နိုင်ငံတွင်းမှာ တစ်ဖက်နဲ့တစ်ဖက် စည်းလုံးမှုပြိုကွဲနေပါက တိုင်းပြည်ပျောက်ကွယ်သွားမှာ စိုးရိမ်လို့ အခုလို ငြိမ်းချမ်းရေးအရ ဆွေးနွေးဖို့ ဖိတ်ခေါ်ရခြင်း ဖြစ်ကြောင်း အာဏာသိမ်းစစ်တပ် ပြန်ကြားရေး ဇော်မင်းထွန်းကပြောပါတယ်။

ဇော်မင်းထွန်းက စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေကို စက်တင်ဘာ ၂၇ ရက်နေ့က ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ရခြင်း ရည်ရွယ်ချက်ကို  ထုတ်ဖော်ပြောဆိုလိုက်တာပါ။

တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲ လမ်းကြောင်း၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းသည့် လမ်းကြောင်းဖြင့် အဖြေရှာကြဖို့ ဇော်မင်းထွန်းက တိုက်တွန်းပါတယ်။

အဓိက အကြောင်းအရာတွေ အနေနဲ့ကတော့ ဒီနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ  ပါတီစုံဒီမိုကရေစီစနစ်ကိုပြန်သွားနိုင်ရန် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ စတင်နေပြီဖြစ်သည့်အတွက် ပြည်သူ့အစိုးရကို ပြည်သူလူထုက လွတ်လပ်စွာ ရွေးချယ်နိုင်ဖို့အတွက်  တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်နိုင်ဖို့ အရေးကြီးကြောင်း ၎င်းကဆိုပါတယ်။  

ဒုတိယအချက်အနေဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊ ဒေသတွင်းအင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားပြိုင်ဆိုင်မှုသည် ပိုမိုများပြားပြင်းထန်လာသည့်အတွက် ပြည်တွင်းစည်းလုံးညီညွတ်မှုယိုင်နဲ့နေပါက နိုင်ငံတကာပြိုင်ဆိုင်မှုများအကြားတွင် နိုင်ငံပါပျောက်သွားနိုင်သည်အထိ အန္တရာယ်ကြီးမားလာနိုင်တယ်လို့လည်းပြောပါတယ်။

ဒါ့အပြင်  အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးက စစ်ကောင်စီနဲ့ နိုင်ငံတော်အကြီးအကဲများထံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို မြှင့်တင်ဆောင်ရွက်ရန် အကြံပြု၊ ဆန္ဒပြုကြတယ်လို့ လည်း ဇော်မင်းထွန်းကဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်ရှိငြိမ်းချမ်းရေးကမ်းလှမ်းမှုဟာ တရုတ်ရဲ့ဖိအားနဲ့ ရွေးကောက်ပွဲ နီးကပ်လာချိန် နိုင်ငံရေးအရ လှည့်ကွက်တစ်ခုသာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်ကဆိုပါတယ်။

ငြိမ်းချမ်းရေးအရဆွေးနွေးလိုပါက တစ်နိုင်ငံလုံးမှာ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် ဝန်ခံပြီး ဖမ်းဆီးထားတဲ့ နိုင်ငံ့ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးရမယ်လို့လည်း ပြန်လည် တုံ့ပြန်ပြောဆိုကြပါတယ်။

မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးမှာပါဝင်နေမှုကို အဆုံးသတ်ဖို့၊ စစ်တပ်ကို အရပ်သားအစိုးရ ရဲ့ အုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားဖို့ နဲ့ ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေအတွက် ထိုက်သင့်တဲ့ အပြစ်ဒဏ်ကျခံစေမှသာ ငြိမ်းချမ်ရေးအတွက် ဆွေးနွေးမယ်လို့ NUG နဲ့ တော်လှန်ရေးအင်အားစုတွေက စက်တင်ဘာ ၂၇ ရက်နေ့မှာ အသီးသီး ထုတ်ပြန်ထားကြပါတယ်။

0 Shares:
You May Also Like
Read More

ဒီပဲယင်းက စစ်ရှောင်တွေ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ

“ကျနော်တို့လည်း ဆန်၊ ဆီ၊ ဟင်းချက်စရာပေါ့နော် စသဖြင့် ကူညီနိုင်သလောက် ကူညီထားပေမယ့် ရက်ရှည်ဖြစ်နေတော့ ကူညီစရာက မလောင်ငှတော့ဘူး။ သူတို့ဟာ သူတို့ တတ်နိုင်သလောက် ရုန်းကန် ချက်ပြုတ်စားသောက်နေကြရတယ်။ စစ်ရှောင်နေရတာက ရက်ပေါင်း ၄၀ ရှိနေပြီလေ။” လို့ People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။
Read More

တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ ခဲယမ်းအချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း ၃ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဖြူးမြို့နယ်မှာ ငလျင်ကြောင့် ပျက်စီးသွားတဲ့ လမ်းတံတားနှင့် နေအိမ်များ ပြုပြင်ဖို့ ငွေကြေးထောက်ပံ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ထဲက ငလျင်ဘေးသင့်ခဲ့တဲ့‌ ကျေးရွာတွေမှာ လမ်း၊ တံတားနဲ့ ပျက်စီးခဲ့တဲ့ နေအိမ်တွေ ပြုပြင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့နဲ့ ဖြူးမြို့နယ်လူသားစာနာတာဝန်ခံတို့က ဧပြီလ ၆ ရက်မှာ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG က ငလျင်ဒဏ်သင့် စိုးမိုးနယ်မြေများတွင် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေ၊ ငလျင်ဒဏ်သင့်ဒေသများကို နိုင်ငံတကာ ကူညီပေးဖို့ တောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုင်ငံတဝန်း အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုနဲ့ ပတ်သက်ပြီး အရေးပေါ်ကြေညာချက်တစ်ရပ် ထုတ်ပြန် လိုက်ပါတယ်။
Read More

စဉ့်ကူးမြို့နယ်မှာ ပြင်းထန်ငလျင်ကြောင့် လူ ၃၄ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်မှာ မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်‌ကြောင့် လူ (၃၄) ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပြည်သူ ပိုင် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား (၁) ယောက် သေဆုံးခဲ့ပြီး (၄) ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်တို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ဗုံးကြဲခြင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူပိုင် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား (၁) ယောက် သေဆုံးကာ (၄) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU က ထုတ်ပြန်ထားပါတယ်။