ တောင်းဆိုထားပါတယ်။

မူရင်း-ExpressTribune/ Myanmar’s ethnic Chin Refugees protest in Malaysia, accuse UNCHR of mistreatment 

ဓာတ်ပုံ (FMT)

0 Shares:
You May Also Like
Read More

ခက်ခဲဒုက္ခရောက်နေသည့် မြန်မာပြည်သူများကို ဖေးမကူညီမည်ဟု ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပြော

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲက အာဆီယံ ဘုံသဘောတူညီချက် ဆက်လက်အကောင်အထည်ဖော်ရေးအတွက်ပဲလို့ လာအိုအရာရှိပြော

ဘန်ကောက်မှာ အခုလအတွင်း ပြုလုပ်မယ့် မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက်ကို ပံ့ပိုးကူညီပေးနိုင်တယ်လို့ လာအို အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။
Read More

BGF မှ စောချစ်သူနှင့် သူ၏တပ်ဖွဲ့ဝင်အချို့ကို  အမြန်ဆုံး ဖမ်း၀ရမ်းထုတ် အရေးယူပေးဖို့ ထိုင်းကို JFM တောင်းဆို

ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ဆက်စပ်ပြီး နာမည်ကြီးနေတဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင် စောချစ်သူ အပါအဝင် သူ့ရဲ့ တပ်ဖွဲ့ဝင်တချို့ကို ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ဖို့ လုပ်ဆောင်နေမှုအပေါ်  ကြိုဆိုကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ သမ္မတကို လွှတ်တော်က တာဝန်ဆိုင်းငံ့…

တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုအောင်မြင်ခဲ့ပြီးနောက် ယွန်းဆွတ်ခ်ယိုးလ်ရဲ့ သမ္မတာဝန်တွေကို ဆိုင်းငံ့လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အသာစီးရနေတဲ့ ဒေါ်နယ်ထရမ့် အနိုင်ရမိန့်ခွန်းပြော

၂၀၂၄ နိုဝင်ဘာလ ၅ ရက်မှာ ပြုလုပ်တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အသာစီးရနေတဲ့ ဒေါ်နယ်ထရမ့်ကို အနိုင်ရကြောင်း အမေရိကန်သတင်းဌာနက Fox News က ကြေညာခဲ့ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်မှာ ကျားဖြန့်လိမ်လည်မခံရစေဖို့ ထိုင်းအာဏာပိုင်တွေ ပညာပေးဆိုင်းဘုတ်တွေ လိုက်ထောင်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှာ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ လိမ်လည်မှု မခံရစေဖို့အတွက် အသိပညာပေးဆိုင်းဘုတ်တွေ လိုက်ထောင်နေတယ်လို့ သိရပါတယ်။